မင်္ဂလာပါမိတ်ဆွေတတ်သလောက်လေးဖန်တီးမိသောကျတော့်အိမ်လေးသို့ လာလည်ပေးတာကျေးဇူးအထူးတင်ပါတယ်။နောင်လည်းလမ်းကြုံရင်ဝင်လာလည်ပါဦးနော်။

Wednesday 18 July 2012

♥~မြတ်မြတ်နိုးနိုးချစ်နေဆဲပါ♥~


i miss you myspace orkut friendster comments
♥~မြတ်မြတ်နိုးနိုးချစ်နေဆဲပါ♥~
မင်းလိုတာဂုဏ်ဓနမဟုတ်မှန်းတော့သိပါတယ်
ဒါပေမဲ့.....
သုညသမား
~ငါ~ကတော့
မသာယာလှတဲ့ဘုံဘ၀ထဲ
ပြည့်စုံလှတဲ့~မင်း~ကို
ဘယ်လိုခေါ်ရက်ပါ့မလည်း.....ချစ်သူရယ်။
ခဏသာပျော်ရွှင်ရဖို့ 
လှပလွန်းတဲ့ဘ၀ကနေ
မလောက်မငှနဲ့ ~ငါ့~ဆီ
ဘယ်လိုခေါ်ရက်ပါ့မလည်း....ချစ်သူရယ်။
စိတ်ကူးတွေအိမ်မက်တွေထဲထိတောင်
မင်းပုံရိပ်တွေစိုးမိုးထားလွန်းလို့ 
ရုန်းထွက်ဖို့ ခက်တာကိုတော့
ယုံကြည်ပါနော်...။
အရာရာမဖူလုံသေးတဲ့
~ငါ့~ဘ၀”ငါ့”ကမ္ဘာမှာ
မင်းရှိနေရုံနဲ့ ပြည့်စုံနေသူပါ..။
ရယူပိုင်ဆိုင်ခြင်း
အချစ်တစ်ခုကိုတောင့်တဖူးပေမဲ့
ရွှေဘုံနန်းမှာ
မင်းဘ၀လေးစံမြန်းရဖို့ ဆို
အရူးတစ်ပိုင်းဖြစ်ကျန်ရစ်ရင်း
စွန့် လွှတ်ခြင်းဆိုတဲ့
နာကျင်မှု့ တွေရင်မှာထွေးပိုက်လို့ 
ကြေကွဲနေခဲ့သူပါကွာ..။
ခုဆိုလေ....
ဝေဒနာဝတ်ရုံကြီးကိုသိုင်းခြုံထားရင်း
အဆွေးရင့်ရင့်ညဥ့်နက်တွေထဲမှာ
ဒဏ်ရာရသိုးမည်းကြီးတစ်ကောင်လို
~ငါ့~ဘဝ
မင်းရဲ့အမုန်းတရားတွေကိုလည်း
အချစ်နဲ့ လောင်းကြေးထပ်ခဲ့ရပြီပေါ့..။
”မုန်းတယ်”ဆိုတဲ့
စကားကိုကြားခဲ့ရတဲ့နေ့ က
”ငါ့”ကမ္ဘာပျက်ခဲ့ရတယ်
နာကျည်းနေတဲ့
”မင်း”မျက်ဝန်းတွေကြောင့်
”ငါ့”ဘ၀သေခဲ့ရတယ်
ကျောခိုင်းလှမ်းထွက်သွားတဲ့
မင်းခြေလှမ်းတွေနောက်မှာ
”ငါ့”အနာဂတ်တွေပါသွားခဲ့ပါပြီ..။
ကံဆိုးလွန်းတဲ့”ငါ့”ဘ၀မှာ
အချစ်ကအားဆေးတစ်ခုဖြစ်ခဲ့ဖူးတယ်။
ခွန်အားအသစ်တွေလည်း
တိုးခဲ့ဖူးတယ်။
ဒါပေမဲ့ခဏပါပဲလေ....
လေနီကြမ်းနဲ့ မုန်တိုင်းတွေက
”ငါ့”မျှော်လင့်ခြင်း
”ငါ့”ကမ္ဘာကို
အိပ်မှောင်ချလို့ ရိုက်ချိုးပစ်လိုက်တယ်။
ချစ်သူရေ.....
       ရယူပိုင်ဆိုင်ခြင်းကတော့
ချိုမြိန်နေမလားမသိပေမဲ့
စွန့် လွှတ်အနစ်နာခံရသူ”ငါ့”မှာတော့
ခါးသက်တဲ့အဆိပ်တွေ
နေ့ တိုင်းမျိုချရပါများလို့ 
ယိုစီးနေတဲ့မျက်ရည်တွေမှာတောင်
ခါးသက်တဲ့အရသာတွေရောနှောနေသလိုပဲလေ။
မင်းမသိနိုင်တော့တဲ့
”ငါ”ဒိုင်ယာရီထဲကတောင့်တခြင်းတွေ
”ငါ့”နှလုံးသားထဲကလွမ်းဆွတ်ခြင်းတွေ
ယောင်ချာချာ”ငါ့”ဦးနှောက်တွေထဲကမျှော်လင့်ခြင်းတွေ
ခုချိန်ထိဆုတ်ဖြဲမပစ်ရက်သေးတဲ့
ကုန်လွန်ခဲ့ပြက္ခဒိန်နေ့ ရက်လေးတွေ
”ငါ”အမြတ်တနိုးဆုပ်ကိုင်ထားဆဲ
အတိတ်ရဲ့ပျော်စရာလေးတွေ
ပြန်လည်ခင်းကျင်းပြခွင့်မရှိတော့တဲ့
”ငါ့”နှလုံးသားမှရင်ခုန်ခြင်းတွေနဲ့ အတူ
မြတ်မြတ်နိုးနိုးခုချိန်ထိ
”ငါ”ချစ်နေတုန်းပါပဲ....ချစ်သူရယ်။i miss you myspace orkut friendster comments


အားလုံးကိုအစဉ်ခင်မင်လေးစားလျှက်
                   yarzawinlinlin♥♥ ♥♥ ♥ကောင်လေး♥♥ ♥♥ ♥

No comments:

Post a Comment