မင်္ဂလာပါမိတ်ဆွေတတ်သလောက်လေးဖန်တီးမိသောကျတော့်အိမ်လေးသို့ လာလည်ပေးတာကျေးဇူးအထူးတင်ပါတယ်။နောင်လည်းလမ်းကြုံရင်ဝင်လာလည်ပါဦးနော်။

Friday, 5 April 2013

Ƹ̵̡Ӝ̵̨̄Ʒ အလွမ်းသင်္ကြန်Ƹ̵̡Ӝ̵̨̄Ʒ

Ƹ̵̡Ӝ̵̨̄Ʒ Ƹ̵̡Ӝ̵̨̄Ʒ အလွမ်းသင်္ကြန်Ƹ̵̡Ӝ̵̨̄Ʒ Ƹ̵̡Ӝ̵̨̄Ʒ 
အိုသင်္ကြန်ရေ...
သင်းပျံ့ တဲ့မွှေးရနံ့ 
ပိတောက်တစ်ခက်ရင်မှာပိုက်
တအားတာနမ်းရှိုက်မိ
နှစ်သစ်ဆိုတဲ့အသိနဲ့ 
နွေပူပူမှာကဲ
ဆင်နွှဲဖူးတဲ့ရိုးရာအတာပွဲ။
Ƹ̵̡Ӝ̵̨̄ƷƸ̵̡Ӝ̵̨̄ƷƸ̵̡Ӝ̵̨̄Ʒ
ငယ်သူရဲ့အသိမှာ
ပျော်မြူးခြင်းမှလွဲ
သင်္ကြန်ရဲ့အရသာတွေပြည့်စုံခဲ့
ယမကာမကူ
မာယာမကူ
ရေစင်သာတသွင်သွင်ပက်ဖျန်း
ဒီခရီးလမ်းလေးလည်း
ပြန်လွမ်းလို့ ရယ်မပြေနိုင်။
Ƹ̵̡Ӝ̵̨̄ƷƸ̵̡Ӝ̵̨̄ƷƸ̵̡Ӝ̵̨̄Ʒ
ရေတစ်ခွက်သာတအားလွှဲပက်
တိုက်စစ်ဆင်ရေလက်နက်တွေကြား
သူနိုင်ကိုယ်နိုင်အပြိုင်ကဲခဲ့ကြ
သံချပ်နဲ့ တူးပို့ သံ
လမ်းတကာမှာပြည့်လျှံ
ချစ်သူခင်သူမုန်းသူရယ်မခွဲခြား
ဖြူစင်လှတဲ့ဒီအသိမှာ
သင်္ကြန်ဆိုတဲ့သင်္ကေတ
အဲ့ဒီအရွယ်က
အပြည့်အ၀လွှင့်တင်ဖူးတဲ့
ပျော်ရွှင်ခြင်းတရားရယ်ပါ။
Ƹ̵̡Ӝ̵̨̄ƷƸ̵̡Ӝ̵̨̄ƷƸ̵̡Ӝ̵̨̄Ʒ
ဘယ်လိုအတိတ်
ဘယ်လိုစိတ်နဲ့ မှဖြေမဆည်နိုင်
ပန်းပိတောက်ရနံ့ တငွေ့ ငွေ့ သင်း
အတာဆိုတာတရေးရေးပီပြင်လာတဲ့ခါ
အလွမ်းတွေသာတရစ်ရစ်ဝဲ
အကယ်လို့ များ..
ပြန်တောင့်တခွင့်ရှိခဲ့ရင်လေ
ဒီနှစ်သင်္ကြန်မှာ
ငယ်စဉ်ကအတာရက်လေးတွေလို
ပြန်ပျော်ခွင့်ရလိုက်ချင်ပါရဲ့
ငါမြတ်နိုးမိတဲ့သင်္ကြန်ရေ။
Ƹ̵̡Ӝ̵̨̄ƷƸ̵̡Ӝ̵̨̄ƷƸ̵̡Ӝ̵̨̄ƷƸ̵̡Ӝ̵̨̄ƷƸ̵̡Ӝ̵̨̄ƷƸ̵̡Ӝ̵̨̄Ʒ
အားလုံးကိုအစဉ်ခင်မင်လေးစားလျှက်
yarzawinlinlin

