မင်္ဂလာပါမိတ်ဆွေတတ်သလောက်လေးဖန်တီးမိသောကျတော့်အိမ်လေးသို့ လာလည်ပေးတာကျေးဇူးအထူးတင်ပါတယ်။နောင်လည်းလမ်းကြုံရင်ဝင်လာလည်ပါဦးနော်။

Tuesday 27 November 2012

”ကဝေပျိုသူသိစေဖို့ ”

”ကဝေပျို.....
                သူသိစေဖို့ ``
**************************
*******************
*************
********
အဆိပ်တက်ညတွေအောက်
ခုတုံးဖြစ်ခဲ့တဲ့အချစ်တွေက
နှလုံးသားတစ်စုံလုံးကိုကျွမ်းလောင်စေတယ်။

ခံတွင်းပျက်ကြောင်တစ်ကောင်ကြောင့်
အူလည်လည်လူတစ်ယောက်ဟာ
အတောင်ပံကျိုးဇရက်တစ်ကောင်ဖြစ်ခဲ့ရတယ်။

ဝိရိယအားနဲ့ ထူစိုက်ခဲ့ပေမဲ့
အရိပ်မပေးတဲ့အပြင်
ဒီအပင်ရဲ့အဆိပ်သီးတွေက
အနာဂတ်ဘ၀တစ်ခုလုံးကို
ထပ်တလဲလဲသေစေခဲ့ပြန်တယ်။

ဥပေက္ခာလှည့်စားမှု့ တွေအောက်
ယောင်ဝါးဝါးကျန်ရစ်ရင်း
နှလုံးသားသေနေတဲ့လူတစ်ယောက်
အလွမ်းရာသီတွေ
နွယ်လိုသာထပ်ကာထပ်ကာတက်နေခဲ့တယ်။

ကဲ........နတ်မိမယ်ကဝေမလေးရေ...
မင်းပြုစားလိုက်တဲ့ကျားတစ်ကောင်တော့
မာယာပိုက်ကွန်ထောင်ခြောက်တစ်ခုအလည်မှာ
စုန်းစုန်းမြုပ်နစ်ကျန်ရစ်
အသက်ခန္ဓာတောင်စတေးဖို့ ဖြစ်တည်ရင်း
နေ့ ရက်ဆက်မျှော်လင့်နေကြောင်းကိုလေ
စာသားမညီကဗျာတစ်ပုဒ်တော့ထုဆစ်လိုက်ပါရစေ
အသင်သိလျှင်ကျေနပ်ပါတော့။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။
။။။။။။။။။။။။။။။။။
။။။။။။။။။။။
။။။။။
အားလုံးကိုအစဉ်ခင်မင်လေးစားလျှက်
yarzawinlinlin 

Sunday 28 October 2012

နိုင်ငံ ၃၀ ကို gtalk ကနေ အခမဲ့ အကန့်အသတ်မရှိ ဆက်သွယ်နိုင်တဲ့ နည်းလမ်းလေးပါ...

ဒီနည်းလေးကတော့ဘလော့ဆိုဒ်တစ်ခုမှကူးယူပြီးမိမိအတွက်
အိမ်လည်လာတဲ့သူငယ်ချင်းတွေအဆင်ပြေစေဖို့ ကူးယူထားတာပါ။။။။။။။။။။။။။။။။။။။အသေးစိတ် သိလိုသေးရင်တော့ www.talkster.com ကို သွားရောက် ဖတ်ရှုနိုင်ပါတယ်။
နိုင်ငံ ၃၀ ကို gtalk ကနေ အခမဲ့ အကန့်အသတ်မရှိ ဆက်သွယ်နိုင်တဲ့ နည်းလမ်းလေးပါ...
အသုံးပြုနည်းကတော့ ....

