မင်္ဂလာပါမိတ်ဆွေတတ်သလောက်လေးဖန်တီးမိသောကျတော့်အိမ်လေးသို့ လာလည်ပေးတာကျေးဇူးအထူးတင်ပါတယ်။နောင်လည်းလမ်းကြုံရင်ဝင်လာလည်ပါဦးနော်။

Sunday 3 March 2013

*လူ*

*လူ*
♙ ♟♙ ♟
လူ.....
လေထန်လှိုင်းဂယက်တွေထဲမှာ
အဆိပ်တွေလည်းမျို
အချိုတွေလည်းစား
မဲ့တစ်ခါ
ပြုံးတစ်လှည့်
ကျင်လည်ရာမှာဆေးစက်ချခဲ့။
♙ ♟♙ ♟ 
လူ.....
တောင်တန်းတွေထက်
ပင်လယ်နက်တွေရဲ့ဆီ
အလီလီကူးဖြတ်ကျော်ရင်း
အဝေးကိုလည်းမျှော်
တဒင်္ဂကိုလည်းတွေး
ရှိုက်တစ်ခါ
မြူးတစ်လှည့်
စေရာကံကြမ္မာကိုအံတုခဲ့။
♙ ♟♙ ♟ 
လူ... ..
ပြဇာတ်ပေါင်းများစွားနှင့်လည်းရင်းနှီးသူ
မော်ဒန်ပေါင်းများစွာကိုလည်းတွေ့ ရှိသူ
အလွမ်းဇာတ်နာနာလည်းကတယ်
ပြုံးရွှင်ဖွယ်ဇာတ်ညွှန်းကိုလည်းအသက်သွင်းတယ်
ထူးချွန်ရဲ့တစ်ခါ
ကျဆုံးခန်းတစ်လှည့်
သင်္ခါရတရားတွေလည်းအထပ်ထပ်သင်ယူခဲ့။

♙ ♟♙ ♟ 
လူ.....
ပြင်းရှရှအိပ်မက်တွေနဲ့ 
တမျှော်တခေါ်စိတ်ကူးတွေနဲ့ 
မရေမရာအတွေးတွေနဲ့ 
ပင်လယ်ပြာပြာထက်
တောင်တန်းများစွာထက်
တိမ်တိုက်များတို့ ရဲ့ထက်
ကမောက်ကမအိပ်မက်တွေသာဆက်မျော
အာသီသတွေကိုခံတွင်းစို့ ရုံ
ဝမ်းဖို့ ရုံစားသုံးရင်း
အရာရာမငြိမ်းအေးနိုင်တဲ့
သတ္တ၀ါတစ်ကောင်သာ။
♙ ♟♙ ♟ 
♙ ♟♙ ♟ 
♙ ♟♙ ♟ 
♙ ♟♙ ♟ 
အားလုံးကိုအစဉ်ခင်မင်လေးစားလျှက်
yarzawinlinlin






No comments:

Post a Comment