Monday, 1 April 2013

*အနိမ့်အမြင့်*

*အနိမ့်အမြင့်*
အပေါ်ကကြည့်တော့အောက်
အောက်ကကြည့်ပြန်တော့အပေါ်
တစိတ်တဒေသစာခြားနားခြင်း
အဲ့ဒီလွင်ပြင်မှာ
သတ်မှတ်ချက်တွေအလီအလီနဲ့ ။
အကွာအဝေးကို တိုင်းတာတဲ့ပေတံအလား
ပကာသနအထုတ်တွေဖြေချရင်း
အဆင့်အတန်းတွေလည်းခွဲ
မြင့်ရာနိမ့်ရာဆက်ဆံရေးတွေကျဲ။
ဖောက်ဖျက်မိတဲ့
ကိုယ်ကျင့်တရားကိုတတိမမူ
ရိုးသားမှု့ တန်ဖိုးတွေလျစ်လျူရှု့ 
တလူလူလွင့်နေတဲ့လောဘတွေမောဟတွေနဲ့ 
အရိုင်းဆန်ဆန်ဇာတ်ဘီလူးတွေဝင်မွှေခံနေရတဲ့ကမ္ဘာမှာ
လက်တစ်ဆုပ်စာဘ၀ရဲ့ကွာခြားခြင်းတွေကို
မာနတံခွန်တွေစိုက် ပကာသနနဲ့ သာတိုင်းတာမြဲ။
ကျင့်ဝတ်ပျက်စိတ်ဝတ်ကျင်းတွေအလည်
တန်းညှိဖို့ ရည်စူးလည်း
ခြံစားခံရမ္မက်သတ်ကွင်းအလည်မှာ
ငါကိုးကွယ်မိတဲ့ကိုယ်ကျင့်တရားရေ
လောကကြီးအလည်တိုင်းတာနေတဲ့
အနိမ့်အမြင့်ပေတံနဲ့ တော့
သဟဇာတတည့်ဖို့ မလွယ်ပေဘူးကွယ်။
ွှွှွှွှွှွှွှွှွှွှွှွှွှွှွှ
အားလုံးကိုအစဉ်ခင်မင်လေးစားလျှက်
yarzawinlinlin

*ရှင်သန်ခြင်း*

*ရှင်သန်ခြင်း*
လက်တစ်ကမ်းစာ အနိစ္စတရား
ပျယ်လွင့်ခြင်း သင်္ခါရတွေထဲ
သူလိုကိုယ်လို တွယ်ကပ်နေရတဲ့
ကပ်ပါးကောင်တစ်ကောင်သာ။
ခိုလှုံခွင့်ရတဲ့ မေတ္တာတရားအောက်
ဘ၀ကိုကျေနပ်စွာခံယူ
တလူလူလွင့် အတ္တတွေကြား
ကမ္ဘာမြေကိုတော့ ကျေးဇူးပြုရဦးမယ်လေ။
အသိတရားတွေ အိပ်မောချမပစ်လိုက်ပါနဲ့ 
ဝေဒနာအသိ ကပ်ငြိသံယောဇဉ်
နောက်ဆုံးသောဘ၀ ဆုံးသတ်ခြင်းထဲ
သင့်ရှင်သန်ခြင်းလေ.......
အဓိပ္ပါယ်ပြည်ဝနေနိုင်ပါစေ။
}}}}}}}}}}}}}}}}}}}}}}}}}}
}}}}}}}}}}}}}}}}
}}}}}}}}
}}}
}
အားလုံးကိုအစဉ်ခင်မင်လေးစားလျက်
yarzawinlinlin 

Friday, 29 March 2013

☛☛☛တမ်းတ☚☚☚

☛☛☛တမ်းတ☚☚☚
ငယ်စဉ်ခါကလေးအတွေးအရသာ
ဖြူစင်တဲ့ကျောင်းသားဘဝ
နာကျင်စွာပြန်တောင့်တမိ
ကျောင်းတက်ခေါင်းလောင်းထိုးသံကြားတိုင်းလွမ်းတယ်။
✎✎✎✎✎✎✎✎✎✎
လက်ဝါးလေးဖြန့် ကာ
အဖေ့ဆီတောင်းတယ်
ရင်ခွင်ထဲတိုးကာ
အမေ့ကိုချွဲခဲ့
နှစ်ခါပြန်မရနိုင်တော့တဲ့ဒီရသလေးတွေ
ဖုန်းခွက်လေးထဲမှ
ဖေ၊မေ့သံကြားတိုင်းလွမ်းတယ်။
 ✎✎✎✎✎✎✎✎✎✎
တူဆော့ကစား
ပျော်ပါးကျီဆယ်
စနောက်ရင်းမရိုးနိုင်တဲ့
ဟိုစဉ်ကငယ်ပေါင်းလေးတွေ
မျက်လုံးလေးမှိတ်အတွေးပုံရိပ်ဝင်လာ
စာအံသံလေးသဲ့သဲ့ကြားတိုင်းလွမ်းတယ်။
✎✎✎✎✎✎✎✎✎✎
ရင်မှာအစဉ်ဆို့ နစ်ကြေကွဲ
အိပ်မက်တစ်ခုလို
လေဟာနယ်မှာပျောက်ကွယ်ခဲ့ရ
ကံကြမ္မာရဲ့ပြောင်းလဲခြင်းတွေထဲမှာ
တမြတ်တနိုးရည်စူးခဲ့သော်ငြား
ဆုပ်ကိုင်နင်းလျှောက်ခွင့်မရတော့တဲ့
ရည်မှန်းချက်လေးတွေကိုလွမ်းတယ်။
✎✎✎✎✎✎✎✎✎✎
သိုက်သိုက်ဝန်းဝန်း
ပျော်ဖူးကမ္ဘာမှာ
လက်စုံတူစားထမင်းဝိုင်းနှင့်
နွေးထွေးမေတ္တာ
ဂရုဏာပျိုးခင်းလေးတွေထဲက
ဖြူစင်တဲ့မိသားစုဘ၀လေးကိုလွမ်းတယ်။
✎✎✎✎✎✎✎✎✎✎
ထုံးဖြူဖြူရစ်
ရွှေရောင်ဝင်းနှင့်
သပ္ပါယ်ကြည်ညို
ဘုရားရှင်အရိပ်အောက်က
မွေးဖွားခဲ့ရာအမိနိုင်ငံ
ကြီးပြင်းပျော်ဖူးခဲ့ရာအမိနိုင်ငံ
ခွဲခွာရက်ရှည်ကြာခဲ့သော်ငြား
ဒါတွေကို...
နေ့ တစ်ဓူဝတမ်းတရင်း
ရင်မှာအစဉ်ဆို့ ဆို့ နစ်နစ်လွမ်းမိပါရဲ့။ 
 ✎✎✎✎✎✎✎✎✎✎✎✎✎✎✎✎
အားလုံးကိုအစဉ်ခင်မင်လေးစားလျှက်
yarzawinlinlin  
 

