မင်္ဂလာပါမိတ်ဆွေတတ်သလောက်လေးဖန်တီးမိသောကျတော့်အိမ်လေးသို့ လာလည်ပေးတာကျေးဇူးအထူးတင်ပါတယ်။နောင်လည်းလမ်းကြုံရင်ဝင်လာလည်ပါဦးနော်။

Friday, 5 April 2013

Ƹ̵̡Ӝ̵̨̄Ʒ အလွမ်းသင်္ကြန်Ƹ̵̡Ӝ̵̨̄Ʒ

Ƹ̵̡Ӝ̵̨̄Ʒ Ƹ̵̡Ӝ̵̨̄Ʒ အလွမ်းသင်္ကြန်Ƹ̵̡Ӝ̵̨̄Ʒ Ƹ̵̡Ӝ̵̨̄Ʒ 
အိုသင်္ကြန်ရေ...
သင်းပျံ့ တဲ့မွှေးရနံ့ 
ပိတောက်တစ်ခက်ရင်မှာပိုက်
တအားတာနမ်းရှိုက်မိ
နှစ်သစ်ဆိုတဲ့အသိနဲ့ 
နွေပူပူမှာကဲ
ဆင်နွှဲဖူးတဲ့ရိုးရာအတာပွဲ။
Ƹ̵̡Ӝ̵̨̄ƷƸ̵̡Ӝ̵̨̄ƷƸ̵̡Ӝ̵̨̄Ʒ
ငယ်သူရဲ့အသိမှာ
ပျော်မြူးခြင်းမှလွဲ
သင်္ကြန်ရဲ့အရသာတွေပြည့်စုံခဲ့
ယမကာမကူ
မာယာမကူ
ရေစင်သာတသွင်သွင်ပက်ဖျန်း
ဒီခရီးလမ်းလေးလည်း
ပြန်လွမ်းလို့ ရယ်မပြေနိုင်။
Ƹ̵̡Ӝ̵̨̄ƷƸ̵̡Ӝ̵̨̄ƷƸ̵̡Ӝ̵̨̄Ʒ
ရေတစ်ခွက်သာတအားလွှဲပက်
တိုက်စစ်ဆင်ရေလက်နက်တွေကြား
သူနိုင်ကိုယ်နိုင်အပြိုင်ကဲခဲ့ကြ
သံချပ်နဲ့ တူးပို့ သံ
လမ်းတကာမှာပြည့်လျှံ
ချစ်သူခင်သူမုန်းသူရယ်မခွဲခြား
ဖြူစင်လှတဲ့ဒီအသိမှာ
သင်္ကြန်ဆိုတဲ့သင်္ကေတ
အဲ့ဒီအရွယ်က
အပြည့်အ၀လွှင့်တင်ဖူးတဲ့
ပျော်ရွှင်ခြင်းတရားရယ်ပါ။
Ƹ̵̡Ӝ̵̨̄ƷƸ̵̡Ӝ̵̨̄ƷƸ̵̡Ӝ̵̨̄Ʒ
ဘယ်လိုအတိတ်
ဘယ်လိုစိတ်နဲ့ မှဖြေမဆည်နိုင်
ပန်းပိတောက်ရနံ့ တငွေ့ ငွေ့ သင်း
အတာဆိုတာတရေးရေးပီပြင်လာတဲ့ခါ
အလွမ်းတွေသာတရစ်ရစ်ဝဲ
အကယ်လို့ များ..
ပြန်တောင့်တခွင့်ရှိခဲ့ရင်လေ
ဒီနှစ်သင်္ကြန်မှာ
ငယ်စဉ်ကအတာရက်လေးတွေလို
ပြန်ပျော်ခွင့်ရလိုက်ချင်ပါရဲ့
ငါမြတ်နိုးမိတဲ့သင်္ကြန်ရေ။
Ƹ̵̡Ӝ̵̨̄ƷƸ̵̡Ӝ̵̨̄ƷƸ̵̡Ӝ̵̨̄ƷƸ̵̡Ӝ̵̨̄ƷƸ̵̡Ӝ̵̨̄ƷƸ̵̡Ӝ̵̨̄Ʒ
အားလုံးကိုအစဉ်ခင်မင်လေးစားလျှက်
yarzawinlinlin

