မင်္ဂလာပါမိတ်ဆွေတတ်သလောက်လေးဖန်တီးမိသောကျတော့်အိမ်လေးသို့ လာလည်ပေးတာကျေးဇူးအထူးတင်ပါတယ်။နောင်လည်းလမ်းကြုံရင်ဝင်လာလည်ပါဦးနော်။

Monday 1 April 2013

*အနိမ့်အမြင့်*

*အနိမ့်အမြင့်*
အပေါ်ကကြည့်တော့အောက်
အောက်ကကြည့်ပြန်တော့အပေါ်
တစိတ်တဒေသစာခြားနားခြင်း
အဲ့ဒီလွင်ပြင်မှာ
သတ်မှတ်ချက်တွေအလီအလီနဲ့ ။
အကွာအဝေးကို တိုင်းတာတဲ့ပေတံအလား
ပကာသနအထုတ်တွေဖြေချရင်း
အဆင့်အတန်းတွေလည်းခွဲ
မြင့်ရာနိမ့်ရာဆက်ဆံရေးတွေကျဲ။
ဖောက်ဖျက်မိတဲ့
ကိုယ်ကျင့်တရားကိုတတိမမူ
ရိုးသားမှု့ တန်ဖိုးတွေလျစ်လျူရှု့ 
တလူလူလွင့်နေတဲ့လောဘတွေမောဟတွေနဲ့ 
အရိုင်းဆန်ဆန်ဇာတ်ဘီလူးတွေဝင်မွှေခံနေရတဲ့ကမ္ဘာမှာ
လက်တစ်ဆုပ်စာဘ၀ရဲ့ကွာခြားခြင်းတွေကို
မာနတံခွန်တွေစိုက် ပကာသနနဲ့ သာတိုင်းတာမြဲ။
ကျင့်ဝတ်ပျက်စိတ်ဝတ်ကျင်းတွေအလည်
တန်းညှိဖို့ ရည်စူးလည်း
ခြံစားခံရမ္မက်သတ်ကွင်းအလည်မှာ
ငါကိုးကွယ်မိတဲ့ကိုယ်ကျင့်တရားရေ
လောကကြီးအလည်တိုင်းတာနေတဲ့
အနိမ့်အမြင့်ပေတံနဲ့ တော့
သဟဇာတတည့်ဖို့ မလွယ်ပေဘူးကွယ်။
ွှွှွှွှွှွှွှွှွှွှွှွှွှွှွှ
အားလုံးကိုအစဉ်ခင်မင်လေးစားလျှက်
yarzawinlinlin

No comments:

Post a Comment