 

Saturday, 23 March 2013

^^<အရှုံးနဲ့ ......လူ>^^
တယုတယ
ပြန်လည်ပြုစုထားလိုက်ချင်ပါသေးရဲ့
အပြိုင်းပြိုင်းထဖူးတဲ့
စိတ်ကူးတွေကို။
ထဲထဲဝင်ဝင်စကားလုံးတွေနဲ့ 
စာမဖွဲ့ တတ်ခဲ့သူ
ငါလိုလူရဲ့အလွမ်းက
မင်းအတွက်
ဘာရသမှမမြောက်စေရော့သလားချစ်သူ။
တကယ်ဆိုကိုဟာ
အရှုံးနဲ့ လူပါ.....
ငါ့ဘဝ
ငါ့အတ္တကို
တံတားတစ်စင်းလို
ကျောခင်းလို့ ပေးပြီးတဲ့နောက်
ဆန္ဒ၊မာနတွေ
ဘာတစ်ခုမှဂရုမမူပါနဲ့ တော့
စိတ်ရှိလက်ရှိသာ
ချနင်းသွားလိုက်စမ်းပါ
ကြည်ဖြူကာခွင့်လွတ်လိုက်ပါ့မယ်
စွန့် ကြဲဖူးတဲ့အပြုံးလေးတွေသာ
င့ါကို...
ထာဝရသိမ်းထားခွင့်ကိုပေး။
 

Saturday, 16 March 2013

^^^လောင်စာ^^^

^^^လောင်စာ^^^
အရှုံးရဲ့ကျိန်စာတွေကို
ဝိရိယဓားသွားနဲ့ 
ပြန်ခုတ်ပိုင်းလိုက်တယ်
စူးရှရှပဲ့တင်မှု့ တွေက
ရင်ကိုလာထိုးနှက်လိုက်တာ
အားအင်တွေတောင်ကုန်ခမ်းလုနီးနီးပဲ။
^^^^^^
အပိုင်းပိုင်းခုတ်ဖြတ်ခံလိုက်ရတဲ့
အနာဂတ်တွေအတွက်
လက်ရှိရပ်တည်မှု့ က
အစွန်အဖျားမှာပါပဲ
ကံကြမ္မာဆီက
မျက်နှာသာမရတဲ့နောက်
ရသလိုသာနင်းလျှောက်ခဲ့ပေမဲ့
တည်ဆဲဘ၀ကိုတော့
ဘယ်တုန်းကမှ
အရသာဖျက်မပစ်ရက်ခဲ့ဘူး။
^^^^^
အိမ်ဝေးငှက်တစ်ကောင်ရဲ့
အလွမ်းပြခင်းတွေထဲမှာ
အသက်ရှုဖို့ တောင်
မေ့ခဲ့တဲ့နေ့ တွေ
ရင်သပ်ရှု့ မောစွာကြုံဖူးသော်ငြား
တင်းတင်းဆုပ်ထားတဲ့
အားအင်တွေနဲ့ အတူ
အဲ့ဒီဒုက္ခတရားတွေကို
တွန်းလှန်းမိနေတုန်းပဲ။
^^^^^
တကယ်တော့...
ဗလာတွေသာပွေ့ ပိုက်ခွင့်ရတဲ့ဘ၀မှာလည်း
နေတတ်သမျှတော့
ကျေနပ်စရာတွေရှိသားပါပဲ
ရမ္မက်နဲ့ အတ္တကို
လိုသလောက်လေးပြေလျှော့ရုံ
သောကရဲ့အရသာကို
ပေးဆပ်လိုခြင်းတွေနဲ့ ဖြည့်တွေးမိရုံ
ပြင်းရှရှမောဟတွေကို
သင်ခန်းစာအဖြစ်သင်ယူမိရုံနဲ့ 
 တစ်နေ့ တစ်ခြားရင့်ကျက်စပြုလာတဲ့ဘ၀မှာ
စိတ်ခွန်အားလောင်စာတွေကို
တန်ဖိုးထားအသုံးချကြည့်ဖို့ 
တမြတ်တနိုးပြုစုထားမိတယ်။
^^^^^
ခုတော့လည်းလေ
လူဆိုတဲ့
သံယောဇဉ်သိုလှောင်ရုံကြီးထဲမှာ
တဏှာအမြစ်တွေတွယ်လို့ တွယ်
ရာဂတွေသာအထပ်ထပ်စု
ငြိမ်းချမ်းမှု့ ပြတင်းတံခါးက
ခပ်ဟဟလေးတောင်
ပွင့်မလာသေးပေမဲ့....
အသင်လောကကြီးရေ...
ဘယ်တော့မှအရှိန်မသတ်မဲ့
အဲ့ဒီစိတ်ခွန်အားလောင်စာတွေနဲ့ 
ဘ၀ကိုထာဝရခရီးဆက်နေမယ်
ဒူးထောက်အညံ့ခံဖို့ တော့
တစ်မြူစာတောင်ကျွန်ုပ်မတွေးမိခဲ့ဘူး။
^^^^^^^^^^^^^^^^^^^^^^^^^^^^^^
^^^^^^^^^^^^^^^^^^^^
^^^^^^^^^^^^
^^^^^^^^^
^^^^^^
^^^
^
အားလုံးကိုအစဉ်ခင်မင်လေးစားလျှက်
yarzawinlinlin