1. Google Talk ကိုဖွင့်ပါ။

2. ကိုယ်ဆက်ချင်တဲ့ ဖုန်းနံပါတ်ကို ပုံမှန် gtalk address တွေကို Add သလိုပဲ add လုပ်ပါ။

3. အဲလိုရိုက်တဲ့နေရာမှာ နိုင်ငံကုဒ်၊ ဒေသကုဒ်တွေကို ပါထည့်ပေးရပါမယ်။ gmail.com နေရာမှာ talkster.gtalk2voip.com ကို ပြင်ဆင်ရိုက်ထည့်ပေးပါ။

(phonenumber@talkster.gtalk2voip.com)
ဥပမာ: for UK, use 442071234567@talkster.gtalk2voip.com or for USA , use 12125551212@talkster.gtalk2voip.com

4.Talkster မှ ပေးပို့တဲ့ confirmation ကို instructions တွေနဲ့ အတူ မြင်ရပါလိမ့်မယ်။ တဘက်မှ သင်ဆက်သွယ်ချင်တဲ့သူသုံးဖို့ local Talkster number တစ်ခုကို ရရှိလာမှာ ဖြစ်ပါတယ်။ သူ့အနေနဲ့ အဲဒီနံပါတ်ကို ဖုန်းပြန်ခေါ်ဆိုရမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ မရှင်းတဲ့ သူတော်တော်များများရှိလို့ ထပ်ပြောပြပါမယ်။ အဲဒီ နံပါတ်က ကိုယ့် ဂျီတော့အိုင်ဒီကို အဲဒီသူက အဲဒီနိုင်ငံကနေ ဖုန်းပြန်ခေါ်လို့ ရအောင် စီစဉ်ထားတာပါ။ Call back system သုံးဘူးတဲ့သူဆို သိပါတယ်။


ကိုယ်က ဒီကနေ ခေါ်လိုက်တာနဲ့ သူ့ဖုန်းမှာ အဲဒီ နံပါတ်ပေါ်ပါတယ်။
ဆယ်စက္ကန့်ပြီးလို့ ကျသွားတာနဲ့ သူက အဲဒီ နံပါတ်ကို ပြန်ခေါ်လိုက်ရုံပါပဲ။
လွယ်ပါတယ်။ တကယ်လို့ သူ့ဖုန်းမှာ နံပါတ်မပေါ်ရင် ကိုယ်က တနည်းနည်းနဲ့ ပို့ပေးပေါ့ဗျာ။ ဂျီမေးလ် ကိုတော့ အမြဲ အွန်ထားဖို့ လိုပါမယ်။

5. တကယ်လို့ mobile phone ကိုဆက်တာဖြစ်ခဲ့မယ်ဆိုရင်, သူ့အနေနဲ့ SMS ကတစ်ဆင့် သင့်ကိုပြန်လည်ဆက်သွယ်ရန် Talkster call-in number တစ်ခုကိုရရှိမှာဖြစ်ပါတယ်။ မရသေးဘူးဆိုရင် Talkster number ကို IM ဒါမှမဟုတ် email နဲ့ပေးပို့နိုင်ပါတယ်။ Make calls from your Google Talk


1. Google Talk Contact List က ကိုယ်ဆက်ချင်တဲ့ နံပါတ်ကို select လုပ်ပါ

2. Call button ကို Click လုပ်ပြီး စတင်ခေါ်ဆိုပါ။

3. Talkster က သင်ဆက်သွယ်လိုတဲ့ နံပါတ်ကို gtalk ကတဆင့် ဆက်သွယ်ပေးပါလိမ့်မယ်။

4. တကယ်လို့ တဘက်လူက ဖုန်းကိုင်ခဲ့မယ်ဆိုရင် သူစကားပြောဖို့ အားရဲ့လား ဆိုတာကို စစ်ဆေးဖို့ 10 secondsအချိန်ရမှာဖြစ်ပါတယ်။ သူ့ကို ဖုန်းချပြီး သင့်အတွက် ရထားတဲ့ Talkster local phone number ကို ပြန်ခေါ်ခိုင်းပါ။

5. သူပြန်ခေါ်တာကို စောင့်စားနေပါ။ (တကယ်လို့ သူပြန်ခေါ်ရမယ့် သင့်နံပါတ်ကို မသိသေးဘူးဆိုရင် တစ်နည်းနည်းနဲ့ ဆက်သွယ်ပေးပို့ပါ)

