မင်္ဂလာပါမိတ်ဆွေတတ်သလောက်လေးဖန်တီးမိသောကျတော့်အိမ်လေးသို့ လာလည်ပေးတာကျေးဇူးအထူးတင်ပါတယ်။နောင်လည်းလမ်းကြုံရင်ဝင်လာလည်ပါဦးနော်။

Friday 29 March 2013

☛☛☛တမ်းတ☚☚☚

☛☛☛တမ်းတ☚☚☚
ငယ်စဉ်ခါကလေးအတွေးအရသာ
ဖြူစင်တဲ့ကျောင်းသားဘဝ
နာကျင်စွာပြန်တောင့်တမိ
ကျောင်းတက်ခေါင်းလောင်းထိုးသံကြားတိုင်းလွမ်းတယ်။
✎✎✎✎✎✎✎✎
လက်ဝါးလေးဖြန့် ကာ
အဖေ့ဆီတောင်းတယ်
ရင်ခွင်ထဲတိုးကာ
အမေ့ကိုချွဲခဲ့
နှစ်ခါပြန်မရနိုင်တော့တဲ့ဒီရသလေးတွေ
ဖုန်းခွက်လေးထဲမှ
ဖေ၊မေ့သံကြားတိုင်းလွမ်းတယ်။
 ✎✎✎✎✎✎✎✎
တူဆော့ကစား
ပျော်ပါးကျီဆယ်
စနောက်ရင်းမရိုးနိုင်တဲ့
ဟိုစဉ်ကငယ်ပေါင်းလေးတွေ
မျက်လုံးလေးမှိတ်အတွေးပုံရိပ်ဝင်လာ
စာအံသံလေးသဲ့သဲ့ကြားတိုင်းလွမ်းတယ်။
✎✎✎✎✎✎✎✎
ရင်မှာအစဉ်ဆို့ နစ်ကြေကွဲ
အိပ်မက်တစ်ခုလို
လေဟာနယ်မှာပျောက်ကွယ်ခဲ့ရ
ကံကြမ္မာရဲ့ပြောင်းလဲခြင်းတွေထဲမှာ
တမြတ်တနိုးရည်စူးခဲ့သော်ငြား
ဆုပ်ကိုင်နင်းလျှောက်ခွင့်မရတော့တဲ့
ရည်မှန်းချက်လေးတွေကိုလွမ်းတယ်။
✎✎✎✎✎✎✎✎
သိုက်သိုက်ဝန်းဝန်း
ပျော်ဖူးကမ္ဘာမှာ
လက်စုံတူစားထမင်းဝိုင်းနှင့်
နွေးထွေးမေတ္တာ
ဂရုဏာပျိုးခင်းလေးတွေထဲက
ဖြူစင်တဲ့မိသားစုဘ၀လေးကိုလွမ်းတယ်။
✎✎✎✎✎✎✎✎
ထုံးဖြူဖြူရစ်
ရွှေရောင်ဝင်းနှင့်
သပ္ပါယ်ကြည်ညို
ဘုရားရှင်အရိပ်အောက်က
မွေးဖွားခဲ့ရာအမိနိုင်ငံ
ကြီးပြင်းပျော်ဖူးခဲ့ရာအမိနိုင်ငံ
ခွဲခွာရက်ရှည်ကြာခဲ့သော်ငြား
ဒါတွေကို...
နေ့ တစ်ဓူဝတမ်းတရင်း
ရင်မှာအစဉ်ဆို့ ဆို့ နစ်နစ်လွမ်းမိပါရဲ့။ 
 ✎✎✎✎✎✎✎✎✎✎✎✎
အားလုံးကိုအစဉ်ခင်မင်လေးစားလျှက်
yarzawinlinlin