မင်္ဂလာပါမိတ်ဆွေတတ်သလောက်လေးဖန်တီးမိသောကျတော့်အိမ်လေးသို့ လာလည်ပေးတာကျေးဇူးအထူးတင်ပါတယ်။နောင်လည်းလမ်းကြုံရင်ဝင်လာလည်ပါဦးနော်။

Friday 28 September 2012

**စည်းကမ်း**


**စည်းကမ်း**
တိုးတက်မှု့ တွေရဲ့လမ်းစ
တန်ဖိုးဖြတ်ရာစကားလုံး
ဘယ်သူသုံးသုံး
အသုံးတည့်ပါစေ။
********
ဂုဏ်ပကာသန
လူ့ ထက်တန်းလွှာ
ဂုဏ်ကာရံမဲ့တွေကအစ
ခါးဝတ်သဖွယ်ရှိသင့်တဲ့အရာ။
********
ယဉ်ကျေးမှု့ တွေ
ဂုဏ်သိက္ခာတွေ
သူထိန်းချုပ်တယ်။
အညတြတို့ ရဲ့ 
တက်လမ်းကိုလည်း
သူကူညီဖေးမတယ်။
ပြီးပြည့်စုံသူတို့ တွက်
ရေရှည်ဖြစ်တည်ဖို့ ကိုလည်း
သူခရာဖြစ်တာဝန်ယူတယ်။
*******
လုပ်ရပ်တွေကိုလည်းပြသတယ်
စိတ်ထားတွေကိုလည်းမှန်းဆနိုင်တယ်
 လမ်းစတွေကိုလည်းပွင့်ဟစေတယ်
*******
သူက......
ဘ၀ကိုသပ်ရပ်စေတယ်။
သူက......
မြို့ ရွာကိုတိုးတက်စေတယ်။
သူက.....
လောကကိုအလှဆင်တယ်။
သေချာတာတော့
စည်းကမ်းဟာ
လူ့ တန်ဖိုးပဲ။
***************************
**********************
***********
****
**
*


Wednesday 26 September 2012

အမှတ်တရfbမှကူးယူထားတာပါ




အမှတ်တရဖြစ်စေချင်၍
ပြန်ထည့်ထားတာပါဗျာ။
 မူရင်းရှာဖွေသူအား
တောင်းပန်အပ်ပါသည်။
                                 yarzawinlinlin

Sunday 23 September 2012

**အလွမ်း**

ပင့်သက်ရှိုက်မိတဲ့လေညှင်းမှာ
ေ၀၀ါးဝါးအတိတ်တွေ
နှင်းတစ္ဆေမှာလွင့်လျှောက်တုန်း။
စိုစွတ်နေတဲ့အနာဂတ်အလင်းတို့ ကလည်း
တစ်စစနဲ့ 
 အမှောင်ထုမှာတိုးဝင်နေကြတုန်း။
မချုပ်တည်းနိုင်သေးတဲ့စိတ်တွေကလည်း
အတိတ်ဆီကို
တစ်ရစ်ချင်းတစ်ရစ်ချင်း
ပြန်ငုံကိုက်မိတုန်း။
အမာရွတ်ထနေတဲ့ရင်ခွင်ထဲ
ချုပ်ရိုးမပြတ်သေးတဲ့ဒဏ်ရာတွေလို
ခဲမှန်ဖူးတဲ့စာတစ်ကောင်
လေသံသဲ့သဲ့တိုးရင်တောင်ကြောက်ရွံ့ နေသလို
 တစ်ကိုယ်ရည်ညဥ့်နက်တွေအောက်မှာ
 ပက်ကြားအက်နေတဲ့သောကတွေကလည်း

ခြောက်လှန့် နေတုန်း။
နားစည်ဘေးဖြတ်တိုက်ပြေးသွားတဲ့လေညှင်းမှာ
ခပ်သဲ့သဲ့သူ့ အသံကြားနေတုန်းမို့ 
မျောလွင့်နေတဲ့တိမ်တိုက်တွေလို
အလွမ်းတွေကလည်း
နေ့ တစ်ဓူဝဆက်ကာဆက်ကာလွင့်နေတုန်း။