6. သူပြန်ခေါ်တဲ့ အချိန်ကစပြီး သင့်အနေနဲ့ ကြိုက်သလောက် စကားပြောဆိုလို့ ရပြီဖြစ်ပါတယ်။

7. ပြီးသွားရင် ဖုန်းချလိုက်ရုံပဲပေါ့။

8. တဘက်လူကို အဲဒီ Talkster call-in number လေးကို သိမ်းထားဖို့ သတိပေးပါ။ သူက သင့် Google Talk ကို ဖုန်းနဲ့ခေါ်ဆိုလိုတိုင်း အဲဒီ နံပါတ်ကို အသုံးပြု ဆက်သွယ်နိုင်ပါပြီ။

no catches, no limits, and no conditions! လို့ သူတို့က ဆိုထားပါကြောင်း။စိတ်မကောင်းစွာဖြင့် ဒီlist ထဲမှာ စင်ကာပူနှင့် မြန်မာနိုင်ငံပါမလာပါဘူး ...

ဆက်သွယ်လို့ ရတဲ့ နိုင်ငံ ၃၀ ဖော်ပြပေးလိုက်ပါတယ်။

Country name Country code Dialing code
Argentina AR +54
Australia AU +61
Austria AT +43
Belgium BE +32
Canada CA +1
Chile CL +56
China CN +86
Czech Republic CZ +420
Denmark DK +45
El Salvador SV +503
Finland FI +358
France FR +33
Germany DE +49
Hong Kong HK +852
Hungary HU +36
Ireland IE +353
Israel IL +972
Italy IT +39
Latvia LV +371
Lithuania LT +370
Luxembourg LU +352
Mexico MX +52
Netherlands NL +31
Norway NO +47
Peru PE +51
Poland PL +48
Romania RO +40
Slovakia SK +421
Slovenia SI +386
Spain ES +34
Sweden SE +46
Switzerland CH +41
United Kingdom GB +44
United States US +1
Helpful Hints
ဒီ service လေးကို သုံးဖို့ တဘက်လူမှ Caller ID ကိုဖွင့်ထားပေးဖို့လိုပါမယ်။ ဒီနည်းလမ်းနဲ့ တဘက်ကလူကို အဲဒီ service မှ မှတ်မိသိရှိပြီး ဆက်သွယ်ပေးနေတာ ဖြစ်လို့ပါပဲ။ login တွေ password တွေမလိုတဲ့ လွယ်ကူစွာ ဆက်သွယ်နိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါရစေ။

Tuesday 9 October 2012

*Samsung Galaxyဖုန်းများသို့ ဆောဝဲလ်မလိုပဲမြန်မာဖောင့်ထည့်နည်း

ဒီနည်းလေးကတော့ကျတော့်ကိုလည်းသူငယ်ချင်တစ်ယောက်ကထည့်ပြသွားလို့ 
လေ့လာထားမိခဲ့တာပါ။
ကျတော်စမ်းသပ်ကြည့်တာလည်းအဆင်ပြေတာမို့ 

