မင်္ဂလာပါမိတ်ဆွေတတ်သလောက်လေးဖန်တီးမိသောကျတော့်အိမ်လေးသို့ လာလည်ပေးတာကျေးဇူးအထူးတင်ပါတယ်။နောင်လည်းလမ်းကြုံရင်ဝင်လာလည်ပါဦးနော်။

Wednesday 12 September 2012

♥♥♥ငါ့ဘုရင်မ♥♥♥


♥♥♥ငါ့ဘုရင်မ♥♥♥
နှလုံးသားကြမ်းပြင်ထက်
ကျောက်စာထက်ခိုင်မြဲတဲ့ပန္ဒက်တစ်ခုရိုက်ထွင်း
ငါ့၏ရင်ခုန်ခြင်းတွေ
အသင့်ရှေ့ တော်မှောက်ခစား
အသင်သည်
ကျွန်ုပ်၏ဘုရင်မတစ်ပါးဖြစ်ခဲ့ပြီ။
♥♥♥♥♥♥
နှလုံးသားအသင်္ချေ
သွေးသားတွေမှာကဗည်းထိုး
ဘ၀တစ်ခုလုံးကိုစုံလုံးအပ်နှံ
ခြေတော်ရင်းမှာ
ချစ်ခြင်းတွေဦးညွှတ်တိမ်ဆင်း
ကျွန်ုပ်အသက်သည်
အသင့်လက်တော်ထဲတွင်ဖြစ်တည်ခဲ့ပြီ။
♥♥♥♥♥♥
ရင်၌ သန္ဓေတည်
တစ်စစအသည်းသို့ ရစ်ချည်
စည်းချက်ညီညီရင်ခုန်ခြင်းတွေ
နှလုံးအိမ်သို့ တွန်းဖွင့်
နေ့ ရက်တိုင်း  အချိန်တွေတိုင်း
ကျွန်ုပ်အနာဂတ်များသည်လည်း
အသင့်တွက်ဖြစ်တည်ခဲ့ပြီ။
♥♥♥♥♥♥
ဘုရင်မရေ...
သာယာချိုမြိန်တဲ့
အချစ်တေးသွားလေးတွေ
ကျွန်ုပ်အသည်းဗဟိုလ်ဆီ
ရိုက်သွင်းကာချောမြူလှည့်စမ်းပါ
ဒီဘ၀ကြီးမှာငြီးငွေ့ နေလို့ ။
♥♥♥♥♥♥
  ဘုရင်မရေ...
အချစ်ရောင်စဉ်အလင်းတန်းလေးတွေ
ကျွန်ုပ်နှလုံးသားတည့်တည့်ဆီ
ဖြာဆင်းအသက်သွင်းပေးလှည့်ပါ
ဒီရင်ဘတ်ကြီးတစ်ခုလုံး
ခြောက်ကပ်နေလို့ ။

 ♥♥♥♥♥♥

ဘုရင်မရေ...
ချိုမြိန်တဲ့အနမ်းပွင့်လေးတွေနဲ့ 
ကျွန်ုပ်ကမ္ဘာကို
သိမ်းသွင်းလိုက်စမ်းပါ
အနာဂတ်တွေအားလုံး
အသင့်ဆီပေးချင်လွန်းလို့ ။
♥♥♥♥♥♥
ဘုရင်မရေ...  
မှော်ဝတ်ရုံပဉ္စလက်တွေနဲ့ 
ကျွန်ုပ်အိပ်မက်တွေကို
တုပ်နှောင်ထားလိုက်စမ်းပါ။
ငြင်းဆန်ရန်ခက်တဲ့
ညှို့ အားလေးတွေနဲ့ 
ကျွန်ုပ်စိတ်နှလုံးကို
သိမ်းကျုံးယူထားလိုက်စမ်းပါ
မျှော်လင့်ရာပန်းတိုင်ဆီသို့ 
ထာဝရရှင်သန်ချင် သူမို့ ။
♥♥♥♥♥♥
ဘုရင်မရေ..
နတ်သက်ကြွေဖန်ဆင်းမှု့ တွေ
မြင်သူငေးရွှေမှုံကြဲအလှတရားတွေ
သင်သည်မပိုင်ဆိုင်ထားသော်ငြား
ထိုးဖောက်ကာရင်သို့ ထိရှခဲပြီမို့ 
မြဲခိုင်သောဖြစ်တည်မှု့ တွေနှင့်
တစ်သက်စာအပါးတော်မှာစံစား
အသင့်ရဲ့..............
ဘုရင်တစ်ပါးကျွန်ုပ်ကိုဖြစ်ခွင့်ပေးပါ။
♥♥♥♥♥♥
♥♥♥♥♥♥
အားလုံးကိုအစဉ်ခင်မင်လေးစားလျှက်
yarzawinlinlin