မင်္ဂလာပါမိတ်ဆွေတတ်သလောက်လေးဖန်တီးမိသောကျတော့်အိမ်လေးသို့ လာလည်ပေးတာကျေးဇူးအထူးတင်ပါတယ်။နောင်လည်းလမ်းကြုံရင်ဝင်လာလည်ပါဦးနော်။

Wednesday 18 July 2012

မလေးရှားနိုင်ငံစမုံညှင်းမှာတည်ထားကိုးကွယ်တဲ့ ဗုဒ္ဓဘာသာဘုရားကျောင်းနှင့် ဆင်းတုတော်များဖူးကြပါဦးနော်

မလေးရှားနိုင်ငံစမုံညှင်းမှာတည်ထားကိုးကွယ်တဲ့

ဗုဒ္ဓဘာသာဘုရားကျောင်းနှင့်

ဆင်းတုတော်များဖူးကြပါဦးနော်

  • အားလုံးပဲမင်္ဂလာပါကောင်းကင်မှကိုကို၊မမ၊ညီကိုမောင်နှမသူငယ်ချင်းအပေါင်း...
  • ကျွန်တော်ကောင်လေးနဲ့ အဖွဲ့ ယနေ့ 16.4.2012ရက်နေ့ သင်္ကြန်အတက်နေ့ မှာမှာမလေးရှားနိုင်ငံ
  • စမုံညှင်းမှာတည်ထားကိုကွယ်တဲ့ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းနဲ့ ဆင်းတုတော်တွေကို
  • သွားဖူးဖြစ်တာလေး သူငယ်ချင်းတို့ ကိုလည်းအမှတ်တရဖူးစေချင်လို့  တင်ပေးလိုက်ရပါတယ်နော်၊
  • ကျွန်တော်တို့ မြန်မာပြည်မှာဆိုရင်တော့ဘုရားဖူးတယ်ဆိုတာ ဘယ်နေရာသွားသွားရွှေရောင်တ၀င်းဝင်း
  • နဲ့ ဘုရားအစုံကို ကြည်ညိုဖွယ်ရာဖူးမျှော်ကြည်ညိုနိုင်ပေမဲ့ မြန်မာပြည်နဲ့ အလှမ်းဝေးတဲ့
  • ဒီလိုနေရာတွေမှာတော့ ကိုနေတဲ့နေရာနဲ့ မနီးခဲ့ရင်အရမ်း ပင်ပန်းစွာသွားရောက်ဖူးမျှော်ကြရတယ်ဆိုတာ
  • သိစေချင်ယုံသက်သက်ပါဗျာ။
  • ဒီဟာကတော့ဘုရားသို့ တက်ရာလမ်းပေါ့။
  • ဒါကတော့ကြည်ညိုဖွယ်ရာဆင်တုတော်ပါ၊ဖူးကြပါဦးနော်ဒီပုံတော်ကလဲလျောင်းကိုယ်တော်ပါ
ဒီပုံတော်တွေကတော့ဘုရားကျောင်းတော်ပေါ့ဗျာဒါတွေကတော့ဘုရားဝန်းကျင်တောတန်းလေးတွေပါနော်အရမ်းစိမ်းလန်းကြည်ညိုဖွယ်ကောင်းလှပါတယ်.ဒီပုံတွေမှာတော့ကျွန်တော့်ပုံလေးတွေဖယ်ပြီသာဖူးမျှော်သွားကြပါနော် ကျွန်တော်တို့ ဘုရားဖူးသွားကြတဲ့အဖွဲ့ လေးပေါ့၊ခေါင်းလောင်းလည်းထိုးခဲ့သေးတယ်ဗျ၊ကြေးစည်ထုတဲ့တင်းမုတ်ကကျိုးသွားလို့ ဒီတိုင်းပဲထုလိုက်ရတယ်ဗျာ၊ထိုင်းမင်းသားစတိုင်အတုခိုးကြည့်တာပါခိ၊အလှုငွေထည့်ခဲ့ပါသေးတယ်၊နည်းတယ်လို့ တော့မပြောနဲ့ ပေါ့နော်အိမ်မှာပူဇော်ဖို့ ဘုရားမရှိလို့ ပါ ပင့်လာလို့ များရမလားလို့ လေ.....
အားလုံးပဲကျေးဇူးတင်ပါတယ်နော်။မလေးရှားနိုင်ငံလိုနေရာမျိုးမှာ
ဒီလိဲု့ဗုဒ္ဓဘာသာဘုရားကျောင်းနှင့်ဆင်းတုတော်တွေတည်ထားကိုကွယ်ပြီး
ကြည်ညိုစွာသွားရောက်ဖူးမျှော်ခွင့်ရခဲ့ကြတာတွေကို
အနာဂတ်ကောင်းကင်မှညီကိုမောင်နှမဘော်ဒါတွေကိုလည်း
အမှတ်တရအနေနဲ့ ဖူးမျှော်ကြည်ညိုနိုင်စေဖို့  တင်ပြပေးလိုက်ပါတယ်နော်။
(ကျွန်တော်ကောင်လေးရဲ့ပုံလေးတွေပါနေတာလည်း
ကျွန်တော်အိမ်လေးမှာအမှတ်တရဖြစ်စေချင်လို့ တင်လိုက်ရခြင်းကို
နားလည်ပေးကြပါလို့ .........
       အားလုံးကိုခင်မင်လေးစားတဲ့
                                               ♥♥ ♥♥ ♥ကောင်လေး♥♥ ♥♥ ♥

No comments:

Post a Comment