                                                                                      Samsungအသုံးပြုနေတဲ့

သူငယ်ချင်းတွေ(မသိသေးတဲ့သူတွေ)အတွက်အဆင်ပြေ
နိုင်စေဖို့ သူပို့ ထားတဲ့မေးကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။
ဘာဆော့ဝဲလ်မှမလိုတဲ့အတွက်စိတ်ရှည်ရှည်ထားပြီးကလိလိုက်ကြပါဦးနော်။
-Samsung ဖုန်းရဲ့ setting ကိုဝင်ပြီး Display ကနေ Screen display ရှိမရှိ၊ ပါမပါ အရင်စစ်ပါ.. (Screen display မပါရင် မြန်မာဖေါင့် သွင်းလို့ မရနိုင်ပါ..)
-ပါရင် market ကိုဝင်ပြီး.. Fontomizer SP(Font for Galaxy) ကို ဒေါင်းလော့သွင်းပါ..။ (gmail အကောင့် အရင်ဖွင့်ပါ)
-Fontomizer SP(Font for Galaxy) ရဲ့ အိုင်ကွန်ကို ဖွင့်ပါ..။ F သင်္ကေတ ပါတဲ့ အမဲဝိုင်းပုံကို နှိပ်ပါ..။
-Z အထိသွားပါ.. Zawgyi-one စာသားကို နှိပ်၍ ဒေါင်းလော့ လုပ်ပါ..။
-ဒေါင်းလော့လုပ်ရင် Internet ပုံပေါ်လာရင် ဆက်နှိပ်ပါ.. ဒေါင်းလော့ ဝင်လာပါပြီ..
-ရောက်လာတဲ့ ဒေါင်းလော့ဖိုင်ကို ဖုန်းအတွင်းရှိ ဒေါင်းလော့ အိုင်ကွန် တွင်ဖွင့်၍ ရှာပါ..။
-တွေ့လျှင် Install လုပ်ရန်အတွက် Setting ကိုသွားပြီး Applications ကိုဖွင့်ပါ..။ ပြီးလျှင် Unknown  Sources ကို အမှန်ခြစ်ပေးပါ..။
-ဖုန်းမှာပါတဲ့ ဒေါင်းလော့နေရာကို သွားပြီး Zawgyi-one ကိုရွေးပြီး.. OK >> Install အဆင့်ဆင့် နှိပ်သွားလိုက်ပါ..။
-Install လုပ်ပြီးပါက Setting >> Display >> Screen Display >> Font Style >> Zawgyi-One ကိုရွေးပါ..
-ဖုန်းကို Restart (ပိတ်ပြီးပြန်ဖွင့်) ပေးလိုက်ပါ..။ ဒါဆိုရင် မြန်မာစာမြင်ရပါပြီ.. ရေးလို့မရသေးပါ.. မြန်မာစာရေးရရန် မြန်မာ ကီးဘုတ်ကို Market တွင်သွား၍ ဒေါင်းလော့လုပ်ပါ..
-Market တွင်မြန်မာကီးဘုတ်ရှာရန် အတွက် iTextmm2 Keyboad ကိုနှိပ်ပြီး ဒေါင်းလော့လုပ်ယူပါ..။
-Setting ကိုပြန်သွားပါ.. A ပုံပါတဲ့ Locale & text ကိုဖွင့်၍ အောက်ဆုံးသို့ သွားပါ.. iTextmm2 Keyboad ကို အမှန်ခြစ်ပေးပါ..။
-၎င်းအပေါ်မှ Select Input Method ဖွင့်၍ iTextmm2 Keyboad ကို အမှန်ထပ်ခြစ်ပေးပါ..။
-ဒီအဆင့်အားလုံးပြီးရင်တော့ မြန်မာစာကို ရိုက်လို့ရသွားပါပြီ..
  လက်ရှိအသုံးပြုနေတဲ့ ကီးဘုတ်ကို မနှစ်သက်၍ တခြားကီးဘုတ် ပြောင်းသုံးချင်ရင် စာရိုက်မည့် မည်သည့်နေရာတွင်မဆို ၃၊၄ စက္ကန့်မျှ ဖိထားသောအခါ
   Edit text နဲ့ Input method စာနှစ်ခုပေါ်လာရင် Input method ကိုနှိပ်ပါ..။ ထိုအခါ ပေါ်လာသော စာကြောင်းတွေထဲမှ မိမိတို့ ကြိုက်နှစ်သက်ရာ
   ကီးဘုတ်ကို လွယ်ကူစွာ ရွေးချယ်အသုံးပြုနိုင်ပါသည်..
                             လိုအပ်သူတွေအားလုံးအဆင်ပြေနိုင်ကြပါစေဗျာ။
                                  အားလုံးကိုအစဉ်ခင်မင်လေးစားလျှက်
                                                                           ☂♥♀ဂူဂျွန်ကောင်လေး☂♥♀