Wednesday 12 September 2012

♥♥♥ငါ့ဘုရင်မ♥♥♥


♥♥♥ငါ့ဘုရင်မ♥♥♥
နှလုံးသားကြမ်းပြင်ထက်
ကျောက်စာထက်ခိုင်မြဲတဲ့ပန္ဒက်တစ်ခုရိုက်ထွင်း
ငါ့၏ရင်ခုန်ခြင်းတွေ
အသင့်ရှေ့ တော်မှောက်ခစား
အသင်သည်
ကျွန်ုပ်၏ဘုရင်မတစ်ပါးဖြစ်ခဲ့ပြီ။
♥♥♥♥♥♥
နှလုံးသားအသင်္ချေ
သွေးသားတွေမှာကဗည်းထိုး
ဘ၀တစ်ခုလုံးကိုစုံလုံးအပ်နှံ
ခြေတော်ရင်းမှာ
ချစ်ခြင်းတွေဦးညွှတ်တိမ်ဆင်း
ကျွန်ုပ်အသက်သည်
အသင့်လက်တော်ထဲတွင်ဖြစ်တည်ခဲ့ပြီ။
♥♥♥♥♥♥
ရင်၌ သန္ဓေတည်
တစ်စစအသည်းသို့ ရစ်ချည်
စည်းချက်ညီညီရင်ခုန်ခြင်းတွေ
နှလုံးအိမ်သို့ တွန်းဖွင့်
နေ့ ရက်တိုင်း  အချိန်တွေတိုင်း
ကျွန်ုပ်အနာဂတ်များသည်လည်း
အသင့်တွက်ဖြစ်တည်ခဲ့ပြီ။
♥♥♥♥♥♥
ဘုရင်မရေ...
သာယာချိုမြိန်တဲ့
အချစ်တေးသွားလေးတွေ
ကျွန်ုပ်အသည်းဗဟိုလ်ဆီ
ရိုက်သွင်းကာချောမြူလှည့်စမ်းပါ
ဒီဘ၀ကြီးမှာငြီးငွေ့ နေလို့ ။
♥♥♥♥♥♥
  ဘုရင်မရေ...
အချစ်ရောင်စဉ်အလင်းတန်းလေးတွေ
ကျွန်ုပ်နှလုံးသားတည့်တည့်ဆီ
ဖြာဆင်းအသက်သွင်းပေးလှည့်ပါ
ဒီရင်ဘတ်ကြီးတစ်ခုလုံး
ခြောက်ကပ်နေလို့ ။

 ♥♥♥♥♥♥

ဘုရင်မရေ...
ချိုမြိန်တဲ့အနမ်းပွင့်လေးတွေနဲ့ 
ကျွန်ုပ်ကမ္ဘာကို
သိမ်းသွင်းလိုက်စမ်းပါ
အနာဂတ်တွေအားလုံး
အသင့်ဆီပေးချင်လွန်းလို့ ။
♥♥♥♥♥♥
ဘုရင်မရေ...  
မှော်ဝတ်ရုံပဉ္စလက်တွေနဲ့ 
ကျွန်ုပ်အိပ်မက်တွေကို
တုပ်နှောင်ထားလိုက်စမ်းပါ။
ငြင်းဆန်ရန်ခက်တဲ့
ညှို့ အားလေးတွေနဲ့ 
ကျွန်ုပ်စိတ်နှလုံးကို
သိမ်းကျုံးယူထားလိုက်စမ်းပါ
မျှော်လင့်ရာပန်းတိုင်ဆီသို့ 
ထာဝရရှင်သန်ချင် သူမို့ ။
♥♥♥♥♥♥
ဘုရင်မရေ..
နတ်သက်ကြွေဖန်ဆင်းမှု့ တွေ
မြင်သူငေးရွှေမှုံကြဲအလှတရားတွေ
သင်သည်မပိုင်ဆိုင်ထားသော်ငြား
ထိုးဖောက်ကာရင်သို့ ထိရှခဲပြီမို့ 
မြဲခိုင်သောဖြစ်တည်မှု့ တွေနှင့်
တစ်သက်စာအပါးတော်မှာစံစား
အသင့်ရဲ့..............
ဘုရင်တစ်ပါးကျွန်ုပ်ကိုဖြစ်ခွင့်ပေးပါ။
♥♥♥♥♥♥
♥♥♥♥♥♥
အားလုံးကိုအစဉ်ခင်မင်လေးစားလျှက်
yarzawinlinlin