မင်္ဂလာပါမိတ်ဆွေတတ်သလောက်လေးဖန်တီးမိသောကျတော့်အိမ်လေးသို့ လာလည်ပေးတာကျေးဇူးအထူးတင်ပါတယ်။နောင်လည်းလမ်းကြုံရင်ဝင်လာလည်ပါဦးနော်။

Wednesday 18 July 2012

”စိတ်လိုအင်အတွက်တင်းသည့်မာန်”(သို့ )”ယောက်ျားတို့ မာန်”

မျှော်လင့်ခြင်းတွေတစ်ပိုင်းတစ်စ
လေဟုန်တောင်ခွင်းဖို့ မာန်ကိုတင်းပြီးမှ
ငါ.....
ဒီမြေကိုနင်းခဲ့တာ....။
ရလိုခြင်းတွေလည်းအပြည့်အဝ
တိုးတက်အောင်မြင်မှု့ ကိုမျှော်ကိုးပြီးမှ
ငါ.....
ဒီမြေကိုနင်းခဲ့တာ....။
တောင့်တမှု့ တွေလည်းအချိုးတကျ
သံယောဇဉ်အမြစ်တွေကိုရင်နာစွာကျောခိုင်းပြီးမှ
ငါ.....
ဒီမြေကိုနင်းခဲ့တာ....။
အသေးအမွှားကံကြမ္မာကလေကချေလေးတွေက
ငါ့..လုပ်အားကိုဖျက်စီးခဲ့ပါစေ..
မဖြစ်စလောက်ဒုက္ခမြွေခြောက်လေးများက
ငါ....ခွန်အားတွေကိုခြိမ်းခြောက်ခဲ့ပါစေ...
လောကီလူတိုင်းကြုံဆုံကြရမဲ့
မရေမရာဝေဒနာလေးတွေနဲ့ 
ဘ၀မှာပြည့်နှက်လို့ နေခဲ့ပါစေ..
လက်မြှောက်ဒူးထောက်
မူးနောက်မဲ့လူမျိုးမဟုတ်ပါ..။
ထိုးထွင်းမည့်ဟန်
ဥာဏ်ကိုဆွဲလို့ 
တိမ်ယံဘုံဖျား
မှော်မှန်းထားသည်
ဆက်လျှောက်သွားမည်။
ယောင်္ကျားတို့ မာန်
ဇွဲစိတ်သန်နှင့်
မြဲမြံဆုပ်ကိုင်
ရည်ရွယ်ရာသို့ 
နောက်မဆုတ်ဘူး။
အာရုံလင်းလက်
ဘုံယံထက်မှ
ထွန်းပြောင်မှု့ အား(အောင်မြင်)
ဆွဲစွတ်ယူလို့ 
ငါဝံ့ကြွားမည်။
သဘောအမှန်
လောကဓံကို
ဇွဲစိတ်သန်နှင့်
အံတုကာယှဉ်
ကြံ့ကြံ့ခံရင်း
ပဲ့ကိုင်နှင်း၍
အံတင်းထားမည်
ကျားတို့ မာန်တည်း....။
                                                 အားလုံးကိုခင်မင်လေးစားလျှက်
                                                    ♥ ♥♥ ♥ကောင်လေး♥♥ ♥♥ ♥

No comments:

Post a Comment