မင်္ဂလာပါမိတ်ဆွေတတ်သလောက်လေးဖန်တီးမိသောကျတော့်အိမ်လေးသို့ လာလည်ပေးတာကျေးဇူးအထူးတင်ပါတယ်။နောင်လည်းလမ်းကြုံရင်ဝင်လာလည်ပါဦးနော်။

Friday 28 September 2012

**စည်းကမ်း**


**စည်းကမ်း**
တိုးတက်မှု့ တွေရဲ့လမ်းစ
တန်ဖိုးဖြတ်ရာစကားလုံး
ဘယ်သူသုံးသုံး
အသုံးတည့်ပါစေ။
********
ဂုဏ်ပကာသန
လူ့ ထက်တန်းလွှာ
ဂုဏ်ကာရံမဲ့တွေကအစ
ခါးဝတ်သဖွယ်ရှိသင့်တဲ့အရာ။
********
ယဉ်ကျေးမှု့ တွေ
ဂုဏ်သိက္ခာတွေ
သူထိန်းချုပ်တယ်။
အညတြတို့ ရဲ့ 
တက်လမ်းကိုလည်း
သူကူညီဖေးမတယ်။
ပြီးပြည့်စုံသူတို့ တွက်
ရေရှည်ဖြစ်တည်ဖို့ ကိုလည်း
သူခရာဖြစ်တာဝန်ယူတယ်။
*******
လုပ်ရပ်တွေကိုလည်းပြသတယ်
စိတ်ထားတွေကိုလည်းမှန်းဆနိုင်တယ်
 လမ်းစတွေကိုလည်းပွင့်ဟစေတယ်
*******
သူက......
ဘ၀ကိုသပ်ရပ်စေတယ်။
သူက......
မြို့ ရွာကိုတိုးတက်စေတယ်။
သူက.....
လောကကိုအလှဆင်တယ်။
သေချာတာတော့
စည်းကမ်းဟာ
လူ့ တန်ဖိုးပဲ။
***************************
**********************
***********
****
**
*