မင်္ဂလာပါမိတ်ဆွေတတ်သလောက်လေးဖန်တီးမိသောကျတော့်အိမ်လေးသို့ လာလည်ပေးတာကျေးဇူးအထူးတင်ပါတယ်။နောင်လည်းလမ်းကြုံရင်ဝင်လာလည်ပါဦးနော်။

Monday 9 July 2012

အဝေးရောက်ချစ်သူသို့ ......

                                               ”အဝေးရောက်ချစ်သူသို့ ....”free animated dividers
            ထစ်ထစ်အအနဲ့ 
စခဲ့တဲ့ဇာတ်လမ်းမို့ လားမသိဘူး
ငါ..ရလိုက်တဲ့
အကြင်နာတွေကလည်း
ကွက်ကျားရွာတဲ့မို့ လို
တစ်စိတ်တစ်ဒေသလေးမျှပဲ
ပိုင်ဆိုင်ခဲ့ရပါတယ်။
မစို့ မပို့ 
အရသာလေးတွေကိုထွေးပွေ့ လို့ 
ဆင်ခြင်တုံ တရားကိုဆန့် ကျင်
မာနဆိုတာတွေကိုဂျောင်မှာထိုး
သူ့ ပိုက်ကွန်မာယာတောမှာ
ပိန်ပေါင်တစ်လုံးလို
မျောခဲ့ဖူးတာပေါ့။
အတုံးလိုက်အတစ်လိုက်
မျှော်လင့်ခြင်းတွေကို
မနိုင့်တနိုင်ကျောမှာပိုး
အားမာန်တွေ
အပြည့်ထည့်ထားတဲ့
အတောင်ပံတွေရိုက်ခတ်ရင်း
နှစ်ကိုယ်တူဘ၀တစ်ခုကိုပေါင်းလို့ 
ထက်နန်းဝေဟင်တောင်အံတုမဲ့
အာဃယောင်္ကျားခမျာ.......
ခုများတော့လေ
အတွေးချိုချိုတွေဘေးမှာ
လက်မှိုင်ချ
ဝိုးတိုးဝါးတားအတိတ်တွေရှေ့ မှာ
ဒူးထောက်
မပီပြင်တော့တဲ့အနာဂတ်တွေကို
ညည်းတွားရင်း
တအိအိပြိုဆင်းကျလာတဲ့
ဝေဒနာတွေကို
အဖတ်ဆယ်မယ်ကြံတုန်း
အလွမ်းဆိုတာတွေ
ငါ့ရင်ခွင်ဆီထိုးသိပ်လို့ 
ဟိုးးးးးးးးးအဝေးကို
ထွက်သွားတဲ့ချစ်သူကို
                                        တမ်းတနေရရှာပေါ့။

No comments:

Post a Comment