Monday 1 October 2012

^^ကျွန်တော်ကယ်တင်ခဲ့ရသောကောင်းကင်မှသူငယ်ချင်းတစ်ချိုအကြောင်း^^့ 

အဲ့ဒီနေ့ ကပေါ့။
   ဟုတ်တယ်...အဲံဒီနေ့ ၊ဘယ်နေ့ လည်းတော့မသိဘူး။
တစ်နေ့ နေ့ ပေါ့။ကျတော်အဲ့ဒီနေ့ ကစောစောအိပ်ပျော်သွားခဲ့တယ်။
အမှတ်မထင်ပါပဲ။ရုတ်တရက်မကြာခင်မှာပဲ...
”ဒေါက်------ဒေါက်--------ဒေါက်”
အခန်းတံခါးခေါက်သံကြောင့်အိပ်ချင်မူးတူးနဲ့ ကျတော်ဘယ်သူလည်းမသိ
ဆိုတဲ့အတွေးနဲ့ လေတံခါးကိုဖွင့်ကြည့်လိုက်မိတယ်.....
ကျတော်တွေ့ လိုက်ရတာကတော့ခေါင်းမှာလည်းအချွန်အတက်တွေနဲ့ 
အရပ်ခပ်မြင့်မြင့်ဝတုတ်တုတ်ရုပ်ဆိုးဆိုးနဲ့ လူကြီး
လက်ထဲမှာလည်းခရင်းခွအချွန်ကြီးတွေကိုင်လို့ ---------------
သူကကျတော့်ကိုစနှုတ်ဆက်တယ်။
”ဟိုင်းကောင်းလေး”သူနှုတ်တော့လည်း
”ဟုတ်...ဒါနဲ့ ခင်ဗျားကဘယ်သူလည်း”ဆိုတော့
ငရဲပြည်ကလာတဲ့ငရဲမင်းတဲ့
” ငရဲမင်း.....
ဟုတ်ပါပြီငရဲမင်းကြီးကဘာကိစ္စရှိလို့ ကျတော့်ဆီ
ရောက်လာတာလည်း”
”မင်းကိုငါငရဲပြည်ခေါ်သွားမလို့ ”
”ဗျာ”
ဒီလိုစကားလည်းကြားရော။ကျတော့်စိတ်မှာကြောက်ရွံ့ ပြီး
အမွှေးအမျှင်တွေတောင်ထောင်သွားတယ်။
(ဆံပင်မွှေးတွေနော်ေိခိကျန်တာတွေးနဲ့ )
ဒါပေမဲ့သူနောက်ထပ်ပြောတဲ့စကားက
”မကြောက်ပါနဲ့ ကောင်လေးရယ်
ငါမင်းကိုအကူအညီလာတောင်းတာပါတယ်တဲ့”
ဟောကြည့်ဘယ်လိုကြီးပါလိမ့်ပေါ့။
ငရဲမင်းဖြစ်ပြီးဘာအကူအညီတောင်းရတယ်လို့ 
”ဟုတ်ပါပြီဘာအတွက်လည်းပြောစမ်းပါဦး....ငရဲမင်းကြီးရယ်”
”ဒီလိုကောင်လေးရဲ့ခုငရဲပြည်မှာမကျွတ်လွတ်နိုင်သေးတဲ့
မင်းသူငယ်ချင်းတွေရောက်နေတယ်
သူတို့ ရဲ့အခြေအနေကမင်းကူညီမှာဖြစ်မှာမို့ ပါ”
”ဗျာ-------------”
စဉ်းတော့စဉ်းစားစရာပဲ။
ဒါပေမဲ့ကျတော့်သူငယ်ချင်းတွေငရဲခံနေရပါလားဆိုတဲ့
အတွေးကြောင့်ဘယ်သူတွေပါလည်းလို့ အရမ်းသိချင်လာတယ်။
”အင်း..ဟုတ်ပြီလေဒါဆိုလည်း
ကျတော်ဘယ်သူတွေလည်းဆိုတာလိုက်ကြည့်ရင်း
ကူညီပေးပါ့မယ်ဗျာ”
”အေးဒါဆိုသွားကြစို့ “
သူပြောပြောဆိုဆိုကျတော့်လက်ကိုဆွဲပြီးခေါ်သွားလိုက်တာ
လေဟာနယ်တွေ၊သမုဒ္ဒရာတွေ၊ဘယ်လိုဖြတ်လို့ ဖြတ်လိုက်မှန်းတောင်
မသိလိုက်ဘူးခဏအကြာမှာ
---welcome to ငရဲပြည်---
ဆိုတဲ့စာတန်းကြီးကိုတွေ့ လိုက်ရပါလေရော။
အာ.....
---welcome to the hell---
ဖြစ်ရမှာဘယ်လိုဖြစ်ပြီး
 ---welcome to ငရဲပြည်---
