မင်္ဂလာပါမိတ်ဆွေတတ်သလောက်လေးဖန်တီးမိသောကျတော့်အိမ်လေးသို့ လာလည်ပေးတာကျေးဇူးအထူးတင်ပါတယ်။နောင်လည်းလမ်းကြုံရင်ဝင်လာလည်ပါဦးနော်။

Friday 5 April 2013

Ƹ̵̡Ӝ̵̨̄Ʒ အလွမ်းသင်္ကြန်Ƹ̵̡Ӝ̵̨̄Ʒ

Ƹ̵̡Ӝ̵̨̄Ʒ Ƹ̵̡Ӝ̵̨̄Ʒ အလွမ်းသင်္ကြန်Ƹ̵̡Ӝ̵̨̄Ʒ Ƹ̵̡Ӝ̵̨̄Ʒ 
အိုသင်္ကြန်ရေ...
သင်းပျံ့ တဲ့မွှေးရနံ့ 
ပိတောက်တစ်ခက်ရင်မှာပိုက်
တအားတာနမ်းရှိုက်မိ
နှစ်သစ်ဆိုတဲ့အသိနဲ့ 
နွေပူပူမှာကဲ
ဆင်နွှဲဖူးတဲ့ရိုးရာအတာပွဲ။
Ƹ̵̡Ӝ̵̨̄ƷƸ̵̡Ӝ̵̨̄ƷƸ̵̡Ӝ̵̨̄Ʒ
ငယ်သူရဲ့အသိမှာ
ပျော်မြူးခြင်းမှလွဲ
သင်္ကြန်ရဲ့အရသာတွေပြည့်စုံခဲ့
ယမကာမကူ
မာယာမကူ
ရေစင်သာတသွင်သွင်ပက်ဖျန်း
ဒီခရီးလမ်းလေးလည်း
ပြန်လွမ်းလို့ ရယ်မပြေနိုင်။
Ƹ̵̡Ӝ̵̨̄ƷƸ̵̡Ӝ̵̨̄ƷƸ̵̡Ӝ̵̨̄Ʒ
ရေတစ်ခွက်သာတအားလွှဲပက်
တိုက်စစ်ဆင်ရေလက်နက်တွေကြား
သူနိုင်ကိုယ်နိုင်အပြိုင်ကဲခဲ့ကြ
သံချပ်နဲ့ တူးပို့ သံ
လမ်းတကာမှာပြည့်လျှံ
ချစ်သူခင်သူမုန်းသူရယ်မခွဲခြား
ဖြူစင်လှတဲ့ဒီအသိမှာ
သင်္ကြန်ဆိုတဲ့သင်္ကေတ
အဲ့ဒီအရွယ်က
အပြည့်အ၀လွှင့်တင်ဖူးတဲ့
ပျော်ရွှင်ခြင်းတရားရယ်ပါ။
Ƹ̵̡Ӝ̵̨̄ƷƸ̵̡Ӝ̵̨̄ƷƸ̵̡Ӝ̵̨̄Ʒ
ဘယ်လိုအတိတ်
ဘယ်လိုစိတ်နဲ့ မှဖြေမဆည်နိုင်
ပန်းပိတောက်ရနံ့ တငွေ့ ငွေ့ သင်း
အတာဆိုတာတရေးရေးပီပြင်လာတဲ့ခါ
အလွမ်းတွေသာတရစ်ရစ်ဝဲ
အကယ်လို့ များ..
ပြန်တောင့်တခွင့်ရှိခဲ့ရင်လေ
ဒီနှစ်သင်္ကြန်မှာ
ငယ်စဉ်ကအတာရက်လေးတွေလို
ပြန်ပျော်ခွင့်ရလိုက်ချင်ပါရဲ့
ငါမြတ်နိုးမိတဲ့သင်္ကြန်ရေ။
Ƹ̵̡Ӝ̵̨̄ƷƸ̵̡Ӝ̵̨̄ƷƸ̵̡Ӝ̵̨̄ƷƸ̵̡Ӝ̵̨̄ƷƸ̵̡Ӝ̵̨̄ƷƸ̵̡Ӝ̵̨̄Ʒ
အားလုံးကိုအစဉ်ခင်မင်လေးစားလျှက်
yarzawinlinlin

No comments:

Post a Comment