Wednesday, 13 March 2013

ဟာကွက်

*ဟာကွက်*
ဟန်ဆောင်မှု့ ပြတင်းတံခါးမှာ
သူ့ မာနတွေချိတ်ထားတာတွေ့ တယ်
သံယောဇဉ်ပြယုဂ်ကို
လျစ်လျူရှု့ ထားသလိုပေါ့
ပီပြင်တဲ့သရုပ်ပြကွက်ဆိုသော်ငြား
ငါ့ကိုတော့မညာပါနဲ့
ကောင်မလေး
မျက်ဝန်းနက်နက်တွေနဲ့ 
မင်းအကြည့်တွေထဲမှာ
အချစ်သင်္ကေတတွေကို
မျှားနတ်မောင်လေးညို့ နဲ့ မထိတွေ့ ပဲ
ငါက....
ရိပ်မိပြီးသား။ 
yarzawinlinlin

Sunday, 10 March 2013

*ရွက်ခြောက်*

*ရွက်ခြောက်*
ဖြုတ်ခနဲကြွေ
မြေမှာကျ
စိမ်းလန်းစွာ
ပြန်အသက်ဆက်ခွင့်မရတဲ့ဘ၀မှာ
လူလိမ့်ခံ
နေရောင်ပူပူအောက်
ကောက်သူကောက်
လွင့်ရာရောက်သမို့ 
လန်းဆန်းကာ
အသက်ဆက်ခွင့်ရတဲ့ဘ၀ကိုတော့
ပြန်တမ်းတမိသား။
+++++++++++++++++++++++++++++++++++
အားလုံးကိုအစဉ်ခင်မင်လေးစားလျှက်
yarzawinlinlin

Wednesday, 6 March 2013

*တီးတိုးသံ*

                                               *တီးတိုးသံ*

ဘာကိုဆုပ်ကိုင်ထားရမှန်းမသိတော့ဘူး
ကံကြမ္မာရဲ့လှောင်ရီသံတွေကြားမှာ
ကျွန်တော်အိပ်မက်တွေကစဥ့်ကလျားပဲ။
ပစ္စုပ္ပန်တွေကိုခိုးယူခံနေရမှန်းသိတဲ့နေ့ 
အနာဂါတ်ကိုတစ်ချက်လှမ်းမျှော်ကြည့်မိတော့
ဝမ်းနည်းစွာလက်ပြခြင်းခံလိုက်ရတယ်..
မင်းဘ၀ကိုမင်းကိုယ်တိုင်ရွေးချယ်ခဲ့တာ.တဲ့
ထားပါတော့လေ......
ခုချိန်မှာတော့
ဖေးကူသူမဲ့တဲ့ငါ့လက်နှစ်ဖက်ကိုတင်းတင်းဆုပ်ကိုင်
နှလုံးစိတ်ဘ၀င်ကိုအသိပေးနှိုးဆော်ရင်း
ကျရှုံးခဲ့သမျှပြန်အားထုတ်ဖို့ အတွက်
ငါ.....
မာရသွန်လိုပြိုင်ပွဲမျိုးဆင်နွှဲဖို့ 
လေ့ကျင့်ယူရုံပဲရှိတော့တာပေါ့။ 
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
အားလုံးကိုအစဉ်ခင်မင်လေးစားလျှက်
yarzawinlinlin

Sunday, 3 March 2013

အဖြည့်ခံ


*လူ*

*လူ*
♙ ♟♙ ♟
လူ.....
လေထန်လှိုင်းဂယက်တွေထဲမှာ
အဆိပ်တွေလည်းမျို
အချိုတွေလည်းစား
မဲ့တစ်ခါ
ပြုံးတစ်လှည့်
ကျင်လည်ရာမှာဆေးစက်ချခဲ့။
♙ ♟♙ ♟ 
လူ.....
တောင်တန်းတွေထက်
ပင်လယ်နက်တွေရဲ့ဆီ
အလီလီကူးဖြတ်ကျော်ရင်း
အဝေးကိုလည်းမျှော်
တဒင်္ဂကိုလည်းတွေး
ရှိုက်တစ်ခါ
မြူးတစ်လှည့်
စေရာကံကြမ္မာကိုအံတုခဲ့။
♙ ♟♙ ♟ 
လူ... ..
ပြဇာတ်ပေါင်းများစွားနှင့်လည်းရင်းနှီးသူ
မော်ဒန်ပေါင်းများစွာကိုလည်းတွေ့ ရှိသူ
အလွမ်းဇာတ်နာနာလည်းကတယ်
ပြုံးရွှင်ဖွယ်ဇာတ်ညွှန်းကိုလည်းအသက်သွင်းတယ်
ထူးချွန်ရဲ့တစ်ခါ
ကျဆုံးခန်းတစ်လှည့်
သင်္ခါရတရားတွေလည်းအထပ်ထပ်သင်ယူခဲ့။

