မင်္ဂလာပါမိတ်ဆွေတတ်သလောက်လေးဖန်တီးမိသောကျတော့်အိမ်လေးသို့ လာလည်ပေးတာကျေးဇူးအထူးတင်ပါတယ်။နောင်လည်းလမ်းကြုံရင်ဝင်လာလည်ပါဦးနော်။

Sunday 12 August 2012

++ဘ၀စာမျက်နှာ++

 နက္ခတ်တွေမညီပဲ
 ဖွားမြင်ခဲ့လို့ လား..
ကံဇာတ်ဆရာရဲ့
ဥပေက္ခာပြုခြင်းကိုခံခဲ့ရလို့ 
ပဲ့တင်ရိုက်ခတ်မှု့ တွေကို
ကိုယ်တိုင်ပဲလျစ်လျူရှု့ ခဲ့မိလို့ လား.....
                                   မသိခဲ့ရပါ။
ရိုးပြတ် တောဘ၀စာမျက်နှာထက်မှာ
နွေခေါင်ခေါင်နေ့ တွေညတွေကို
ရမ္မက်ထုပ်တစ်ချို့ ကျောမှာပိုး
လောကအကြောင်းဖောက်သည်ပြန်ချ
ဘ၀ဆိုတာကိုနားလည်ဖို့ 
တအိအိနဲ့ ကျွန်တော်ဝင်တိုးခဲ့ပြီ။

    ဇာတ်တူသားမျိုဝါးချင်တဲ့
လူ့ ဘီလူးတွေရဲ့အတ္တတွေအောက်
အားတင်းကလှမ်းလျှောက်ရင်း
ဘ၀စာမျက်နှာပေပရပိုက်ဖြူဖြူထက်မှာ
သွေးရောင်တွေလည်း
စွန်းထင်းခဲ့ဖူးပြီ။
     တစ်မေ့တစ်မော
မျောမိတဲ့ပင်လယ်နက်ထဲမှာ
လွင့်ပါစီးမျောရင်း
ခပ်နာနာအလွမ်းဇာတ်တွေလည်း
ဖတ်တတ်ခဲ့ ဖူးပြီ။
   ဘယ်ကဘယ်လို
ရောက်လာမှန်းမသိတဲ့
ရန်သူတွေနဲ့ လည်း
နွားရိုင်းသတ်ပွဲသဖွယ်
စီးချင်းထိုးတတ်ခဲ့ဖူးပြီ။
   ဇောင်းလွှတ်လိုက်တဲ့
မြင်းတို့ ရဲ့ခွာသံလို
တိတ်ဆိတ်ခြင်းတွေဝါးမျိုရင်း
ကစဥ့်ကလျားနေ့ တွေညတွေကိုလည်း
မွန်းကျပ်စွာဖြတ်သန်းခဲ့ဖူးပြီ။
   ချိုမြမြအရသာတွေကို
မြိန်ယှက်စွာစားသုံးကြည့်ရင်း
အဆိပ်လူးထားတဲ့
ဓားသွားတွေပေါ်မှာလည်း
ကြိတ်မှိတ်ကာမှေးစက်ခဲ့ဖူးပြီ။
   ခပ်စို့ စို့ အလင်းလေးတွေရဲ့အောက်မှာပေါ့
မလောက်မငှရေကြည်ပေါက်လေးတွေကို
တယုတယထွေးပွေ့ နိုင်ဖို့ 
သန်းခေါင်ထက်နက်မယောင်ညဥ့်တွေကိုလည်း
စမ်းတ၀ါးဝါးနဲ့ ဝင်တိုးခဲ့ဖူးပြီ။
      ဖြစ်နိုင်ရင်လေ....
မလှပတဲ့စာသားတွေကို
ဆက်မရေးချင်တော့ဘူး
မချောမွေ့ တဲ့ဆူးခင်းတွေလည်း
ဆက်မနင်းချင်တော့ဘူး
မှိုင်းပြပြညတွေကိုလည်း
ဆက်မတိုးချင်တော့ဘူး
ထပ်လျှောက်ရမဲ့အနာဂတ်မှာတော့
ရိုးရိုးလေးကျင့်
မြင့်မြတ်စွာတွေး
မှန်ရာလေးတွေအလေးပေးရင်း
ကျန်နေသေးတဲ့ 
                   ဘ၀စာမျက်နှာကိုဆက်ရေးရဦးတော့မည်။
   အားလုံးကိုအစဉ်ခင်မင်လေးစားလျှက်
                      yarzawinlinlin