မင်္ဂလာပါမိတ်ဆွေတတ်သလောက်လေးဖန်တီးမိသောကျတော့်အိမ်လေးသို့ လာလည်ပေးတာကျေးဇူးအထူးတင်ပါတယ်။နောင်လည်းလမ်းကြုံရင်ဝင်လာလည်ပါဦးနော်။

Monday 30 July 2012

*အပျိုကြီး*

မာနဆိုတာတွေ
နှုတ်ခမ်းဖျားမှာ
ထပ်တင်းတင်းလေး
ဖိကိုက်ထားတယ်။

ဇီဇာကြောင်ခြင်းတွေ
လက်ဖ၀ါးထဲမှာ
ခပ်ကျပ်ကျပ်လေး
ဆုပ်ကိုင်ထားဆဲ။

ဖွာရာကျနေတဲ့
လိုအပ်ခြင်းတွေကလည်း
စိတ်ကူနဲ့ လက်တွေ့ ကို
ရတာမလို၊
လိုတာမရ
စကားလုံးအောက်မှာ
ဆက်မျှောထားလိုက်ပြန်သေးတယ်။

ဘ၀င်မကျခြင်းတွေက
ညှိလို့ မရနိုင်တဲ့
ဂစ်တာကြိုးတွေလို
ဖလက်တံကြောင့်လိုလို
ဂစ်တာအုံကြောင့်လိုလို
ဒီလိုနဲ့ ....
အဲ့ဒီလိုနဲ့ 
ဂေါ်မစွံဘ၀နဲ့ ပဲ
သူ့ ခမျာ
မအိုချင်ပဲ....
                     အိုသွားရရှာပေါ့။








အားလုံးကိုအစဉ်ခင်မင်လေးစားလျှက်
☂☂☂♥♥♀ဂူဂျွန်ကောင်လေး☂☂☂♥♥ ♀