မင်္ဂလာပါမိတ်ဆွေတတ်သလောက်လေးဖန်တီးမိသောကျတော့်အိမ်လေးသို့ လာလည်ပေးတာကျေးဇူးအထူးတင်ပါတယ်။နောင်လည်းလမ်းကြုံရင်ဝင်လာလည်ပါဦးနော်။

Thursday 9 August 2012

*မနေ့ ကကျွန်တော်ပြုလိုက်တဲ့ကုသိုလ်*

  မနေ့ကသီတင်းကျတ်လပြည့်နေ့........
အခါတော်နေ့ဆိုတော့ ကျွန်တော်လည်း  အလုပ်နားပြီးမြန်မာပြည်ကိုအလွမ်းပြေ ရောက်တတ်ရာရာ ဟိုနားဒီနားလျှောက်သွားလိုက်တယ်ဗျ။
အလုပ်ထဲမှာစိတ်တွေဖိစီးနေသမျှအပြင်သွားလိုက်တော့စိတ်မှာနည်းနည်းတော့လန်းသွားတယ်။ဟဲဟဲ..ဒါကintro...
  အပြင်ကိုသွားတာက ကျွန်တော်တို့ သူငယ်ချင်းသုံးရောက်ဗျ.....
မြန်မာဆိုင်တစ်ဆိုင်ထဲ ၀င်လိုက်တော့ အထဲမှာအမကြီးတစ်ယောက် မုန့်ဟင်းခါးတွေ ပါဆယ်ထုတ်နေတာမှ အများကြီးပဲ
  အဲဒါနဲ့နှုတ်ဆော့တတ်တဲ့ကျတော်ကစပြီး
  + *ဟာ..အမကြီး ဘာတွေလဲဗျ*
  -  *မုန့်ဟင်းခါးလေမောင်လေးရဲ့ အလုပ်ကသူငယ်ချင်းတွေကိုကုသိုလ်လုပ်မလို့်
     အိမ်မှာမချက်အားလို့လေ ဒီဆိုင်မှာ အော်ဒါမှာလိုက်ရတာ*
[အလုပ်ကလည်းခပ်များများထင့်ပါ့.....]
 +*ဟာ ကောင်းတာပေါ့အမရယ်  ကုသိုလ်ဆိုတာဘယ်လိုယူယူ.ယူတတ်ရင်ရပါတယ်ဗျာနော့*
_*ဒါပေါ့မောင်လေးရယ်*
[သူကလည်းခပ်ကြွားကြွားလေသံနဲ့]
နဂိုကမှကလိချင်တဲ့ကျတော်ကလည်းဘယ်ရမလဲ
*ကဲ..သူငယ်ချင်းတို့ရေ တွေ့လား ကြုံတုန်းလေးအမကြီးကိုငါတို့ကုသိုလ်လေးပေးလိုက်ကျအောင်ဟေ့*ဆိုတော့
လက်သွက်တဲ့ကျတော်သူငယ်ချင်းတွေကလည်းအလိုက်သိပါ့ မုန်ဟင်းခါးထုတ်၁ယောက်၁ထုတ်ဆီမသွားပါလေရော
ကျတော်လည်းမကောင်းတတ်တာနဲ့ *အမကြီးရေ သာဓုဗျာ သာဓု သာဓု* လို့ခေါ်ပြီး မုန့်ဟင်းခါး၂ထုတ်ဆွဲလာလိုက်တယ်။
နောက်ကကျန်ခဲ့တဲ့အမကြီးခမျာတော့ ပြူးကြောင်ကြောင်နဲ့ ကျန်ခဲ့နေလေရဲ့....
 မုန်ဟင်းခါးထုတ်လေးတွေကိုယ်စီနဲ့ အိမ်ပေါ်မှာ ကုသိုလ်ပေးနေရင်း ကျတော်အကောင့်ကို ဖွင့်ကြည့်တော့
philpineရောက်နေတဲ့အမ၁ယောက်တွေ့တယ်  သူနဲ့ကျတော်နဲ့ကတော့ တကယ့်မောင်နှမအရင်းတွေလိုခင်ကြသူတွေပေါ့
သူ့အကောင့်ပေါ်ကြည့်လိုက်တော့ *မအားသေးဘူးနော် အလုပ်အရမ်းများနေတယ်* တ။ဲ့
ဟင့်အလုပ်များနေရင်လည်း ဘာလို့အကောင့်
ဖွင့်ထားသေးလဲ။ ဒါနဲ့ကျတော်ကပဲစနှုတ်ဆက်လိုက်တယ်
  +*အမ အမ*
_*ဘာလဲ မောင်လေး မအားသေးဘူးနော်*
+*ဟဟ.သိတယ် ကို့အမပင်ပန်းနေတာသိလို့ ရေလာတိုက်တာ ရော့ေ၇ေ၇*
_*အမလေး  ကျေးကျေးပါမောင်လေးရေ ဒီမှာအလုပ်တွေများ နေတာရေတောင်ထမသောက်နိုင်ဘူး   ပေးပေး  *
+*ဟာနေဦးနေဦး သောက်လိုက်ပြီလား*
_*ဟယ်..အေးလေ     *
+*ဟာသွားပြီအဲဒါရေမဟုတ်ဘူး  အရက်တွေ   *
_* ဒီကလေး အလုပ်များနေ ပါတယ်ဆိုလာနောက်နေပြန် ပြီ        *
+*အမ vzoခဏဖွင့်     *
_*မအားပါဘူးဆို အလုပ်တွေများနေတယ် မဖွင့်ဘူး  *
+*ဖွင့်ပါအ မရယ်အဲဒီရေအကြောင်းပြောမလို့ခဏလေးပဲ      *
ကျတော်ဂျီကျတောသူ့ vzoဖွင့်လာတယ်
computerကို ဟိုလှည့်ဒီလှည့် လှည့်ခိုင်းကြည့်တော့  သူနဲ့အတော်ဝေးဝေးလေးမှာ ရေဘူးကိုတွေ့တယ်
+*အမ ဟိုနောက်ကရေဘူးကရေသန့်လား*
_*အေးဟုတ်တယ်   *
+*ခဏလေး သွားယူလိုက်   *
_* ဟာ*
+*သွားပါ  အဲဒီရေအကြောင်းပြောပြမလို့ပါ ဆို     *
ေ၇ဘူးလည်းသူ့လက်ထဲရောက်ရော
+*အမအဲဒီရေကသန့်လို့လား *
 * ဟဲ့ရေသန့်ပါဆို သန့်တာပေါ့ဟဲ့*
 +* ဒါဆိုအဖုံးဖွင့်ပြီး နမ်းကြည့်*
သူလည်းစိတ်မရှည်တော့ဘူးထင်ပါတယ် အဖုံးဖွင်းပြီးတခါတည်းသောက်ချလိုက်တာကျတော်တွေ့လိုက်တယ်
အဲဒီမှာ ကျတော်သူငယ်ချင်းတွေကို အော်ပြောလိုက်
*ဟေ့ကောင်တွေ တွေ့လားဒီနေ့ငါ ရေအကျိုး၁၀ ပါးလို့ခေါ်တဲ့ကုသိုလ်ကြီးကို ထပ်လုပ်လိုက်ပြီကွ    ဟားဟားဟား*
ကဲအားလုံးပဲ မနေ့ကကျတော်လုပ်လိုက်တဲ့ ကုသိုလ်တွေကို  သာဓုခေါ်နိုင်ကြပါစေဗျာ.....။

No comments:

Post a Comment