မင်္ဂလာပါမိတ်ဆွေတတ်သလောက်လေးဖန်တီးမိသောကျတော့်အိမ်လေးသို့ လာလည်ပေးတာကျေးဇူးအထူးတင်ပါတယ်။နောင်လည်းလမ်းကြုံရင်ဝင်လာလည်ပါဦးနော်။

Tuesday 10 July 2012



ချစ်သူ့ ရင်သို့ ထိပါစေသား..

               
တဒင်္ဂခဏ
မြင်ရရုံမျှနဲ့ 
မျက်ဝန်းနက်နက်တွေရဲ့
အကြည့်အောက်မှာ
ယက်ကန်ယက်ကန်နဲ့ 
ပက်လက်လန်မျောခဲ့ပါပြီ....ကောင်မလေးရေ။
အပြုံးလေးတစ်ချက်
လွင့်ခနဲပေးသနားခိုက်မှာ
နှလုံးသားတစ်စုံ
ရင်တစ်အုံလုံး
မင်းခြေတော်ရင်းမှာ
ဝပ်ဆင်းမြေခ
ကြွေကျခဲ့ရပါပြီ။
အပြောချိုချိုလေးတွေရဲ့
စွဲဆောင်မှု့ အောက်မှာ
ရင်ခုန်နှုန်းတွေ
စုံးစုံးမြုပ်
ငါနေ့ ရက်တိုင်းမျှော်လင့်တတ်ခဲ့ပါပြီ။
နှလုံးအိမ်တည့်တည့်ဆီ
ဆိုက်ဆိုက်မြိုက်မြိုက်
ထိုးကျလာတဲ့
ခံစားမှု့ လေးတွေကြောင့်
အချစ်ဆိုတဲ့သင်္ကေတတစ်ခုကို
စတင်ခံစားတတ်ခဲ့ပါပြီ။
ဝေးကွာခြင်းမိုင်တိုင်တွေရဲ့အောက်မှာ
ခရီးရောက်အောင်ဖောက်ခဲ့ပေမဲ့
ငါလိုလူရွှင်တော်တစ်ယောက်ရဲ့အချစ်က
ခရီးမပေါက်ခဲ့တာတော့
ရင်နာစရာပါပဲ။
ကပေါက်တိကပေါက်ချာ
ပျော်စရာတွေသာ
ထွက်ကျလာတတ်လွန်းသူမို့ 
စွဲလန်းမှု့ သင်္ကေတအတွက်
ချပြစရာအမှန်တရားတွေက
ဟာသဆိုတဲ့ခေါင်းစဉ်အောက်မှာ
မှောက်ယက်(လျှက်)လဲ
ပျောက်ကွယ်သွားရတော့မှာလား
                                       ကောင်မလေးရယ်။
ကွန်ယက်သဖွယ်
ငြိတွယ်နေတဲ့ငါ့သံယောဇဉ်ကို
မှတ်ကျောက်တင်ခွင့်
မရှိတော့ဘူးလား။
တိတ်တခိုးနဲ့ အဆုံးသတ်
အားငယ်စိုးထိတ်စွာပဲ
ရင်မောရတော့မှာလား..ချစ်သူရယ်။
ဒီလိုနဲ့ ပဲ...
နေ့ တွေညတွေသာ
အလီလီပြောင်းခဲ့တယ်..
ဒီလိုနဲ့ ပဲ..
မပွင့်တပွင့်
ရင်ခုန်သံစကားဝိုင်းလေးတွေနဲ့ ပဲ
အဆုံးသတ်ခဲ့ရတယ်....
ဒီလိုနဲ့ ပဲ..
ယစ်မူးရူးသွပ်
စိတ်ခံစားမှု့ လေးတွေက
လေထဲမှာတင်
အလဲလဲအကွဲကွဲပြိုလဲခဲ့ရတယ်။
ငါတစ်ယောက်တည်း
မက်မပြေတဲ့
အိမ်မက်လေးတွေနဲ့ 
တွေးမကုန်နိုင်တဲ့
မျှော်လင့်ခြင်းလေးတွေနဲ့ 
ရေညှိရေးရေးလေး
ဖြတ်လျှောက်ပြေးနေတဲ့ဆန္ဒလေးတွေနဲ့ 
ချစ်မိနေသူနှလုံးအိမ်တည့်တည့်ဆီ
ထိုးမဖောက်နိုင်သေးတဲ့
စေတနာတစ်ချို့ တစ်ဝက်
စကားတစ်ဝက်တစ်ပျက်နဲ့ 
နေ့ စဉ်ရက်ဆက်
ဒီခံစားချက်လေးတွေအတွက်
ရဲတင်းကာအံကျ
ထုတ်ပြခဲ့တဲ့ဒီစာသားလေးတို့ သည်
အချစ်စစ်တွေမျှားဦးစွန်းမှာထည့်
ချစ်မိနေသူ
နှလုံးအိမ်တည့်တည့်ဆီထိပါစေသား.....။
အားလုံးကို
အစဉ်ခင်မင်လေးစားလျှက်

                                    ☂☂☂♥♥♀ဂူဂျွန်ကောင်လေး☂☂☂♥♥