မင်္ဂလာပါမိတ်ဆွေတတ်သလောက်လေးဖန်တီးမိသောကျတော့်အိမ်လေးသို့ လာလည်ပေးတာကျေးဇူးအထူးတင်ပါတယ်။နောင်လည်းလမ်းကြုံရင်ဝင်လာလည်ပါဦးနော်။

Friday 29 March 2013

☛☛☛တမ်းတ☚☚☚

☛☛☛တမ်းတ☚☚☚
ငယ်စဉ်ခါကလေးအတွေးအရသာ
ဖြူစင်တဲ့ကျောင်းသားဘဝ
နာကျင်စွာပြန်တောင့်တမိ
ကျောင်းတက်ခေါင်းလောင်းထိုးသံကြားတိုင်းလွမ်းတယ်။
✎✎✎✎✎✎✎✎
လက်ဝါးလေးဖြန့် ကာ
အဖေ့ဆီတောင်းတယ်
ရင်ခွင်ထဲတိုးကာ
အမေ့ကိုချွဲခဲ့
နှစ်ခါပြန်မရနိုင်တော့တဲ့ဒီရသလေးတွေ
ဖုန်းခွက်လေးထဲမှ
ဖေ၊မေ့သံကြားတိုင်းလွမ်းတယ်။
 ✎✎✎✎✎✎✎✎
တူဆော့ကစား
ပျော်ပါးကျီဆယ်
စနောက်ရင်းမရိုးနိုင်တဲ့
ဟိုစဉ်ကငယ်ပေါင်းလေးတွေ
မျက်လုံးလေးမှိတ်အတွေးပုံရိပ်ဝင်လာ
စာအံသံလေးသဲ့သဲ့ကြားတိုင်းလွမ်းတယ်။
✎✎✎✎✎✎✎✎
ရင်မှာအစဉ်ဆို့ နစ်ကြေကွဲ
အိပ်မက်တစ်ခုလို
လေဟာနယ်မှာပျောက်ကွယ်ခဲ့ရ
ကံကြမ္မာရဲ့ပြောင်းလဲခြင်းတွေထဲမှာ
တမြတ်တနိုးရည်စူးခဲ့သော်ငြား
ဆုပ်ကိုင်နင်းလျှောက်ခွင့်မရတော့တဲ့
ရည်မှန်းချက်လေးတွေကိုလွမ်းတယ်။
✎✎✎✎✎✎✎✎
သိုက်သိုက်ဝန်းဝန်း
ပျော်ဖူးကမ္ဘာမှာ
လက်စုံတူစားထမင်းဝိုင်းနှင့်
နွေးထွေးမေတ္တာ
ဂရုဏာပျိုးခင်းလေးတွေထဲက
ဖြူစင်တဲ့မိသားစုဘ၀လေးကိုလွမ်းတယ်။
✎✎✎✎✎✎✎✎
ထုံးဖြူဖြူရစ်
ရွှေရောင်ဝင်းနှင့်
သပ္ပါယ်ကြည်ညို
ဘုရားရှင်အရိပ်အောက်က
မွေးဖွားခဲ့ရာအမိနိုင်ငံ
ကြီးပြင်းပျော်ဖူးခဲ့ရာအမိနိုင်ငံ
ခွဲခွာရက်ရှည်ကြာခဲ့သော်ငြား
ဒါတွေကို...
နေ့ တစ်ဓူဝတမ်းတရင်း
ရင်မှာအစဉ်ဆို့ ဆို့ နစ်နစ်လွမ်းမိပါရဲ့။ 
 ✎✎✎✎✎✎✎✎✎✎✎✎
အားလုံးကိုအစဉ်ခင်မင်လေးစားလျှက်
yarzawinlinlin  
 

 

