မင်္ဂလာပါမိတ်ဆွေတတ်သလောက်လေးဖန်တီးမိသောကျတော့်အိမ်လေးသို့ လာလည်ပေးတာကျေးဇူးအထူးတင်ပါတယ်။နောင်လည်းလမ်းကြုံရင်ဝင်လာလည်ပါဦးနော်။

Monday 9 July 2012

ပျော်ပျော်ပဲနေလိုက်တော့တယ်

animated gifs
တောင့်တတိုင်းဖြစ်မလာတော့လည်း
လိုချင်တက်မက်မှု့ တွေကို
အလိုလိုလျှော့ချပစ်လိုက်တယ်။
တူမှမဖြစ်နိုင်သေးတာလေ
ပင်ဘ၀မှာပဲ
ခံနိုင်ရည်ရှိအောင်ကြိုးစားမိတာ
မှားလို့ လားဗျာ။
ရောင်စုံလိပ်ပြာလေးတစ်ချို့ ရဲ့
အတောင်ပံရိုက်ခတ်မှု့ ကြောင့်
ကျွန်တော့်ရင်ထဲ
ပေါက်ကရဆေးစက်တွေ
စွန်းပေခဲ့ဖူးတာလည်း
ဘယ်မေ့လို့ ရပါ့မလည်း။
အမြင့်ဆုံးကတိမ်တိုက်တွေ
ထွေးပွေ့ ခွင့်မရတဲ့အခါ
လက်လှမ်းမှီသလောက်
ဆူးခက်လေးတွေဆုပ်ကိုင်ထားရင်း
ဘ၀ကိုကျေနပ်တတ်ဖို့ 
လေ့ကျင့်ယူခဲ့မိတာပေါ့။
ဒီမှာသူငယ်ချင်း....
မင်းထက်အောက်တက်မကျေရင်နေလိမ့်မယ်
မင်းအောက်တော့မလျော့လောက်ဘူး
မင်းထက်ဘ၀မနာရင်နေလိမ့်မယ်
မင်းလိုပဲ
ဘ၀နာနေတဲ့သူတစ်ယောက်ပါ။
ခါးသီးလှတဲ့လောကဓံကို
ချိုမြိန်စွာစားသုံးရင်း
ပေးဆပ်တတ်ဖို့ 
လေ့ကျင့်နေသူပါ။
စုတ်ချက်မညီတဲ့အတိတ်တွေကို
နောင်တဆိုတာတွေကြားမှာ
အလဟတဖြုန်းတီးမပစ်ပဲ
လေ့လာစရာသံဝေဂအဖြစ်
အသုံးချနေတဲ့သူပါ။
တသွင်သွင်တောင်းဆိုနေတဲ့
လိုအပ်ခြင်းတွေနောက်စီးမျောရင်း
ရောင့်ရဲတတ်ဖို့ 
ကြိုးစားနေသူပါ။
ညဥ့်တစ္ဆေတွေခြောက်လှန့် နေတဲ့
အတိတ်တွေကိုသင်ပုန်းချေရင်း
ကြွေးမြီးဟောင်းတွေကို
တတ်နိုင်သလောက်
ပြန်လည်ပေးဆပ်
ပီတိတွေနဲ့ သာယာနေမိသူပါ။
ရမ္မက်ဆန်ဆန်ဆွေမျိုးတွေကို
အပြုံးနဲ့ လက်ကမ်းရင်း
ငြိမ်းချမ်းမှု့ ကို
ရှာဖွေ့ နေမိသူပါ။
တစိမ်းဆန်ဆန်မျက်လုံးတွေကို
ဦးညွှတ်ကာအရိုအသေပြုရင်း
ခန္ဒီတရားရင်မှာထာဝရ
သိမ်းတတ်ဖို့ ကြိုးစားနေမိသူပါ။
လိုတိုင်းတမရနိုင်တဲ့အခါ
မျှော်လင့်သမျှသဲရေသွန်ပမာကြုံရတဲ့အခါ
ဆူးခင်းလမ်းတွေနင်းလျှောက်နေရတဲ့အခါ
မတရားတဲ့လောကကြီးလား
မညီမျှတဲ့ကံကြမ္မာတွေလား
ဒါတွေကိုရေရွတ်မငြင်းခုန်ချင်တော့ပါဘူး
ပဲ့တင်ဖူးပွင့်မလာသေးတဲ့
နှစ်လိုဖွယ်အာရုံဦးတွေကို
အမြတ်တနိုးဦးထိပ်မှာပန်ဆင်ဖို့ 
စုတ်ချာချာဘ၀တစ်ခုကို
စီးချင်းထိုးတိုက်ပွဲဝင်ရင်း
ခု..ကျွန်တော်
ပျော်ပျော်ပဲနေလိုက်တော့တယ်။animated gifs