ဖြစ်နေတာပါလိမ့်ငရဲမင်းကြီးကိုမေးကြည့်မှပဲ
ရှင်းတော့တယ်ဗျာ။
”ဒီလိုကောင်လေးရဲ့ခုခေတ်မင်းတို့ မြန်မာပြည်က
အင်္ဂလိပ်နဲ့ ရောပေါင်းများလို့ ငရဲပြည်ကလည်းဒီလိုဖြစ်နေရတာ”တဲ့
ရှင်းတာမှရှင်းရှင်း
ရှင်းရှင်းနဲ့ တောင်နေသေးတယ်ဗျာ။
ဒီတော့ကျတော်လည်းဟိုကြည့်ဒီကြည့်နဲ့ ပေါ့
မီးတောက်မီးလျှံတွေ၊ရေရေနွေးကျွက်ကျွက်ဆူတွေနဲ့ 
ငရဲခံနေရတဲ့ငရဲသားတွေကိုငေးနေတုန်းမှာ
(”ကောင်းလေးရေး.....ကောင်လေး...
ငါတို့ ကိုကယ်ပါဦး  @@@@@@@@@@@@)
ခပ်သဲ့သဲ့အသံတွေကြားလို့ လှမ်းကြည့်မိလိုက်ချိန်မှာ
အရင်ဆုံးကျတော်စတွေ့ လိုက်ရတာကတော့
ကျတော့်ရဲ့ချစ်ကိုကြီး
”ကိုမိုး”
သူ့ ရဲ့နောက်မှာ
”ကြွက်ဖြူလေး”
သူ့ ဘေးနားကြည့်မိပြန်တော့
”အဆွေးလူ၊တိုးတိုး၊နွယ်လေး၊နဲ့ ဂျမ်းလေး”
တို့ ပါးစပ်ပြဲကြီးတွေနဲ့ အော်နေရှာတယ်။
သြော်သူတို့ သူတို့ တွေမီးတောက်မီးပူတွေ၊ရေနွေးပူကြီးတွေထဲမှာ
ငရဲသားတွေကလည်းလှံအချွန်ကြီးတွေနဲ့ ထိုးလိုက်လို့ ဗျာ။
မျက်နှာတွေ၊ခန္ဒာတွေမှာလည်းရစရာမရှိအောင်
ဒဏ်ရာဒဏ်ချက်တွေနဲ့ မြင်မကောင်းစရာပဲဗျာ။
ဒါနဲ့ သူတို့ ဘယ်လိုဖြစ်ပြီးငရဲခံနေရတာလည်းဆိုတာသိချင်စိတ်နဲ့ 
ငရဲမင်းကြီးဆီအပြေးအလွှားသွားမေးရတော့တာပေါ့။
”ဗျိုး.ငရဲမင်းကြီးကျတော့်သူငယ်ချင်းတွေကဘာလို့ ဒီလို
ငရဲခံနေရတာလည်းဗျာ”
”ဒီလိုပါကောင်လေးရဲ့သူတို့ လူ့ ပြည်မှာရှိစဉ်က
မင်းဆီကအကြွေးတွေယူပြီးပြန်မဆပ်ခဲ့ကြဘူးလေ
ဒီတော့သေတဲ့ခါမှာဒီလိုငရဲမှာလာပြီးဝဍ္ဍ်ခံနေရတာပေါ့”တဲ့
အော်စိတ်မကောင်းစရာပဲဗျာ။
တကယ်ပါကို့  အသိမျတ်ဆွေတွေဒီလိုခံနေရတာမြင်ရတော့
အတော်လေးလည်းသနားသွားမိတယ်။
တတ်နိုင်သေလောက်လည်းကူညီပေးဖို့ ကြိုးစားမိတော့တာပေါ့။
”ဒါဆိုငရဲမင်းကြီးရယ်သူတို့ တွေဒီလိုငရဲကနေလွတ်အောင်
ကျတော်ဘာများကူညီပေးရမလည်းဟင်”ဆိုတော့ငရဲမင်းကြီးက
”ဒီလိုကောင်လေးမင်းသူတို့ အပေါ်နားကနေသွားပြီး
မင်းဆီကသူတို့ ယူထားတဲ့အကြွေးတွေကြေအေးပေးပါတယ်လို့ 
သူတို့ ကြားအောင်အော်ပေးလိုက်ပါ
သူတို့ ထဲကမင်းအော်သံကိုကြားတဲ့လူ
ဒီငရဲကနေလွတ်သွားကြပါလိမ့်မယ်။
အသံမကြားတဲ့လူကတော့ငရဲမှာပဲဆက်ခံရတော့မှာပေါ”တဲ့။
ဒီလိုပြောတော့နဂိုတည်းသနားနေတဲ့ကျတော်
ငရဲခံနေရတဲ့သူငယ်ချင်းတွေနားအပြေးအလွှားသွားပြီး
”ကဲ------ကိုမိုး၊အဆွေးလူ
