မင်္ဂလာပါမိတ်ဆွေတတ်သလောက်လေးဖန်တီးမိသောကျတော့်အိမ်လေးသို့ လာလည်ပေးတာကျေးဇူးအထူးတင်ပါတယ်။နောင်လည်းလမ်းကြုံရင်ဝင်လာလည်ပါဦးနော်။

Wednesday 18 July 2012

★၅နှစ်သာခရီးသည်★

၅နှစ်သာခရီးသည်
ဆုတ်လည်းဆူး
စားလည်းရူးဆိုသလိုတော့
မဟုတ်သေးဘူး..
ပစ်ရမှာလည်း
ဆီတ၀င်းဝင်း
စားဖို့ ရာလည်း
သဲတရှရှဆိုသလိုဘ၀တွေပါ။
အနာဂတ်တွေကို
ချုပ်နှောင်ထားမှန်းမသိခဲ့လို့ 
လှောင်အိမ်စံဘ၀ကို
ဘာသိဘာသာဝင်တိုးမိတဲ့
ငှက်ငယ်လေးလိုပါပဲ။
လွပ်လပ်စွာပျံသန်းခွင့်တွေ
ပီတိလွှမ်းတဲ့ပျော်ရွှင်မှု့ တွေ
အေးချမ်းလှတဲ့အရိပ်အာဝါသတွေ
နှစ်လိုဖွယ်ဒီအရာတွေကိုစွန့် ပယ်ပြီး
မာနအရောင်တွေဖုံးလွမ်းနေတဲ့
အတ္တတမားတွေကြား
ဒေါသအရောင်တွေလွင့်နေတဲ့
မျက်နှာထားတွေကြား
ထားရာနေပေးရာစား
သခင့်မျက်နှာထားငေးနေရရှာတဲ့
လှောင်အိမ်စံငှက်ကလေးတွေလို
”ငါတို့ ဘ၀”
ရုန်းထွက်ရန်လည်းမရဲကြ
ဆက်တိုးဖို့ လည်းခက်ခဲကြ
သောကကိုယ်စီရင်မှာပိုက်
ပျော်သလိုနေလာလိုက်ရတာ
ပြက္ခဒိန်က၅ရွက်တောင်
အောက်ဖြုတ်ချခဲ့ရပြီ။
အတိတ်အရိပ်ဆိုတာတွေကို
တစ်ခါတလေမဟုတ်ဘူး
ကြုံရင်ကြုံသလို
တမ်းတမိတာပေါ့။
အသိုက်အမြုံဆိုတာတွေကိုလည်း
ရံဖန်ရံခါ
ဘယ်ဟုတ်ပါ့မလည်း
ခဏခဏဆိုသလိုကိုသတိရမိတာပေါ့။
လည်ပတ်နေတဲ့သံသရာထဲမှာ
ညည်းနေကျတေးသွားတစ်ပုဒ်လို
ဖတ်နေကျဝတ္တုတစ်ပုဒ်လို
မက်နေကျအိမ်မက်သေတစ်ခု
တွေ့ မြင်နေကျနေ့ တဓူဝ
အရသာတွေကြား
ဇဝေဇ၀ါဖြတ်သန်းနေရင်း
အချိန်တွေကတော့
အတော်နှောင်းကုန်ရှာပြီ။
အားလုံးကိုအစဉ်ခင်မင်လေးစားလျှက်

No comments:

Post a Comment