မင်္ဂလာပါမိတ်ဆွေတတ်သလောက်လေးဖန်တီးမိသောကျတော့်အိမ်လေးသို့ လာလည်ပေးတာကျေးဇူးအထူးတင်ပါတယ်။နောင်လည်းလမ်းကြုံရင်ဝင်လာလည်ပါဦးနော်။
Wednesday 18 July 2012
”မင်းမသိအောင်ချစ်နေမယ်”
      !!! ”မင်းမသိအောင်ချစ်နေမယ်”!!!
အချစ်စစ်ပေါက်ဖွားမိခဲ့တဲ့နှလုံးသားနဲ့ လူမို့ 
ခါးသက်တယ်ဆိုတဲ့ဝေဒနာလေးတွေကတောင်
ချိုသယောင်ယောင်ပါပဲ....သူငယ်ချင်းရယ်။
ငါ့နှလုံးသားမြစ်တစ်စင်းမှာ
သံယောဇဉ်ရေအလျင်တွေရပ်တန့် မရအောင်စီးဆင်းနေပေမဲ့
အဖြူရောင်ရေကာတာတံတိုင်ကြီးတွေကြီးစိုးနေလေတော့
အချစ်ဆိုတာခေါင်းပြူထွက်လာသော်လည်း
ဖွင့်ဟခွင့်မှမရတဲ့အဆုံး
အမုန်းတွေနဲ့ ဥပေက္ခာပြုမခံရဖို့ 
ပေးဆပ်နေရုံမှအပ
ဘာများတတ်နိုင်ဦးမှာမို့ လည်း။
မြူတို့ ကင်းတဲ့ မင်းဘ၀မိုးကောင်ကင်မှာ
လတစ်စင်းဖြစ်ခွင့်မရှိတောင်
ကြယ်ကလေးတစ်လုံးအဖြစ်ပဲဝန်းရံနေပါရစေ။
တောက်ပ၀င်းထိန်တဲ့
ပတ္တမြားတစ်ပွင့်ဖြစ်စေဖို့ 
အရောင်တင်ပေးတဲ့ပတ္တမြားသွေးစက်လေးလို ပေါ့..သူငယ်ချင်းရယ်။
တကယ်တော့ငါဟာ.....
     မင်းအပျင်းပြေဖတ်ဖို့ 
           မင်းအပျော်တမ်းဆော့ဖို့ 
           ဂိမ်းစက်လေးတစ်လုံးဖြစ်ခွင့်ရခဲ့လည်း
           ဖြည့်ဆည်းပေးဖို့ စောဒကမတက်ခဲ့ပါဘူး။
      မင်းအနားမှာနေခွင့်ရဖို့ ဆို....
         မင်းလည်တိုင်က
         ဖန်စီလေးဘ၀ပဲဖြစ်ဖြစ်
         မင်းလက်ကဟန်းချိန်းလေးပဲဖြစ်ဖြစ်
         မင်းစီးမဲ့ဒေါက်ဖိနပ်လေးဘ၀ပဲရောက်ရောက်
         ငါ့သံယောဇဉ်ကိုမှတ်ကျောက်တင်ခွင့်ရခဲ့မယ်ဆို
        အရာရာကိုငါကျေနပ်နေမှာပါ....သူငယ်ချင်းရယ်။
နေ့ တစ်ဓူဝတွေ့ ခွင့်မရခဲ့ရင်
ရေသောက်တာတောင်အရိုးပါတယ်ထင်နေလို့ ပါ
စက္ကန့် တိုင်းခစားခွင့်မရှိတောင်
အချိန်ပိုင်းလေးအဖြစ်တော့
ပ၀ါဖြူလေးနှလုံးသားမှာအုပ်မိုးထားရင်း
မင်းအပါးမှာပေးဆပ်ခွင့်ပြုပါနော်...။
ဥယာဉ်မှုးဆင်တူငါ့ဘ၀မို့ 
ခူးပန်ခွင်မရခဲ့ပေမဲ့
အမြတ်တနိုးတန်ဖိုးထားတတ်သူနဲ့ တွေ့ မှ
ငါ့ရင်ခွင်အပင်မြင့်နန်းထက်ကပန်းလေးကို
နှလုံးသွေးတွေစွန်းပေကျန်ရစ်ရင်း
အငိုမျက်လုံးအပြုံးမျက်နှာထားလေးနဲ့ 
ငါ...ခူးပေးလိုက်ပါရစေ။
ဆုတောင်းတိုင်းတော့
မပြည့်တာအမှန်ပါသူငယ်ချင်းရယ်..
အခါတစ်သောင်းတောင်းတဲ့ဆု
တစ်ကြိမ်တစ်ခါလောက်ပြည့်ခွင့်ရမယ်ဆို
”ဖြစ်လေရာနောင်ဘ၀ဆက်တိုင်း
ခင်နေမြင်နေတဲ့သူကို
နှစ်ကိုယ်တူကြင်ခွင့်ရတဲ့သူပဲဖြစ်ရပါလို၏”လို့ 
   တောင်းဆုတွေအခါခါခြွေနေမိတယ်...သူငယ်ချင်းရယ်။
   အားလုံးကိုခင်မင်လေးစားတဲ့
                                   yarzawinlinlin ♥♥ ♥♥ ♥ကောင်လေး♥♥ ♥♥ ♥
No comments:
Post a Comment