♙ ♟♙ ♟ 
လူ.....
ပြင်းရှရှအိပ်မက်တွေနဲ့ 
တမျှော်တခေါ်စိတ်ကူးတွေနဲ့ 
မရေမရာအတွေးတွေနဲ့ 
ပင်လယ်ပြာပြာထက်
တောင်တန်းများစွာထက်
တိမ်တိုက်များတို့ ရဲ့ထက်
ကမောက်ကမအိပ်မက်တွေသာဆက်မျော
အာသီသတွေကိုခံတွင်းစို့ ရုံ
ဝမ်းဖို့ ရုံစားသုံးရင်း
အရာရာမငြိမ်းအေးနိုင်တဲ့
သတ္တ၀ါတစ်ကောင်သာ။
♙ ♟♙ ♟ 
♙ ♟♙ ♟ 
♙ ♟♙ ♟ 
♙ ♟♙ ♟ 
အားလုံးကိုအစဉ်ခင်မင်လေးစားလျှက်
yarzawinlinlin






Saturday, 2 March 2013

*တောင့်တသူရဲ့....ပဲ့တင်သံ*

*တောင့်တသူရဲ့
.......ပဲ့တင်သံ*
☥☥☥☥☥☥☥☥☥☥☥☥
လှလိုက်တဲ့ဘဝ
လမိုက်ညတွေပဲအမြဲကြုံရတယ်
စို့ တို့ စမ်းတမ်းလရောင်လေး
ဘယ်ဆီကိုရှောင်ပြေးနေပါလိမ့်
လိုက်ရှာနေမိတာ
 ငါ့ခမျာမှာမောလို့ ။
☥☥☥☥☥☥☥☥☥☥☥☥
ခိုးဝှက်ခံလိုက်ရတဲ့လေပြေညှင်း
ရင်သို့ လာမတိုးဝှေ့ တာကြာပါပေါ့
ခပ်ဖြူးဖြူးလေပြေအေး
ဘယ်ဆီကိုရှောင်ပြေးနေပါလိမ့်
စောင့်မျှော်နေမိတာ
ငါ့ခမျာမှာမောလို့ ။
☥☥☥☥☥☥☥☥☥☥☥☥
ခံတွင်းစို့ ရုံစမ်းရေအေး
လည်တိုင်ဆီမစီးဆင်းတာကြာပါပေါ့
တစ်ငုံစာမော့သောက်ခွင့်လေး
ဘယ်ဆီကိုရှောင်ပြေးနေပါလိမ့်
တောင့်တနေမိတာ
ငါ့ခမျာမှာမောလို့ ။
 ☥☥☥☥☥☥☥☥☥☥☥☥
မလှမပသောကများနဲ့ 
အဝေးရောက်နေသူမို့ 
ဒုက္ခတွေသာ
တောင်လို၊ရာပုံကြုံပါပေါ့
နွေးထွေးလှတဲ့မေတ္တာစစ်လေးတွေ
ဘယ်ဆီမှာပုန်းအောင်းနေပါလိမ့်
ငတ်မွတ်နေမိတာ
ငါ့ခမျာမှာမောလို့ ။
☥☥☥☥☥☥☥☥☥☥☥☥
☥☥☥☥☥☥☥☥☥☥☥☥
☥☥☥☥☥☥☥☥☥☥☥☥
အားလုံးကိုအစဉ်ခင်မင်လေးစားလျှက်
yarzawinlinlin

Saturday, 23 February 2013

တစ်ကိုယ်စာ

တစ်ကိုယ်စာ
-------------------------
အပေါင်းအနှုတ်အမြှောက်အစား
အချိုးအကွေ့ တွေများလွန်းတဲ့ဘ၀မှာ
ဆုတောင်းဖူးတာတွေကလည်း
အမှိုက်လို
ဟိုတစ်စဒီတစ်စ။
းးးးးးးးးးးးးး
ကျို့ ကြားကျို့ ကြားရဖူးတဲ့
မေတ္တာလေးတွေကလည်း
ပြန်လှည့်မကြည့်ဖြစ်ပါများလို့ လားမသိ
မှိုတက်စတောင်ပြုလို့ ။
းးးးးးးးးးးးးးးးးးး
နာကျင်မှု့ တွေပျံ့ ကျဲနေတဲ့ကြား
ဒုက္ခရဲ့ချယ်လှယ်မှု့ အောက်မှာ
ကံကြမ္မာကိုနောက်ကျောမှာပိုးထားရင်း
ကြုံသလိုရေးမိတဲ့ကဗျာလေးတစ်ပုဒ်
စာသားလေးဘယ်တော့လှပါ့မလည်းမသိ။
းးးးးးးးးးးးးးးးးးးးးးးးး
yarzawinlinlin
 