ကြွက်ဖြူလေး၊တိုးတိုး၊နွယ်လေး၊ဂျမ်းလေးတို့ ရေး
ကျတော့်ဆီကသူငယ်ချင်းတို့ တွေယူထားတဲ့အကြွေးတွေကို
ဒီနေ့ ၊ဒီချိန်ကနေစပြီးကျေအေးပေးလိုက်ပါတယ်
အားလုံးကျတော်အော်သံကိုကြားနိုင်ကြပါစေ”““””””””””””””””””””””””””””””””””””””
အဲဒီလိုအကျယ်ကြီးဆယ်ခါလောက်အော်ပြောပေးလိုက်ပါတယ်။
ကြားတဲ့လူကတော့ငရဲကနေလွတ်ကြ၊ကျွတ်ကြပေါ့ဗျာ။
ခုချိန်ထိမကြားသေးဘူးဆိုရင်တော့ကျတော်လည်မတတ်နိုင်တော့ဘူး။
ငရဲမှာပဲ ဆက်ခံပေတော့ပေါ့နော့။
(ဒီပို့ စ်ကိုဖတ်ပြီးကြားမကြားအကြောင်းပြန်ဦးနော်
မကြားရင်တော့ကိုယ့်ထိုက်နဲ့ ကို့ ကံပေါ့နော့ဟဲဟဲ)
တစ်လက်စတည်းကောင်းကင်မှအခြားသူငယ်ချင်းတွေလည်းသိအောင်
သူတို့ တွေကျတော့်ဆီကအကြွေးဘယ်လောက်ဆီယူထားလည်းဆိုတာ
 စာရင်းလေးကြည့်လိုက်ပါဦးဗျာ။
ကိုမိုး။.>      မာမီမိုအ၆သင်တန်းဖွင်မည်ဆိုကာ
                  ကောင်လေးဆီမှချေးငွေ                            =၉၀ပြား
ကြွက်ဖြူလေး>ကောင်လေးဆိုင်နှင့်အနီးရှိ
                  ကုန်တိုက်တစ်ခုတွင်အစားပုပ်သော
                  ကြွက်ဖြူငွေရှင်းရန်ပိုက်ဆံ မလောက်ဟု         =၉၅ပြား
                  ဆိုကာကောင်လေးဆီမှချေးငွေ        
အဆွေးလူ>ငှက်ကြီးတောင်ဓားဝယ်ချင်၍ဆိုကာ
               ကောင်လေးဆီမှချေးငွေ                                =၉၃ပြား
တိုးတိုး >  သူ ၏ကျားလိုလို၊မလိုလိုနာမည်နှင့်
             မျက်နှာအားတစ်လိုင်းတည်းဖြစ်ချင်၍                  =၉၅ပြား
            မာမီမိုးဆိုင်တွင်ပြင်ဆင်ရန် ကောင်လေးဆီမှချေးငွေ   
နွယ်လေး >ဖေ့ဘွတ်တွင်ကဲရတာအားမရလွန်းလို့ 
              ဖေ့ဘွတ်ဆိုဒ်တစ်ခုလုံးအားဝယ်ပစ်ချင်၍             =၉၄ပြား
              အကြောင်းပြကာကောင်လေးဆီမှချေးငွေ     
ဂျမ်းလေး >သူကတော့သူ့ ရဲ့ချစ်သူကိုးရီးယားမင်းသား
              လေးကဲ့သို့ ချောမောလှပတည်တံ့ခန့် ငြားသော    =၉၆ပြား
             သူ့ အသဲလေးအားခိုးယူပေါင်းသင်းချင်၍
             ဆိုကာကောင်လေးဆီမှချေးငွေ                   
             -----------------------------------------------------------------တို့ ဖြစ်ပါတယ်။
(ဟိဟိသေချာတွေးကြည့်တော့အားလုံးကကျပ်မပြည့်ကြပါဘူးဗျာ)ခိေိ။