Saturday 23 March 2013

^^<အရှုံးနဲ့ ......လူ>^^
တယုတယ
ပြန်လည်ပြုစုထားလိုက်ချင်ပါသေးရဲ့
အပြိုင်းပြိုင်းထဖူးတဲ့
စိတ်ကူးတွေကို။
ထဲထဲဝင်ဝင်စကားလုံးတွေနဲ့ 
စာမဖွဲ့ တတ်ခဲ့သူ
ငါလိုလူရဲ့အလွမ်းက
မင်းအတွက်
ဘာရသမှမမြောက်စေရော့သလားချစ်သူ။
တကယ်ဆိုကိုဟာ
အရှုံးနဲ့ လူပါ.....
ငါ့ဘဝ
ငါ့အတ္တကို
တံတားတစ်စင်းလို
ကျောခင်းလို့ ပေးပြီးတဲ့နောက်
ဆန္ဒ၊မာနတွေ
ဘာတစ်ခုမှဂရုမမူပါနဲ့ တော့
စိတ်ရှိလက်ရှိသာ
ချနင်းသွားလိုက်စမ်းပါ
ကြည်ဖြူကာခွင့်လွတ်လိုက်ပါ့မယ်
စွန့် ကြဲဖူးတဲ့အပြုံးလေးတွေသာ
င့ါကို...
ထာဝရသိမ်းထားခွင့်ကိုပေး။
 

Saturday 16 March 2013

^^^လောင်စာ^^^

^^^လောင်စာ^^^
အရှုံးရဲ့ကျိန်စာတွေကို
ဝိရိယဓားသွားနဲ့ 
ပြန်ခုတ်ပိုင်းလိုက်တယ်
စူးရှရှပဲ့တင်မှု့ တွေက
ရင်ကိုလာထိုးနှက်လိုက်တာ
အားအင်တွေတောင်ကုန်ခမ်းလုနီးနီးပဲ။
^^^^^^
အပိုင်းပိုင်းခုတ်ဖြတ်ခံလိုက်ရတဲ့
အနာဂတ်တွေအတွက်
လက်ရှိရပ်တည်မှု့ က
အစွန်အဖျားမှာပါပဲ
ကံကြမ္မာဆီက
မျက်နှာသာမရတဲ့နောက်
ရသလိုသာနင်းလျှောက်ခဲ့ပေမဲ့
တည်ဆဲဘ၀ကိုတော့
ဘယ်တုန်းကမှ
အရသာဖျက်မပစ်ရက်ခဲ့ဘူး။
^^^^^
အိမ်ဝေးငှက်တစ်ကောင်ရဲ့
အလွမ်းပြခင်းတွေထဲမှာ
အသက်ရှုဖို့ တောင်
မေ့ခဲ့တဲ့နေ့ တွေ
ရင်သပ်ရှု့ မောစွာကြုံဖူးသော်ငြား
တင်းတင်းဆုပ်ထားတဲ့
အားအင်တွေနဲ့ အတူ
အဲ့ဒီဒုက္ခတရားတွေကို
တွန်းလှန်းမိနေတုန်းပဲ။
^^^^^
တကယ်တော့...
ဗလာတွေသာပွေ့ ပိုက်ခွင့်ရတဲ့ဘ၀မှာလည်း
နေတတ်သမျှတော့
ကျေနပ်စရာတွေရှိသားပါပဲ
ရမ္မက်နဲ့ အတ္တကို
လိုသလောက်လေးပြေလျှော့ရုံ
သောကရဲ့အရသာကို
ပေးဆပ်လိုခြင်းတွေနဲ့ ဖြည့်တွေးမိရုံ
ပြင်းရှရှမောဟတွေကို
သင်ခန်းစာအဖြစ်သင်ယူမိရုံနဲ့ 
 တစ်နေ့ တစ်ခြားရင့်ကျက်စပြုလာတဲ့ဘ၀မှာ
စိတ်ခွန်အားလောင်စာတွေကို
တန်ဖိုးထားအသုံးချကြည့်ဖို့ 
တမြတ်တနိုးပြုစုထားမိတယ်။
^^^^^
ခုတော့လည်းလေ
လူဆိုတဲ့
သံယောဇဉ်သိုလှောင်ရုံကြီးထဲမှာ
တဏှာအမြစ်တွေတွယ်လို့ တွယ်
ရာဂတွေသာအထပ်ထပ်စု
ငြိမ်းချမ်းမှု့ ပြတင်းတံခါးက
ခပ်ဟဟလေးတောင်
ပွင့်မလာသေးပေမဲ့....
အသင်လောကကြီးရေ...
ဘယ်တော့မှအရှိန်မသတ်မဲ့
အဲ့ဒီစိတ်ခွန်အားလောင်စာတွေနဲ့ 
ဘ၀ကိုထာဝရခရီးဆက်နေမယ်
ဒူးထောက်အညံ့ခံဖို့ တော့
တစ်မြူစာတောင်ကျွန်ုပ်မတွေးမိခဲ့ဘူး။
^^^^^^^^^^^^^^^^^^^^^^^^^^^^^^
^^^^^^^^^^^^^^^^^^^^
^^^^^^^^^^^^
^^^^^^^^^
^^^^^^
^^^
^
အားလုံးကိုအစဉ်ခင်မင်လေးစားလျှက်
yarzawinlinlin