Monday, 1 April 2013

*အနိမ့်အမြင့်*

*အနိမ့်အမြင့်*
အပေါ်ကကြည့်တော့အောက်
အောက်ကကြည့်ပြန်တော့အပေါ်
တစိတ်တဒေသစာခြားနားခြင်း
အဲ့ဒီလွင်ပြင်မှာ
သတ်မှတ်ချက်တွေအလီအလီနဲ့ ။
အကွာအဝေးကို တိုင်းတာတဲ့ပေတံအလား
ပကာသနအထုတ်တွေဖြေချရင်း
အဆင့်အတန်းတွေလည်းခွဲ
မြင့်ရာနိမ့်ရာဆက်ဆံရေးတွေကျဲ။
ဖောက်ဖျက်မိတဲ့
ကိုယ်ကျင့်တရားကိုတတိမမူ
ရိုးသားမှု့ တန်ဖိုးတွေလျစ်လျူရှု့ 
တလူလူလွင့်နေတဲ့လောဘတွေမောဟတွေနဲ့ 
အရိုင်းဆန်ဆန်ဇာတ်ဘီလူးတွေဝင်မွှေခံနေရတဲ့ကမ္ဘာမှာ
လက်တစ်ဆုပ်စာဘ၀ရဲ့ကွာခြားခြင်းတွေကို
မာနတံခွန်တွေစိုက် ပကာသနနဲ့ သာတိုင်းတာမြဲ။
ကျင့်ဝတ်ပျက်စိတ်ဝတ်ကျင်းတွေအလည်
တန်းညှိဖို့ ရည်စူးလည်း
ခြံစားခံရမ္မက်သတ်ကွင်းအလည်မှာ
ငါကိုးကွယ်မိတဲ့ကိုယ်ကျင့်တရားရေ
လောကကြီးအလည်တိုင်းတာနေတဲ့
အနိမ့်အမြင့်ပေတံနဲ့ တော့
သဟဇာတတည့်ဖို့ မလွယ်ပေဘူးကွယ်။
ွှွှွှွှွှွှွှွှွှွှွှွှွှွှွှ
အားလုံးကိုအစဉ်ခင်မင်လေးစားလျှက်
yarzawinlinlin

*ရှင်သန်ခြင်း*

*ရှင်သန်ခြင်း*
လက်တစ်ကမ်းစာ အနိစ္စတရား
ပျယ်လွင့်ခြင်း သင်္ခါရတွေထဲ
သူလိုကိုယ်လို တွယ်ကပ်နေရတဲ့
ကပ်ပါးကောင်တစ်ကောင်သာ။
ခိုလှုံခွင့်ရတဲ့ မေတ္တာတရားအောက်
ဘ၀ကိုကျေနပ်စွာခံယူ
တလူလူလွင့် အတ္တတွေကြား
ကမ္ဘာမြေကိုတော့ ကျေးဇူးပြုရဦးမယ်လေ။
အသိတရားတွေ အိပ်မောချမပစ်လိုက်ပါနဲ့ 
ဝေဒနာအသိ ကပ်ငြိသံယောဇဉ်
နောက်ဆုံးသောဘ၀ ဆုံးသတ်ခြင်းထဲ
သင့်ရှင်သန်ခြင်းလေ.......
အဓိပ္ပါယ်ပြည်ဝနေနိုင်ပါစေ။
}}}}}}}}}}}}}}}}}}}}}}}}}}
}}}}}}}}}}}}}}}}
}}}}}}}}
}}}
}
အားလုံးကိုအစဉ်ခင်မင်လေးစားလျက်
yarzawinlinlin 