*ဒီမှာတင်------------------->ရပ်*

*ဒီမှာတင်------------------->ရပ်*
-<________________>
စိတ်ကူးတွေကို“သတ်”
အိပ်မက်တွေကို“ဖြတ်”
သေချာပြီ
ဒီဘ၀မင်းနဲ့ ငါ
ဒီနေရာမှာတင်------>ရပ်။
(၂)
ပျော်ဖူးတာတွေ“မှတ်”
နာကျဉ်းမှု့ တွေ“ကပ်”
လုံလောက်ပါပြီ
ဒီဘ၀ မင်းနဲ့ ငါ
ဒီနေရာမှာတင်---------->ရပ်။
(၃)
တခဏစာတံဆိပ်“ကပ်”
အလွမ်းတွေနဲ့ သာအဆုံး“သတ်”
အဲ့ဒီတော့
ဒီဘ၀..မင်းနဲ့ ငါ
ဒီနေရာမှာတင်-------->ရပ်။
------------------------------------------------>>>>>>>
အားလုံးကိုအစဉ်ခင်မင်လေးစားလျှက်
yarzawinlinlin

*အသည်းကွဲညရဲ့သီအိုရီ*



*အသည်းကွဲညရဲ့သီအိုရီ*
!!!!!!!!!!
အနမ်းတွေကျိန်စာသင့်နေတဲ့*ည*
အလွမ်းတွေမြေမှာလွင့်စေတဲ့*ည*
ပျော်ရွှင်ခြင်းတွေအရည်ပျော်ကျစေတဲ့*ည*
ဘ၀အစိတ်အပိုင်းတွေကိုခိုးယူခံနေရတဲ့*ည*
အဲ့ဒီညတွေက
လူကိုအစိမ်းလိုက်ကိုခြွေတာ။
!!!!!!
တဖြည်းဖြည်းနစ်လာတဲ့ညဥ့်ကို
တားထားလို့ မရသလို
ဆွဲထားလို့ လည်းမဖြစ်ဘူး
အဲ့ဒီတော့..
နက်သထက်နက်လာတဲ့ညအမှောင်ထုကို
ကျတော်လည်းအံတုရဦးမပေါ့။
!!!!!!!!
စကားတစ်လုံးရဲ့အမှန်တရားဟာ
ပွဲစားပါးစပ်ဖျားကလို
ဝုန်းဒိုင်းကြဲလွှတ်လိုက်တာများလား
အတိတ်မှာပျော်ဖူးတာကိုကျ
အဲ့ဒီညက
အသိအမှတ်မပြုပြန်ဖူးတဲ့။
!!!!!!!
ဘယ်လိုပါလိမ့်
ဘယ်မှာပါလိမ့်
လူးလှိမ့်ကာအိပ်ပေမဲ့လည်း
ဒီညရဲ့အဆိပ်တွေက
မျက်ကြည်လွှာကိုအိပ်စက်ဖို့ ခွင့်မပြုသလို
စိတ်ကိုပါတရစ်ရစ်ခြွေချ....
အဲ့ဒီည....
    အဲ့ဒီည
အနမ်းတွေကျိန်စာသင့်နေတဲ့*ည*
အလွမ်းတွေမြေမှာလွင့်စေတဲ့*ည*
ပျော်ရွှင်ခြင်းတွေအရည်ပျော်ကျစေတဲ့*ည*
ဘ၀အစိတ်အပိုင်းတွေကိုခိုးယူခံနေရတဲ့*ည*
အဲ့ဒီညတွေကို
စူးစူးနစ်နစ်ကိုမုန်းမိပါရဲ့။
!!!!!!!!!!!!!!!!!!!!!!!!!
အားလုံးကိုအစဉ်ခင်မင်
လေးစားလျှက်
yarzawinlinlin 
 

  

Tuesday, 5 February 2013

*ရွေးချယ်ခြင်း*

  *ရွေးချယ်ခြင်း*
**********
********
ဘယ်လိုအလင်းကိုမှ
မော့သောက်ခွင့်မရတော့တဲ့နောက်
ငါ့...မျှော်လင့်ခြင်းတွေကို
ငါကိုယ်တိုင်ပဲချနင်းပစ်လိုက်တော့မယ်။
*******
နေမင်းကြီးနဲ့ လွဲခဲ့တဲ့လူတစ်ယောက်လေ
လမင်းကြီးကိုလည်းဥပေက္ခာပြုရလိမ့်ဦးမပေါ့။
ငါ့ရဲ့ညနက်တွေကို
အိပ်မက်အဖြစ်နှိပ်စက်နေသူ
လရိပ်ချိုလေးရေ...
တိမ်မြူကင်းတဲ့သင့်ကောင်းကင်မှာပဲ
ထာဝရထွန်းလင်း ပါတော့။
****
သောကတစ်လှည့်
ဒုက္ခတစ်လှည့်နဲ့ 
နပန်းသတ်နေရချိန်မို့ 
ဘယ်လိုအလွမ်းအဆွေးကိုမှ
သန္ဓေတည်ခွင့်မပြုချင်တော့ဘူး။
***********
*******
****
***
**
အားလုံးကိုအစဉ်ခင်မင်လေးစားလျှက်
yarzawinlinlin
 
