မင်္ဂလာပါမိတ်ဆွေတတ်သလောက်လေးဖန်တီးမိသောကျတော့်အိမ်လေးသို့ လာလည်ပေးတာကျေးဇူးအထူးတင်ပါတယ်။နောင်လည်းလမ်းကြုံရင်ဝင်လာလည်ပါဦးနော်။

Saturday 16 March 2013

^^^လောင်စာ^^^

^^^လောင်စာ^^^
အရှုံးရဲ့ကျိန်စာတွေကို
ဝိရိယဓားသွားနဲ့ 
ပြန်ခုတ်ပိုင်းလိုက်တယ်
စူးရှရှပဲ့တင်မှု့ တွေက
ရင်ကိုလာထိုးနှက်လိုက်တာ
အားအင်တွေတောင်ကုန်ခမ်းလုနီးနီးပဲ။
^^^^^^
အပိုင်းပိုင်းခုတ်ဖြတ်ခံလိုက်ရတဲ့
အနာဂတ်တွေအတွက်
လက်ရှိရပ်တည်မှု့ က
အစွန်အဖျားမှာပါပဲ
ကံကြမ္မာဆီက
မျက်နှာသာမရတဲ့နောက်
ရသလိုသာနင်းလျှောက်ခဲ့ပေမဲ့
တည်ဆဲဘ၀ကိုတော့
ဘယ်တုန်းကမှ
အရသာဖျက်မပစ်ရက်ခဲ့ဘူး။
^^^^^
အိမ်ဝေးငှက်တစ်ကောင်ရဲ့
အလွမ်းပြခင်းတွေထဲမှာ
အသက်ရှုဖို့ တောင်
မေ့ခဲ့တဲ့နေ့ တွေ
ရင်သပ်ရှု့ မောစွာကြုံဖူးသော်ငြား
တင်းတင်းဆုပ်ထားတဲ့
အားအင်တွေနဲ့ အတူ
အဲ့ဒီဒုက္ခတရားတွေကို
တွန်းလှန်းမိနေတုန်းပဲ။
^^^^^
တကယ်တော့...
ဗလာတွေသာပွေ့ ပိုက်ခွင့်ရတဲ့ဘ၀မှာလည်း
နေတတ်သမျှတော့
ကျေနပ်စရာတွေရှိသားပါပဲ
ရမ္မက်နဲ့ အတ္တကို
လိုသလောက်လေးပြေလျှော့ရုံ
သောကရဲ့အရသာကို
ပေးဆပ်လိုခြင်းတွေနဲ့ ဖြည့်တွေးမိရုံ
ပြင်းရှရှမောဟတွေကို
သင်ခန်းစာအဖြစ်သင်ယူမိရုံနဲ့ 
 တစ်နေ့ တစ်ခြားရင့်ကျက်စပြုလာတဲ့ဘ၀မှာ
စိတ်ခွန်အားလောင်စာတွေကို
တန်ဖိုးထားအသုံးချကြည့်ဖို့ 
တမြတ်တနိုးပြုစုထားမိတယ်။
^^^^^
ခုတော့လည်းလေ
လူဆိုတဲ့
သံယောဇဉ်သိုလှောင်ရုံကြီးထဲမှာ
တဏှာအမြစ်တွေတွယ်လို့ တွယ်
ရာဂတွေသာအထပ်ထပ်စု
ငြိမ်းချမ်းမှု့ ပြတင်းတံခါးက
ခပ်ဟဟလေးတောင်
ပွင့်မလာသေးပေမဲ့....
အသင်လောကကြီးရေ...
ဘယ်တော့မှအရှိန်မသတ်မဲ့
အဲ့ဒီစိတ်ခွန်အားလောင်စာတွေနဲ့ 
ဘ၀ကိုထာဝရခရီးဆက်နေမယ်
ဒူးထောက်အညံ့ခံဖို့ တော့
တစ်မြူစာတောင်ကျွန်ုပ်မတွေးမိခဲ့ဘူး။
^^^^^^^^^^^^^^^^^^^^^^^^^^^^^^
^^^^^^^^^^^^^^^^^^^^
^^^^^^^^^^^^
^^^^^^^^^
^^^^^^
^^^
^
အားလုံးကိုအစဉ်ခင်မင်လေးစားလျှက်
yarzawinlinlin