Wednesday 13 March 2013

ဟာကွက်

*ဟာကွက်*
ဟန်ဆောင်မှု့ ပြတင်းတံခါးမှာ
သူ့ မာနတွေချိတ်ထားတာတွေ့ တယ်
သံယောဇဉ်ပြယုဂ်ကို
လျစ်လျူရှု့ ထားသလိုပေါ့
ပီပြင်တဲ့သရုပ်ပြကွက်ဆိုသော်ငြား
ငါ့ကိုတော့မညာပါနဲ့
ကောင်မလေး
မျက်ဝန်းနက်နက်တွေနဲ့ 
မင်းအကြည့်တွေထဲမှာ
အချစ်သင်္ကေတတွေကို
မျှားနတ်မောင်လေးညို့ နဲ့ မထိတွေ့ ပဲ
ငါက....
ရိပ်မိပြီးသား။ 
yarzawinlinlin

Sunday 10 March 2013

*ရွက်ခြောက်*

*ရွက်ခြောက်*
ဖြုတ်ခနဲကြွေ
မြေမှာကျ
စိမ်းလန်းစွာ
ပြန်အသက်ဆက်ခွင့်မရတဲ့ဘ၀မှာ
လူလိမ့်ခံ
နေရောင်ပူပူအောက်
ကောက်သူကောက်
လွင့်ရာရောက်သမို့ 
လန်းဆန်းကာ
အသက်ဆက်ခွင့်ရတဲ့ဘ၀ကိုတော့
ပြန်တမ်းတမိသား။
+++++++++++++++++++++++++++++++++++
အားလုံးကိုအစဉ်ခင်မင်လေးစားလျှက်
yarzawinlinlin

Wednesday 6 March 2013

*တီးတိုးသံ*

                                               *တီးတိုးသံ*

ဘာကိုဆုပ်ကိုင်ထားရမှန်းမသိတော့ဘူး
ကံကြမ္မာရဲ့လှောင်ရီသံတွေကြားမှာ
ကျွန်တော်အိပ်မက်တွေကစဥ့်ကလျားပဲ။
ပစ္စုပ္ပန်တွေကိုခိုးယူခံနေရမှန်းသိတဲ့နေ့ 
အနာဂါတ်ကိုတစ်ချက်လှမ်းမျှော်ကြည့်မိတော့
ဝမ်းနည်းစွာလက်ပြခြင်းခံလိုက်ရတယ်..
မင်းဘ၀ကိုမင်းကိုယ်တိုင်ရွေးချယ်ခဲ့တာ.တဲ့
ထားပါတော့လေ......
ခုချိန်မှာတော့
ဖေးကူသူမဲ့တဲ့ငါ့လက်နှစ်ဖက်ကိုတင်းတင်းဆုပ်ကိုင်
နှလုံးစိတ်ဘ၀င်ကိုအသိပေးနှိုးဆော်ရင်း
ကျရှုံးခဲ့သမျှပြန်အားထုတ်ဖို့ အတွက်
ငါ.....
မာရသွန်လိုပြိုင်ပွဲမျိုးဆင်နွှဲဖို့ 
လေ့ကျင့်ယူရုံပဲရှိတော့တာပေါ့။ 
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
အားလုံးကိုအစဉ်ခင်မင်လေးစားလျှက်
yarzawinlinlin