 

Tuesday, 29 January 2013

++တေလေ++

       xxxတေလေxxx
++++++++++++++
နတ်ဆိုးကံကြမ္မာရဲ့
စိန်ခေါ်မှု့ နဲ့ အတူ
မာယာဝဲဂယက်မှာ
ရုန်းမထွက်နိုင်အောင်
ခုန်ဆင်းခဲ့မိလေပြီ။
 xx
ရော်ရွက်ကြွေနှင်းမိုးတို့ 
ကုန်ဆုံးခဲ့သည်တိုင်
ဘ၀ကိုဒရွတ်တိုက်ဆွဲရင်း
အဲ့ဒီတောနက်ထဲမှာ
ကျွန်တော်ဟာ...
မျက်ကန်းတစ်ယောက်လို
စီးဝင်နေတုန်းပေါ့။
xxx
အမုန်းနဲ့ ပြုစားခဲ့လေသလား
အပြုံးနဲ့ တုပ်နှောင်ခဲ့လေသလား
ဇဝေဇ၀ါဒီအတွေးတွေကို
ရီဝေေ၀ယစ်မူးမှု့ များအောက်
ယမကာလုလင်ဘ၀ကိုလည်း
ခံယူခဲ့ဖူးလေပြီ။
xxxx
ခနိုးခနဲ့ လှောင်ရီသံတွေကိုအံတုရင်း
မတူမတန်သလိုမျက်နှာထားတွေကို 
ဥပေက္ခာပြုရင်း
ကုန်လုနီးနီးစီးကရက်လေးကို
မီးခိုးတွေမှုတ်ထုတ်ရင်း
ညစ်ပေနေတဲ့အုတ်ခုံလေးကိုမှီထိုင်
တခြမ်းပဲ့လမင်းကြီးကိုကြည့်
စိတ်ကူးတွေနဲ့ မဲ့ပြုံးပြုံးမိရင်း
အားအင်တွေကုန်ဆုံးခဲ့သည့်တိုင်
အော်.............
ဒီတစ်ညလည်း
လမ်းဘေးမှာပဲကုန်ဆုံးရလိမ့်ဦးမယ်။
+++++++++
xxxxxxxxxxxxxxxxxxxxxxxx
အားလုံးကိုအစဉ်ခင်မင်လေးစားလျှက်
yarzawinlinlin

Tuesday, 27 November 2012

”ကဝေပျိုသူသိစေဖို့ ”

”ကဝေပျို.....
                သူသိစေဖို့ ``
**************************
*******************
*************
********
အဆိပ်တက်ညတွေအောက်
ခုတုံးဖြစ်ခဲ့တဲ့အချစ်တွေက
နှလုံးသားတစ်စုံလုံးကိုကျွမ်းလောင်စေတယ်။

ခံတွင်းပျက်ကြောင်တစ်ကောင်ကြောင့်
အူလည်လည်လူတစ်ယောက်ဟာ
အတောင်ပံကျိုးဇရက်တစ်ကောင်ဖြစ်ခဲ့ရတယ်။

ဝိရိယအားနဲ့ ထူစိုက်ခဲ့ပေမဲ့
အရိပ်မပေးတဲ့အပြင်
ဒီအပင်ရဲ့အဆိပ်သီးတွေက
အနာဂတ်ဘ၀တစ်ခုလုံးကို
ထပ်တလဲလဲသေစေခဲ့ပြန်တယ်။

ဥပေက္ခာလှည့်စားမှု့ တွေအောက်
ယောင်ဝါးဝါးကျန်ရစ်ရင်း
နှလုံးသားသေနေတဲ့လူတစ်ယောက်
အလွမ်းရာသီတွေ
နွယ်လိုသာထပ်ကာထပ်ကာတက်နေခဲ့တယ်။

ကဲ........နတ်မိမယ်ကဝေမလေးရေ...
မင်းပြုစားလိုက်တဲ့ကျားတစ်ကောင်တော့
မာယာပိုက်ကွန်ထောင်ခြောက်တစ်ခုအလည်မှာ
စုန်းစုန်းမြုပ်နစ်ကျန်ရစ်
အသက်ခန္ဓာတောင်စတေးဖို့ ဖြစ်တည်ရင်း
နေ့ ရက်ဆက်မျှော်လင့်နေကြောင်းကိုလေ
စာသားမညီကဗျာတစ်ပုဒ်တော့ထုဆစ်လိုက်ပါရစေ
အသင်သိလျှင်ကျေနပ်ပါတော့။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။
။။။။။။။။။။။။။။။။။
။။။။။။။။။။။
။။။။။
။
အားလုံးကိုအစဉ်ခင်မင်လေးစားလျှက်
yarzawinlinlin 

Sunday, 28 October 2012

နိုင်ငံ ၃၀ ကို gtalk ကနေ အခမဲ့ အကန့်အသတ်မရှိ ဆက်သွယ်နိုင်တဲ့ နည်းလမ်းလေးပါ...

