မင်္ဂလာပါမိတ်ဆွေတတ်သလောက်လေးဖန်တီးမိသောကျတော့်အိမ်လေးသို့ လာလည်ပေးတာကျေးဇူးအထူးတင်ပါတယ်။နောင်လည်းလမ်းကြုံရင်ဝင်လာလည်ပါဦးနော်။

Thursday 9 August 2012

*လမ်းပျောက်နေသူ၏စိန်ခေါ်သံ*

ကြိုးစားမှု့တိုင်းသာ အရာထင်ခဲ့လျှင်
ငါ့ဘ၀ ငါ့ ကမ္ဘာမှာ အောင်မြင်မှု့တွေနဲ့
ပြည့်ကျပ်နေလောက်ပြီ..
ကံမရှိ ဥာဏ်ရှိတိုင်းမွဲဆိုသလို
ငါ့လုံးလ ၀ီရိယတွေသာ
သဲရေသွန်ပမာဖြစ်ခဲ့ရတယ်
ငါ့ရဲ့ အနာဂါတ်ကတောခုထိမရေရာသေး...
လျှောက်နေတဲ့ လမ်းကပဲမှားနေတာလား
ငါ့ရည်မှန်းချက်တွေကပဲလွဲနေတာလား
စမ်းတ၀ါးဝါးနဲ့ လမ်းလျှောက်နေတာ
ဘယ်အရာကိုပန်းတိုင်လို့သတ်မှတ်ရမလဲတောင်မသိတော့ဘူး..
တည်ဆောက်နေတဲ့ငါ့ကမ္ဘာမှားယွင်းနေပါစေ
ဘ၀ကပေးတဲ့ဒုက္ခတွေများပြားနေပါစေ
လောကထဲရောက်လာတဲ့
ငါ့ဘ၀ကိုတော့တန်ဖိုးထားရမယ်
ရခဲလှတဲ့အသက်တစ်ချောင်းတော့
ကြံဖန်မွေး၇တော့မှာပဲ
ကဲ.......
လောကကံကြမ္မာကြီးေ၇
မင်းကြိုက်သလောက်ဆိုးစမ်း
အသုံးမ၀င်တဲ့ဒုက္ခတွေ
ကြိုက်သလောက်ပေးစမ်း
ငါလမ်းပျောက်နေတဲ့ အချိန်တောင်
ရင်ကော့ပြီး မင်းကိုစိန်ခေါ်နေမယ်
ဘယ်တော့မှ ငါဒူးထောက်အရှုံးမပေးဘူး....

No comments:

Post a Comment