အားလုံးကိုအစဉ်ခင်မင်လေးစားလျှာက်

                                             ☂☂☂♥♥♀ဂူဂျွန်ကောင်လေး☂☂☂♥♥ ♀

ပါရမီဖြည့်လို့ အလှဆင်ပေးပါ

     dividers
”ပါရမီဖြည့်လို့ 
                                              အလှဆင်ပေးလှည့်ပါ”dividers
ကံကြမ္မာကြီးရယ်
အိပ်မောကျနေလိုက်တာများ
စို့ တို့ စမ်းတမ်းတောင်
ထမကြည့်တောပါလား။
နိမိတ်ကောင်းလေးတို့ ရယ်
ပျောက်ရှလို့ ပုန်းအောင်နေလိုက်တာ
မျက်နှာလွှဲဥပေက္ခာတရားတွေများ
မြင်ကောင်းစရာမရှိတော့ပါလားဗျာ။
ကာယအားနဲ့
တိုက်စစ်ဆင်လည်း
အပယ်ခံဖြစ်ရတယ်။
ဥာဏအားနဲ့ 
တွန်းဖွင့်ပြန်လည်း
မျက်ကွယ်ပြုတယ်။
လုံ့ လအားနဲ့ 
စည်းရုံးတော့လည်း
အဖက်တောင်မလုပ်ပါလားဗျာ။
ကျေးဇူးပြု၍
နက်သထက်နက်လာတဲ့ညဥ့်တွေကို
အာရုံဦးနဲ့ အမြန်လဲပေးပါတော့။
ဝေးသထက်ဝေးနေတဲ့ရည်စူးသမျှတွေကို
ဝဲဂယက်လိုလည်မနေပဲ
ဆန်ရေလိုလျောဆင်းခဲ့ပါတော့။
သီကုံးထားတဲ့အိပ်မက်လေးတို့ ရယ်
တစ်ဘ၀စာနိုးထလိုက်စမ်းပါ
ခြုံသိုင်းထားတဲ့မြူနှင်းတို့ ရယ်
နေခြည်ဖျန်းပက်မှု့ ရသလို
တစ်သက်စာပွင့်လန်းပေးလှည့်ပါ။
ခြစ်ကုတ်ကာငုံနေရှာတဲ့
ကံကြမ္မာပန်းလေးတို့ ရယ်
အနာဂတ်တွေလှဖို့ အတွက်
ထာဝရစိမ်းလန်းမဲ့ဥယာဉ်ထဲမှာ
     သောက၊ဒုက္ခဆိုတာတွေအမြဲမောင်းထုတ်
သာယာခြင်းတွေနဲ့ ဖြန့် ကျက်နိုင်ဖို့ 
                                    ကျွန်တော့်ကမ္ဘာကိုပါရမီဖြည့်
                                             အလှဆင်ပေးလှည့်ပါတော့ဗျာ။dividers

                                            

                  အားလုံးကို

                         အစဉ်ခင်မင်လေးစားလျှာက်

                                      ☂☂☂♥♥♀ဂူဂျွန်ကောင်လေး☂☂☂♥♥

အဝေးရောက်ချစ်သူသို့ ......

                                               ”အဝေးရောက်ချစ်သူသို့ ....”free animated dividers
            ထစ်ထစ်အအနဲ့ 
စခဲ့တဲ့ဇာတ်လမ်းမို့ လားမသိဘူး
ငါ..ရလိုက်တဲ့
အကြင်နာတွေကလည်း
ကွက်ကျားရွာတဲ့မို့ လို
တစ်စိတ်တစ်ဒေသလေးမျှပဲ
ပိုင်ဆိုင်ခဲ့ရပါတယ်။
မစို့ မပို့ 
အရသာလေးတွေကိုထွေးပွေ့ လို့ 
ဆင်ခြင်တုံ တရားကိုဆန့် ကျင်
မာနဆိုတာတွေကိုဂျောင်မှာထိုး
သူ့ ပိုက်ကွန်မာယာတောမှာ
ပိန်ပေါင်တစ်လုံးလို
မျောခဲ့ဖူးတာပေါ့။
အတုံးလိုက်အတစ်လိုက်
မျှော်လင့်ခြင်းတွေကို
မနိုင့်တနိုင်ကျောမှာပိုး
အားမာန်တွေ
အပြည့်ထည့်ထားတဲ့
အတောင်ပံတွေရိုက်ခတ်ရင်း
နှစ်ကိုယ်တူဘ၀တစ်ခုကိုပေါင်းလို့ 
ထက်နန်းဝေဟင်တောင်အံတုမဲ့
အာဃယောင်္ကျားခမျာ.......
ခုများတော့လေ
အတွေးချိုချိုတွေဘေးမှာ
လက်မှိုင်ချ
ဝိုးတိုးဝါးတားအတိတ်တွေရှေ့ မှာ
ဒူးထောက်
မပီပြင်တော့တဲ့အနာဂတ်တွေကို
ညည်းတွားရင်း
တအိအိပြိုဆင်းကျလာတဲ့
ဝေဒနာတွေကို
အဖတ်ဆယ်မယ်ကြံတုန်း
အလွမ်းဆိုတာတွေ
ငါ့ရင်ခွင်ဆီထိုးသိပ်လို့ 
ဟိုးးးးးးးးးအဝေးကို
ထွက်သွားတဲ့ချစ်သူကို
                                        တမ်းတနေရရှာပေါ့။