မင်္ဂလာပါမိတ်ဆွေတတ်သလောက်လေးဖန်တီးမိသောကျတော့်အိမ်လေးသို့ လာလည်ပေးတာကျေးဇူးအထူးတင်ပါတယ်။နောင်လည်းလမ်းကြုံရင်ဝင်လာလည်ပါဦးနော်။

Monday 9 July 2012

ပျော်ပျော်ပဲနေလိုက်တော့တယ်

animated gifs
တောင့်တတိုင်းဖြစ်မလာတော့လည်း
လိုချင်တက်မက်မှု့ တွေကို
အလိုလိုလျှော့ချပစ်လိုက်တယ်။
တူမှမဖြစ်နိုင်သေးတာလေ
ပင်ဘ၀မှာပဲ
ခံနိုင်ရည်ရှိအောင်ကြိုးစားမိတာ
မှားလို့ လားဗျာ။
ရောင်စုံလိပ်ပြာလေးတစ်ချို့ ရဲ့
အတောင်ပံရိုက်ခတ်မှု့ ကြောင့်
ကျွန်တော့်ရင်ထဲ
ပေါက်ကရဆေးစက်တွေ
စွန်းပေခဲ့ဖူးတာလည်း
ဘယ်မေ့လို့ ရပါ့မလည်း။
အမြင့်ဆုံးကတိမ်တိုက်တွေ
ထွေးပွေ့ ခွင့်မရတဲ့အခါ
လက်လှမ်းမှီသလောက်
ဆူးခက်လေးတွေဆုပ်ကိုင်ထားရင်း
ဘ၀ကိုကျေနပ်တတ်ဖို့ 
လေ့ကျင့်ယူခဲ့မိတာပေါ့။
ဒီမှာသူငယ်ချင်း....
မင်းထက်အောက်တက်မကျေရင်နေလိမ့်မယ်
မင်းအောက်တော့မလျော့လောက်ဘူး
မင်းထက်ဘ၀မနာရင်နေလိမ့်မယ်
မင်းလိုပဲ
ဘ၀နာနေတဲ့သူတစ်ယောက်ပါ။
ခါးသီးလှတဲ့လောကဓံကို
ချိုမြိန်စွာစားသုံးရင်း
ပေးဆပ်တတ်ဖို့ 
လေ့ကျင့်နေသူပါ။
စုတ်ချက်မညီတဲ့အတိတ်တွေကို
နောင်တဆိုတာတွေကြားမှာ
အလဟတဖြုန်းတီးမပစ်ပဲ
လေ့လာစရာသံဝေဂအဖြစ်
အသုံးချနေတဲ့သူပါ။
တသွင်သွင်တောင်းဆိုနေတဲ့
လိုအပ်ခြင်းတွေနောက်စီးမျောရင်း
ရောင့်ရဲတတ်ဖို့ 
ကြိုးစားနေသူပါ။
ညဥ့်တစ္ဆေတွေခြောက်လှန့် နေတဲ့
အတိတ်တွေကိုသင်ပုန်းချေရင်း
ကြွေးမြီးဟောင်းတွေကို
တတ်နိုင်သလောက်
ပြန်လည်ပေးဆပ်
ပီတိတွေနဲ့ သာယာနေမိသူပါ။
ရမ္မက်ဆန်ဆန်ဆွေမျိုးတွေကို
အပြုံးနဲ့ လက်ကမ်းရင်း
ငြိမ်းချမ်းမှု့ ကို
ရှာဖွေ့ နေမိသူပါ။
တစိမ်းဆန်ဆန်မျက်လုံးတွေကို
ဦးညွှတ်ကာအရိုအသေပြုရင်း
ခန္ဒီတရားရင်မှာထာဝရ
သိမ်းတတ်ဖို့ ကြိုးစားနေမိသူပါ။
လိုတိုင်းတမရနိုင်တဲ့အခါ
မျှော်လင့်သမျှသဲရေသွန်ပမာကြုံရတဲ့အခါ
ဆူးခင်းလမ်းတွေနင်းလျှောက်နေရတဲ့အခါ
မတရားတဲ့လောကကြီးလား
မညီမျှတဲ့ကံကြမ္မာတွေလား
ဒါတွေကိုရေရွတ်မငြင်းခုန်ချင်တော့ပါဘူး
ပဲ့တင်ဖူးပွင့်မလာသေးတဲ့
နှစ်လိုဖွယ်အာရုံဦးတွေကို
အမြတ်တနိုးဦးထိပ်မှာပန်ဆင်ဖို့ 
စုတ်ချာချာဘ၀တစ်ခုကို
စီးချင်းထိုးတိုက်ပွဲဝင်ရင်း
ခု..ကျွန်တော်
ပျော်ပျော်ပဲနေလိုက်တော့တယ်။animated gifs








အားလုံးကိုအစဉ်ခင်မင်လေးစားလျှာက်

                                             ☂☂☂♥♥♀ဂူဂျွန်ကောင်လေး☂☂☂♥♥ ♀

No comments:

Post a Comment