ဒီလိုပြောနေစဉ်မှာပဲ
##မိုးလင်းပြီချစ်သူရေထတော့##
##မိုးလင်းပြီချစ်သူရေထတော့ ##
အဲ့ဒီလိုအသံနှင့်
ဖုန်းမှalarmမြည်လာတာနဲ့ 
အိပ်မက်မှကျတော်လည်းလန့် နိုးသွားပါတော့တယ်ဗျာ။
  +++++++++++++++++အားလုံးသောသူငယ်ချင်းတွေကို+++++++++++++++++
  +++++++++++++++++ပြုံးပျော်စေချင်သောဆန္ဒများစွာနှင့်+++++++++++++++++
                                            +++++++++++++++++
                                                    ++++++++++
                                                         yarzawin
                                                            linlin
                                                             ++
                                                              +





 



Friday 28 September 2012

**စည်းကမ်း**


**စည်းကမ်း**
တိုးတက်မှု့ တွေရဲ့လမ်းစ
တန်ဖိုးဖြတ်ရာစကားလုံး
ဘယ်သူသုံးသုံး
အသုံးတည့်ပါစေ။
********
ဂုဏ်ပကာသန
လူ့ ထက်တန်းလွှာ
ဂုဏ်ကာရံမဲ့တွေကအစ
ခါးဝတ်သဖွယ်ရှိသင့်တဲ့အရာ။
********
ယဉ်ကျေးမှု့ တွေ
ဂုဏ်သိက္ခာတွေ
သူထိန်းချုပ်တယ်။
အညတြတို့ ရဲ့ 
တက်လမ်းကိုလည်း
သူကူညီဖေးမတယ်။
ပြီးပြည့်စုံသူတို့ တွက်
ရေရှည်ဖြစ်တည်ဖို့ ကိုလည်း
သူခရာဖြစ်တာဝန်ယူတယ်။
*******
လုပ်ရပ်တွေကိုလည်းပြသတယ်
စိတ်ထားတွေကိုလည်းမှန်းဆနိုင်တယ်
 လမ်းစတွေကိုလည်းပွင့်ဟစေတယ်
*******
သူက......
ဘ၀ကိုသပ်ရပ်စေတယ်။
သူက......
မြို့ ရွာကိုတိုးတက်စေတယ်။
သူက.....
လောကကိုအလှဆင်တယ်။
သေချာတာတော့
စည်းကမ်းဟာ
လူ့ တန်ဖိုးပဲ။
***************************
**********************
***********
****
**
*