Sunday 3 March 2013

အဖြည့်ခံ


*လူ*

*လူ*
♙ ♟♙ ♟
လူ.....
လေထန်လှိုင်းဂယက်တွေထဲမှာ
အဆိပ်တွေလည်းမျို
အချိုတွေလည်းစား
မဲ့တစ်ခါ
ပြုံးတစ်လှည့်
ကျင်လည်ရာမှာဆေးစက်ချခဲ့။
♙ ♟♙ ♟ 
လူ.....
တောင်တန်းတွေထက်
ပင်လယ်နက်တွေရဲ့ဆီ
အလီလီကူးဖြတ်ကျော်ရင်း
အဝေးကိုလည်းမျှော်
တဒင်္ဂကိုလည်းတွေး
ရှိုက်တစ်ခါ
မြူးတစ်လှည့်
စေရာကံကြမ္မာကိုအံတုခဲ့။
♙ ♟♙ ♟ 
လူ... ..
ပြဇာတ်ပေါင်းများစွားနှင့်လည်းရင်းနှီးသူ
မော်ဒန်ပေါင်းများစွာကိုလည်းတွေ့ ရှိသူ
အလွမ်းဇာတ်နာနာလည်းကတယ်
ပြုံးရွှင်ဖွယ်ဇာတ်ညွှန်းကိုလည်းအသက်သွင်းတယ်
ထူးချွန်ရဲ့တစ်ခါ
ကျဆုံးခန်းတစ်လှည့်
သင်္ခါရတရားတွေလည်းအထပ်ထပ်သင်ယူခဲ့။

♙ ♟♙ ♟ 
လူ.....
ပြင်းရှရှအိပ်မက်တွေနဲ့ 
တမျှော်တခေါ်စိတ်ကူးတွေနဲ့ 
မရေမရာအတွေးတွေနဲ့ 
ပင်လယ်ပြာပြာထက်
တောင်တန်းများစွာထက်
တိမ်တိုက်များတို့ ရဲ့ထက်
ကမောက်ကမအိပ်မက်တွေသာဆက်မျော
အာသီသတွေကိုခံတွင်းစို့ ရုံ
ဝမ်းဖို့ ရုံစားသုံးရင်း
အရာရာမငြိမ်းအေးနိုင်တဲ့
သတ္တ၀ါတစ်ကောင်သာ။
♙ ♟♙ ♟ 
♙ ♟♙ ♟ 
♙ ♟♙ ♟ 
♙ ♟♙ ♟ 
အားလုံးကိုအစဉ်ခင်မင်လေးစားလျှက်
yarzawinlinlin






Saturday 2 March 2013

*တောင့်တသူရဲ့....ပဲ့တင်သံ*

*တောင့်တသူရဲ့
.......ပဲ့တင်သံ*
☥☥☥☥☥☥☥☥☥☥☥☥
လှလိုက်တဲ့ဘဝ
လမိုက်ညတွေပဲအမြဲကြုံရတယ်
စို့ တို့ စမ်းတမ်းလရောင်လေး
ဘယ်ဆီကိုရှောင်ပြေးနေပါလိမ့်
လိုက်ရှာနေမိတာ
 ငါ့ခမျာမှာမောလို့ ။
☥☥☥☥☥☥☥☥☥☥☥☥
ခိုးဝှက်ခံလိုက်ရတဲ့လေပြေညှင်း
ရင်သို့ လာမတိုးဝှေ့ တာကြာပါပေါ့
ခပ်ဖြူးဖြူးလေပြေအေး
ဘယ်ဆီကိုရှောင်ပြေးနေပါလိမ့်
စောင့်မျှော်နေမိတာ
ငါ့ခမျာမှာမောလို့ ။
☥☥☥☥☥☥☥☥☥☥☥☥
ခံတွင်းစို့ ရုံစမ်းရေအေး
လည်တိုင်ဆီမစီးဆင်းတာကြာပါပေါ့
တစ်ငုံစာမော့သောက်ခွင့်လေး
ဘယ်ဆီကိုရှောင်ပြေးနေပါလိမ့်
တောင့်တနေမိတာ
ငါ့ခမျာမှာမောလို့ ။
 ☥☥☥☥☥☥☥☥☥☥☥☥
မလှမပသောကများနဲ့ 
အဝေးရောက်နေသူမို့ 
ဒုက္ခတွေသာ
တောင်လို၊ရာပုံကြုံပါပေါ့
နွေးထွေးလှတဲ့မေတ္တာစစ်လေးတွေ
ဘယ်ဆီမှာပုန်းအောင်းနေပါလိမ့်
ငတ်မွတ်နေမိတာ
ငါ့ခမျာမှာမောလို့ ။
☥☥☥☥☥☥☥☥☥☥☥☥
☥☥☥☥☥☥☥☥☥☥☥☥
☥☥☥☥☥☥☥☥☥☥☥☥
အားလုံးကိုအစဉ်ခင်မင်လေးစားလျှက်
yarzawinlinlin