မင်္ဂလာပါမိတ်ဆွေတတ်သလောက်လေးဖန်တီးမိသောကျတော့်အိမ်လေးသို့ လာလည်ပေးတာကျေးဇူးအထူးတင်ပါတယ်။နောင်လည်းလမ်းကြုံရင်ဝင်လာလည်ပါဦးနော်။

Tuesday 7 August 2012

☂☂♥♥ရိုးမြေကျပတ်သက်ခွင့်☂☂♥♥


☂☂♥♥ရိုးမြေကျပတ်သက်ခွင့်☂☂♥♥
ငါ....
မင်းရှေ့ မှာဒူးထောက်ခဲ့တာမဟုတ်ဘူး
အချစ်ဆိုတာကြီးရဲ့အောက်မှာဒူးထောက် 
အချစ်ရဲ့လောင်းရိပ်အောက်ကို
ပေါ်တင်ကြီးဝင်ခိုခဲ့တာ။

ကွမ်းတစ်မြုံ စာမဟုတ်ဘူး
ဆေးတစ်လိပ်စာမဟုတ်ဘူး
ကော်ဖီတစ်ခွက်စာမဟုတ်ဘူး။
စာတစ်အုပ်လိုဖတ်နေတာလည်းမဟုတ်ဘူး
မှန်တစ်ချပ်လိုကြည့်နေတာလည်းမဟုတ်ဘူး
မင်းမျက်ဝန်းတွေမှတစ်ဆင့်
မေ့နှလုံးသားတည့်တည့်ဆီကြည့်နေတာ။

ငါမင်းအလှကိုပိုင်ဆိုင်ချင်တာမဟုတ်ဘူး
မင်းကိုပိုင်ဆိုင်ချင်တာ
ငါမင်းဘ၀ကိုပိုင်ဆိုင်ချင်တာမဟုတ်ဘူး
မင်းအချစ်ကိုပိုင်ဆိုင်ချင်တာ
ငါမင်းနှုတ်ခမ်းကထွက်ကျလာတဲ့
စကားလုံးတွေကိုလိုချင်တာမဟုတ်ဘူး
မင်းနှလုံးသာကအသိအမှတ်ပြုတာခံချင်တာ
ငါ အတုအယောင်ဂရုဏာတွေကို
တမ်းတတာမဟုတ်ဘူး
မင်းဆီကစစ်မှန်တဲ့အကြင်နာကိုမျှော်ကိုးတာ။

မိုးသားနဲ့ ကောင်းကင်လို
စမ်းချောင်းနဲ့ စမ်းရေလို
ကမ္ဘာမြေနဲ့ လေထုလို
အမြဲထာဝရရှိချင်တာ။

မင်းအတွက်.......
                        ငါ့အတွက်..........
ဖန်သားနန်းတော်ထဲမှာ
မစံမြန်းခဲ့ကြတောင်
စိန်စီတဲ့ပန်းခင်းအလည်မှာ
မလျှောက်လှမ်းဖြစ်ခဲ့ကြတောင်
နောင်ဘ၀ထိသယ်မသွားချင်လည်းနေ
ဒီဘ၀လေးတစ်သက်မှာတော့
နားလည်မှု့ တွေနဲ့ ဖလှယ်ထားရင်း
နှလုံးသားချင်ထပ်၊ရင်ချင်းအပ်
တွဲထားသောလက်တွေမြဲမြံစွာနဲ့ 
☂☂♥♥ရိုးမြေကျပတ်သက်ခွင့်☂☂♥♥
ပဲလိုချင်တယ်။



အားလုံးကိုအစဉ်ခင်မင်လေးစားလျှက်
yarzawinlinlin









No comments:

Post a Comment