မင်္ဂလာပါမိတ်ဆွေတတ်သလောက်လေးဖန်တီးမိသောကျတော့်အိမ်လေးသို့ လာလည်ပေးတာကျေးဇူးအထူးတင်ပါတယ်။နောင်လည်းလမ်းကြုံရင်ဝင်လာလည်ပါဦးနော်။

Tuesday 14 August 2012

☂♥ရာသက်ပန်မေ☂♥

                                         ☂♥ရာသက်ပန်မေ☂♥
မေ......
လွင်သီးခေါင်ဖျားက
အလှပန်းတစ်ပွင့်ကို
မောင်.....လှမ်းမိခဲ့ပါပြီလေ။

မေ........
လေအဝှေ့ မှာ
ဝဲပျံလာတဲ့မေ့စကားသံနှင်အတူ
မောင့်နှလုံးသားဟာ
လေဟာပြင်မှာဝဲခဲ့ပါပြီမေ။

မျောခဲ့တယ်မေ
ချစ်ခြင်းပြသမုဒ္ဒရာမှာ
တသောသောနဲ့ 
အချစ်တွေစီးဆင်းရင်းပေါ့။

မောလည်းမောခဲ့တယ်မေ
ရေငွေ့ ပျံဘ၀လေးထဲမှာ
အသက်ရှင်စရာ
ခိုနားရာလေးအဖြစ်
ဆက်လက်အမြစ်တွယ်ဖို့ 
ရင်တမမနဲ့ ပေါ့။

တကယ်ပါမေ..
ညနက်တွေအိပ်ပျက်ခဲ့တယ်
နေ့ ရက်ဆက်စိုးမိုးလွန်းတယ်
အရာရာရဲ့ထိပ်ဆုံးမှာပဲ
ဦးထိပ်တင်ခဲ့မိတယ်။

နေမြင့်လေရင့်လာတဲ့ဒီစိတ်တွေကို
နှစ်သိမ့်ပေးပါမေ
အိပ်ပျက်ညတွေ
အစားထိုးကုသဖို့ 
နေ့ ရက်ဆက်အလွမ်းတွေနားခိုဖို့ 
ရင်ခွင့်တော့
မပျောက်ပါရစေနဲ့ မေ။

မပီပြင်သေးတဲ့လမ်းတစ်ဝက်မှာ
အတက်မကျိုး ပါရစေနဲ့ မေ
သဲ့သဲ့လေးကြားနေရတဲ့စကားသံမှာ
ပကတိကိုသာအသက်သွင်းပါ။
ဆက်လျှောက်ရမဲ့လမ်းတွေမှာ
နားလည်မှု့ တွေသာစားသုံးပါ။
ရည်စူးထားတဲ့စိတ်အစဉ်မှာ
ရာသက်ပန်အတွက်ဖြစ်တည်ပေးပါ။

မဝေးပါရစေနဲ့ မေ
ဒါကိုလေ
တွေးလည်းမတွေးရဲဘူး
ကျေးဇူးပြု၍....
မဆွေးပါရစေနဲ့ မေရယ်
ရေးရေးလေးမြင်နေရတဲ့ 
လမ်းစကိုအသက်ဆက်
ထာဝရတွက်ဖြစ်တည်ခွင့်ပေးပါ..မေ။
++++++++++++++++++++++++++++++++++++++++++
+++++++++++++++++++++++++++++++++++++++++
+++++++++++++++++++++++++++++
++++++++++++++++
+++
+
အားလုံးကိုအစဉ်ခင်မင်လေးစားလျှက်
yarzawinlinlin