မင်္ဂလာပါမိတ်ဆွေတတ်သလောက်လေးဖန်တီးမိသောကျတော့်အိမ်လေးသို့ လာလည်ပေးတာကျေးဇူးအထူးတင်ပါတယ်။နောင်လည်းလမ်းကြုံရင်ဝင်လာလည်ပါဦးနော်။

Saturday 23 February 2013

*အသည်းကွဲညရဲ့သီအိုရီ*



*အသည်းကွဲညရဲ့သီအိုရီ*
!!!!!!!!!!
အနမ်းတွေကျိန်စာသင့်နေတဲ့*ည*
အလွမ်းတွေမြေမှာလွင့်စေတဲ့*ည*
ပျော်ရွှင်ခြင်းတွေအရည်ပျော်ကျစေတဲ့*ည*
ဘ၀အစိတ်အပိုင်းတွေကိုခိုးယူခံနေရတဲ့*ည*
အဲ့ဒီညတွေက
လူကိုအစိမ်းလိုက်ကိုခြွေတာ။
!!!!!!
တဖြည်းဖြည်းနစ်လာတဲ့ညဥ့်ကို
တားထားလို့ မရသလို
ဆွဲထားလို့ လည်းမဖြစ်ဘူး
အဲ့ဒီတော့..
နက်သထက်နက်လာတဲ့ညအမှောင်ထုကို
ကျတော်လည်းအံတုရဦးမပေါ့။
!!!!!!!!
စကားတစ်လုံးရဲ့အမှန်တရားဟာ
ပွဲစားပါးစပ်ဖျားကလို
ဝုန်းဒိုင်းကြဲလွှတ်လိုက်တာများလား
အတိတ်မှာပျော်ဖူးတာကိုကျ
အဲ့ဒီညက
အသိအမှတ်မပြုပြန်ဖူးတဲ့။
!!!!!!!
ဘယ်လိုပါလိမ့်
ဘယ်မှာပါလိမ့်
လူးလှိမ့်ကာအိပ်ပေမဲ့လည်း
ဒီညရဲ့အဆိပ်တွေက
မျက်ကြည်လွှာကိုအိပ်စက်ဖို့ ခွင့်မပြုသလို
စိတ်ကိုပါတရစ်ရစ်ခြွေချ....
အဲ့ဒီည....
    အဲ့ဒီည
အနမ်းတွေကျိန်စာသင့်နေတဲ့*ည*
အလွမ်းတွေမြေမှာလွင့်စေတဲ့*ည*
ပျော်ရွှင်ခြင်းတွေအရည်ပျော်ကျစေတဲ့*ည*
ဘ၀အစိတ်အပိုင်းတွေကိုခိုးယူခံနေရတဲ့*ည*
အဲ့ဒီညတွေကို
စူးစူးနစ်နစ်ကိုမုန်းမိပါရဲ့။
!!!!!!!!!!!!!!!!!!!!!!!!!
အားလုံးကိုအစဉ်ခင်မင်
လေးစားလျှက်
yarzawinlinlin 
 

  

No comments:

Post a Comment