Friday, 29 March 2013

☛☛☛တမ်းတ☚☚☚

☛☛☛တမ်းတ☚☚☚
ငယ်စဉ်ခါကလေးအတွေးအရသာ
ဖြူစင်တဲ့ကျောင်းသားဘဝ
နာကျင်စွာပြန်တောင့်တမိ
ကျောင်းတက်ခေါင်းလောင်းထိုးသံကြားတိုင်းလွမ်းတယ်။
✎✎✎✎✎✎✎✎
လက်ဝါးလေးဖြန့် ကာ
အဖေ့ဆီတောင်းတယ်
ရင်ခွင်ထဲတိုးကာ
အမေ့ကိုချွဲခဲ့
နှစ်ခါပြန်မရနိုင်တော့တဲ့ဒီရသလေးတွေ
ဖုန်းခွက်လေးထဲမှ
ဖေ၊မေ့သံကြားတိုင်းလွမ်းတယ်။
 ✎✎✎✎✎✎✎✎
တူဆော့ကစား
ပျော်ပါးကျီဆယ်
စနောက်ရင်းမရိုးနိုင်တဲ့
ဟိုစဉ်ကငယ်ပေါင်းလေးတွေ
မျက်လုံးလေးမှိတ်အတွေးပုံရိပ်ဝင်လာ
စာအံသံလေးသဲ့သဲ့ကြားတိုင်းလွမ်းတယ်။
✎✎✎✎✎✎✎✎
ရင်မှာအစဉ်ဆို့ နစ်ကြေကွဲ
အိပ်မက်တစ်ခုလို
လေဟာနယ်မှာပျောက်ကွယ်ခဲ့ရ
ကံကြမ္မာရဲ့ပြောင်းလဲခြင်းတွေထဲမှာ
တမြတ်တနိုးရည်စူးခဲ့သော်ငြား
ဆုပ်ကိုင်နင်းလျှောက်ခွင့်မရတော့တဲ့
ရည်မှန်းချက်လေးတွေကိုလွမ်းတယ်။
✎✎✎✎✎✎✎✎
သိုက်သိုက်ဝန်းဝန်း
ပျော်ဖူးကမ္ဘာမှာ
လက်စုံတူစားထမင်းဝိုင်းနှင့်
နွေးထွေးမေတ္တာ
ဂရုဏာပျိုးခင်းလေးတွေထဲက
ဖြူစင်တဲ့မိသားစုဘ၀လေးကိုလွမ်းတယ်။
✎✎✎✎✎✎✎✎
ထုံးဖြူဖြူရစ်
ရွှေရောင်ဝင်းနှင့်
သပ္ပါယ်ကြည်ညို
ဘုရားရှင်အရိပ်အောက်က
မွေးဖွားခဲ့ရာအမိနိုင်ငံ
ကြီးပြင်းပျော်ဖူးခဲ့ရာအမိနိုင်ငံ
ခွဲခွာရက်ရှည်ကြာခဲ့သော်ငြား
ဒါတွေကို...
နေ့ တစ်ဓူဝတမ်းတရင်း
ရင်မှာအစဉ်ဆို့ ဆို့ နစ်နစ်လွမ်းမိပါရဲ့။ 
 ✎✎✎✎✎✎✎✎✎✎✎✎
အားလုံးကိုအစဉ်ခင်မင်လေးစားလျှက်
yarzawinlinlin  
 

 

Saturday, 23 March 2013

^^<အရှုံးနဲ့ ......လူ>^^
တယုတယ
ပြန်လည်ပြုစုထားလိုက်ချင်ပါသေးရဲ့
အပြိုင်းပြိုင်းထဖူးတဲ့
စိတ်ကူးတွေကို။
ထဲထဲဝင်ဝင်စကားလုံးတွေနဲ့ 
စာမဖွဲ့ တတ်ခဲ့သူ
ငါလိုလူရဲ့အလွမ်းက
မင်းအတွက်
ဘာရသမှမမြောက်စေရော့သလားချစ်သူ။
တကယ်ဆိုကိုဟာ
အရှုံးနဲ့ လူပါ.....
ငါ့ဘဝ
ငါ့အတ္တကို
တံတားတစ်စင်းလို
ကျောခင်းလို့ ပေးပြီးတဲ့နောက်
ဆန္ဒ၊မာနတွေ
ဘာတစ်ခုမှဂရုမမူပါနဲ့ တော့
စိတ်ရှိလက်ရှိသာ
ချနင်းသွားလိုက်စမ်းပါ
ကြည်ဖြူကာခွင့်လွတ်လိုက်ပါ့မယ်
စွန့် ကြဲဖူးတဲ့အပြုံးလေးတွေသာ
င့ါကို...
ထာဝရသိမ်းထားခွင့်ကိုပေး။
 

