မင်္ဂလာပါမိတ်ဆွေတတ်သလောက်လေးဖန်တီးမိသောကျတော့်အိမ်လေးသို့ လာလည်ပေးတာကျေးဇူးအထူးတင်ပါတယ်။နောင်လည်းလမ်းကြုံရင်ဝင်လာလည်ပါဦးနော်။

Monday 23 July 2012

**အဝေးရောက် သားတစ်ယောက်၏လွမ်းချင်း**


**အဝေးရောက်
သားတစ်ယောက်၏လွမ်းချင်း**
*********************************
သတိရကာရံ
မညီညာပတ်ပျိုးလေးတွေနဲ့ 
အမေ့ရင်ငွေ့ နွေးနွေးလေးကို
သားလေးလွမ်းတယ်။

ဒုက္ခလှိုင်းတံပိုးတွေကြား
သောကလှေငယ်ကလေးနှင့်
မနိုင့်တနိုင်ပဲ့ကိုထိန်းရင်း
အမေ့အိမ်အိုအိုလေးကို
သားလေးလွမ်းတယ်။

အပြန်လမ်းနှင့်ဝေးတစ်နေရာ
ဘ၀ရထားကိုခုတ်မောင်းရင်း
စီစီညံဝေဆာပွင့်ဖူးခဲ့တဲ့
အမေ့သံယောဇဉ်
ဥယျာဉ်နန်းလေးကို
သားလေးလွမ်းတယ်။

ေ၀၀ါးဝါးမျှော်လင့်ခြင်းတွေနောက်
စီးမျောကာလိုက်ပါရင်း
ဝဲဂယက်လိုလည်ပတ်နေတဲ့
နေ့ တွေညတွေ
လတွေနှစ်တွေဖြတ်ရင်း
အပြုံးချိုချိုမျက်နှာထားနှင့်
ဂရုဏာသံစွက်နေတဲ့
အမေ့စကားသံလေးတွေကို
တိမ်စိုင်တွေလို
လွင့်ချင်တိုင်းလွင့်နေတဲ့သားလေ...
စို့ စို့ နစ်နစ်ကြီးကို
လွမ်းနေပါတယ်အမေရယ်။
************************************************


အားလုံးကိုအစဉ်ခင်မင်လေးစားလျှက်
☂☂☂♥♥♀ဂူဂျွန်ကောင်လေး☂☂☂♥♥ ♀

No comments:

Post a Comment