တေးသီငှက်လေးတွေ
သံသာယာကျူးရစ်နေပေမဲ့
ကျွန်တော်နှလုံးသားဥယာဉ်မှာတော့
ရောမမြို့ ပျက်ကြီးလို့ ခြောက်ကပ်နေရှာပေါ့။
အသက်ငင်နေတဲ့
သတ္တ၀ါတစ်ကောင်အတွက်
ရေကြည်လေးတစ်ပေါက်လောက်ကိုတောင့်တမိနေသလိုပါပဲ။
ဝေဟင်ပြင်ကျယ်ကျယ်မှာ
မနားတမ်းပျံသန်းနေသော်လည်း
အသိုက်မဲ့တဲ့ငှက်လေးတစ်ကောင်လိုကျွန်တော့်အတွက်
မိုးမုန်တိုင်းကျလာတဲ့အခါ
ဘယ်နေရာမှာများခိုနားရမှာပါလိမ့်။
ပေါ့ပျက်ပျက်အရသာနဲ့ 
ဟင်းခါးတွေသာစားသုံးရင်း ခံတွင်းမတွေ့ စွာ
လူလားမြောက်ခဲ့တဲ့ကျွန်တော်
နတ်သုဒ္ဒါစားဝိုင်းအလယ်မှာလည်း
မွန်းကျပ်ခြင်းတွေပြည့်နှက်နေမှန်း
ခုတော့လေ......
ကျွန်တော်သိနေပါပြီ။
အားလုံးကိုအစဉ်ခင်မင်လေးစားလျှက်
yarzawinlinlin
သံသာယာကျူးရစ်နေပေမဲ့
ကျွန်တော်နှလုံးသားဥယာဉ်မှာတော့
ရောမမြို့ ပျက်ကြီးလို့ ခြောက်ကပ်နေရှာပေါ့။
အသက်ငင်နေတဲ့
သတ္တ၀ါတစ်ကောင်အတွက်
ရေကြည်လေးတစ်ပေါက်လောက်ကိုတောင့်တမိနေသလိုပါပဲ။
ဝေဟင်ပြင်ကျယ်ကျယ်မှာ
မနားတမ်းပျံသန်းနေသော်လည်း
အသိုက်မဲ့တဲ့ငှက်လေးတစ်ကောင်လိုကျွန်တော့်အတွက်
မိုးမုန်တိုင်းကျလာတဲ့အခါ
ဘယ်နေရာမှာများခိုနားရမှာပါလိမ့်။
ပေါ့ပျက်ပျက်အရသာနဲ့ 
ဟင်းခါးတွေသာစားသုံးရင်း ခံတွင်းမတွေ့ စွာ
လူလားမြောက်ခဲ့တဲ့ကျွန်တော်
နတ်သုဒ္ဒါစားဝိုင်းအလယ်မှာလည်း
မွန်းကျပ်ခြင်းတွေပြည့်နှက်နေမှန်း
ခုတော့လေ......
ကျွန်တော်သိနေပါပြီ။
အားလုံးကိုအစဉ်ခင်မင်လေးစားလျှက်
yarzawinlinlin
No comments:
Post a Comment