Saturday, 16 March 2013

^^^လောင်စာ^^^

^^^လောင်စာ^^^
အရှုံးရဲ့ကျိန်စာတွေကို
ဝိရိယဓားသွားနဲ့ 
ပြန်ခုတ်ပိုင်းလိုက်တယ်
စူးရှရှပဲ့တင်မှု့ တွေက
ရင်ကိုလာထိုးနှက်လိုက်တာ
အားအင်တွေတောင်ကုန်ခမ်းလုနီးနီးပဲ။
^^^^^^
အပိုင်းပိုင်းခုတ်ဖြတ်ခံလိုက်ရတဲ့
အနာဂတ်တွေအတွက်
လက်ရှိရပ်တည်မှု့ က
အစွန်အဖျားမှာပါပဲ
ကံကြမ္မာဆီက
မျက်နှာသာမရတဲ့နောက်
ရသလိုသာနင်းလျှောက်ခဲ့ပေမဲ့
တည်ဆဲဘ၀ကိုတော့
ဘယ်တုန်းကမှ
အရသာဖျက်မပစ်ရက်ခဲ့ဘူး။
^^^^^
အိမ်ဝေးငှက်တစ်ကောင်ရဲ့
အလွမ်းပြခင်းတွေထဲမှာ
အသက်ရှုဖို့ တောင်
မေ့ခဲ့တဲ့နေ့ တွေ
ရင်သပ်ရှု့ မောစွာကြုံဖူးသော်ငြား
တင်းတင်းဆုပ်ထားတဲ့
အားအင်တွေနဲ့ အတူ
အဲ့ဒီဒုက္ခတရားတွေကို
တွန်းလှန်းမိနေတုန်းပဲ။
^^^^^
တကယ်တော့...
ဗလာတွေသာပွေ့ ပိုက်ခွင့်ရတဲ့ဘ၀မှာလည်း
နေတတ်သမျှတော့
ကျေနပ်စရာတွေရှိသားပါပဲ
ရမ္မက်နဲ့ အတ္တကို
လိုသလောက်လေးပြေလျှော့ရုံ
သောကရဲ့အရသာကို
ပေးဆပ်လိုခြင်းတွေနဲ့ ဖြည့်တွေးမိရုံ
ပြင်းရှရှမောဟတွေကို
သင်ခန်းစာအဖြစ်သင်ယူမိရုံနဲ့ 
 တစ်နေ့ တစ်ခြားရင့်ကျက်စပြုလာတဲ့ဘ၀မှာ
စိတ်ခွန်အားလောင်စာတွေကို
တန်ဖိုးထားအသုံးချကြည့်ဖို့ 
တမြတ်တနိုးပြုစုထားမိတယ်။
^^^^^
ခုတော့လည်းလေ
လူဆိုတဲ့
သံယောဇဉ်သိုလှောင်ရုံကြီးထဲမှာ
တဏှာအမြစ်တွေတွယ်လို့ တွယ်
ရာဂတွေသာအထပ်ထပ်စု
ငြိမ်းချမ်းမှု့ ပြတင်းတံခါးက
ခပ်ဟဟလေးတောင်
ပွင့်မလာသေးပေမဲ့....
အသင်လောကကြီးရေ...
ဘယ်တော့မှအရှိန်မသတ်မဲ့
အဲ့ဒီစိတ်ခွန်အားလောင်စာတွေနဲ့ 
ဘ၀ကိုထာဝရခရီးဆက်နေမယ်
ဒူးထောက်အညံ့ခံဖို့ တော့
တစ်မြူစာတောင်ကျွန်ုပ်မတွေးမိခဲ့ဘူး။
^^^^^^^^^^^^^^^^^^^^^^^^^^^^^^
^^^^^^^^^^^^^^^^^^^^
^^^^^^^^^^^^
^^^^^^^^^
^^^^^^
^^^
^
အားလုံးကိုအစဉ်ခင်မင်လေးစားလျှက်
yarzawinlinlin

Wednesday, 13 March 2013

ဟာကွက်

*ဟာကွက်*
ဟန်ဆောင်မှု့ ပြတင်းတံခါးမှာ
သူ့ မာနတွေချိတ်ထားတာတွေ့ တယ်
သံယောဇဉ်ပြယုဂ်ကို
လျစ်လျူရှု့ ထားသလိုပေါ့
ပီပြင်တဲ့သရုပ်ပြကွက်ဆိုသော်ငြား
ငါ့ကိုတော့မညာပါနဲ့
ကောင်မလေး
မျက်ဝန်းနက်နက်တွေနဲ့ 
မင်းအကြည့်တွေထဲမှာ
အချစ်သင်္ကေတတွေကို
မျှားနတ်မောင်လေးညို့ နဲ့ မထိတွေ့ ပဲ
ငါက....
ရိပ်မိပြီးသား။ 
yarzawinlinlin