
လေထဲက”ငါ”

အလည်လွန်ကာ
လွင့်ထွက်သွားတဲ့စိတ်ကူးတွေနဲ့ အတူ
ဂဂနနဖမ်းဆုပ်မရလိုက်တဲ့
အိပ်မက်များစွာနှင့်
မရေရာတဲ့
မျှော်လင့်ခြင်းတွေရဲ့နောက်ကွယ်က”ငါ”ပါ။

ကစဥ့်ကလျားအတွေးတွေကို
ရှင်သန်ခွင့်ပေးထားရင်း
တရွေ့ ရွေ့ စီးမျောလိုက်ပါနေသူပေါ့။
ထုထည်ကြီးမားလှတဲ့
စိတ်ကူးများစွာကို
ခိုင်ခန့် နိုင်အောင်ကြိုးစားရင်း
ခန့် ညားထည်ဝါလာဖို့ 
ရည်ရွယ်ချက်ကြီးမားနေသူက”ငါ”လေ။

သစ်လွင်တောက်ပတဲ့
ဆေးရောင်စုံစိတ်ကူးတွေနဲ့ အတူ
ရင်ခုန်ခြင်းတွေပြွတ်သိပ်နေအောင်
ပေါင်းထည့်မိတဲ့”ငါ”က
လက်တွေ့ မှာတော့
လေထဲမှာပဲ
နန်းတော်ကြီးဆောက်နေမိသူပါ။

ထာဝရခင်မင်လေးစားလျှက်

No comments:
Post a Comment