မင်္ဂလာပါမိတ်ဆွေတတ်သလောက်လေးဖန်တီးမိသောကျတော့်အိမ်လေးသို့ လာလည်ပေးတာကျေးဇူးအထူးတင်ပါတယ်။နောင်လည်းလမ်းကြုံရင်ဝင်လာလည်ပါဦးနော်။

Monday 1 April 2013

*ရှင်သန်ခြင်း*

*ရှင်သန်ခြင်း*
လက်တစ်ကမ်းစာ အနိစ္စတရား
ပျယ်လွင့်ခြင်း သင်္ခါရတွေထဲ
သူလိုကိုယ်လို တွယ်ကပ်နေရတဲ့
ကပ်ပါးကောင်တစ်ကောင်သာ။
ခိုလှုံခွင့်ရတဲ့ မေတ္တာတရားအောက်
ဘ၀ကိုကျေနပ်စွာခံယူ
တလူလူလွင့် အတ္တတွေကြား
ကမ္ဘာမြေကိုတော့ ကျေးဇူးပြုရဦးမယ်လေ။
အသိတရားတွေ အိပ်မောချမပစ်လိုက်ပါနဲ့ 
ဝေဒနာအသိ ကပ်ငြိသံယောဇဉ်
နောက်ဆုံးသောဘ၀ ဆုံးသတ်ခြင်းထဲ
သင့်ရှင်သန်ခြင်းလေ.......
အဓိပ္ပါယ်ပြည်ဝနေနိုင်ပါစေ။
}}}}}}}}}}}}}}}}}}}}}}}}}}
}}}}}}}}}}}}}}}}
}}}}}}}}
}}}
}
အားလုံးကိုအစဉ်ခင်မင်လေးစားလျက်
yarzawinlinlin 

No comments:

Post a Comment