ဒီနည်းလေးကတော့ဘလော့ဆိုဒ်တစ်ခုမှကူးယူပြီးမိမိအတွက်
အိမ်လည်လာတဲ့သူငယ်ချင်းတွေအဆင်ပြေစေဖို့ ကူးယူထားတာပါ။။။။။။။။။။။။။။။။။။။အသေးစိတ် သိလိုသေးရင်တော့ www.talkster.com ကို သွားရောက် ဖတ်ရှုနိုင်ပါတယ်။
နိုင်ငံ ၃၀ ကို gtalk ကနေ အခမဲ့ အကန့်အသတ်မရှိ ဆက်သွယ်နိုင်တဲ့ နည်းလမ်းလေးပါ...
အသုံးပြုနည်းကတော့ ....

1. Google Talk ကိုဖွင့်ပါ။

2. ကိုယ်ဆက်ချင်တဲ့ ဖုန်းနံပါတ်ကို ပုံမှန် gtalk address တွေကို Add သလိုပဲ add လုပ်ပါ။

3. အဲလိုရိုက်တဲ့နေရာမှာ နိုင်ငံကုဒ်၊ ဒေသကုဒ်တွေကို ပါထည့်ပေးရပါမယ်။ gmail.com နေရာမှာ talkster.gtalk2voip.com ကို ပြင်ဆင်ရိုက်ထည့်ပေးပါ။

(phonenumber@talkster.gtalk2voip.com)
ဥပမာ: for UK, use 442071234567@talkster.gtalk2voip.com or for USA , use 12125551212@talkster.gtalk2voip.com

4.Talkster မှ ပေးပို့တဲ့ confirmation ကို instructions တွေနဲ့ အတူ မြင်ရပါလိမ့်မယ်။ တဘက်မှ သင်ဆက်သွယ်ချင်တဲ့သူသုံးဖို့ local Talkster number တစ်ခုကို ရရှိလာမှာ ဖြစ်ပါတယ်။ သူ့အနေနဲ့ အဲဒီနံပါတ်ကို ဖုန်းပြန်ခေါ်ဆိုရမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ မရှင်းတဲ့ သူတော်တော်များများရှိလို့ ထပ်ပြောပြပါမယ်။ အဲဒီ နံပါတ်က ကိုယ့် ဂျီတော့အိုင်ဒီကို အဲဒီသူက အဲဒီနိုင်ငံကနေ ဖုန်းပြန်ခေါ်လို့ ရအောင် စီစဉ်ထားတာပါ။ Call back system သုံးဘူးတဲ့သူဆို သိပါတယ်။


ကိုယ်က ဒီကနေ ခေါ်လိုက်တာနဲ့ သူ့ဖုန်းမှာ အဲဒီ နံပါတ်ပေါ်ပါတယ်။
ဆယ်စက္ကန့်ပြီးလို့ ကျသွားတာနဲ့ သူက အဲဒီ နံပါတ်ကို ပြန်ခေါ်လိုက်ရုံပါပဲ။
လွယ်ပါတယ်။ တကယ်လို့ သူ့ဖုန်းမှာ နံပါတ်မပေါ်ရင် ကိုယ်က တနည်းနည်းနဲ့ ပို့ပေးပေါ့ဗျာ။ ဂျီမေးလ် ကိုတော့ အမြဲ အွန်ထားဖို့ လိုပါမယ်။

5. တကယ်လို့ mobile phone ကိုဆက်တာဖြစ်ခဲ့မယ်ဆိုရင်, သူ့အနေနဲ့ SMS ကတစ်ဆင့် သင့်ကိုပြန်လည်ဆက်သွယ်ရန် Talkster call-in number တစ်ခုကိုရရှိမှာဖြစ်ပါတယ်။ မရသေးဘူးဆိုရင် Talkster number ကို IM ဒါမှမဟုတ် email နဲ့ပေးပို့နိုင်ပါတယ်။ Make calls from your Google Talk


1. Google Talk Contact List က ကိုယ်ဆက်ချင်တဲ့ နံပါတ်ကို select လုပ်ပါ

2. Call button ကို Click လုပ်ပြီး စတင်ခေါ်ဆိုပါ။

3. Talkster က သင်ဆက်သွယ်လိုတဲ့ နံပါတ်ကို gtalk ကတဆင့် ဆက်သွယ်ပေးပါလိမ့်မယ်။

4. တကယ်လို့ တဘက်လူက ဖုန်းကိုင်ခဲ့မယ်ဆိုရင် သူစကားပြောဖို့ အားရဲ့လား ဆိုတာကို စစ်ဆေးဖို့ 10 secondsအချိန်ရမှာဖြစ်ပါတယ်။ သူ့ကို ဖုန်းချပြီး သင့်အတွက် ရထားတဲ့ Talkster local phone number ကို ပြန်ခေါ်ခိုင်းပါ။

5. သူပြန်ခေါ်တာကို စောင့်စားနေပါ။ (တကယ်လို့ သူပြန်ခေါ်ရမယ့် သင့်နံပါတ်ကို မသိသေးဘူးဆိုရင် တစ်နည်းနည်းနဲ့ ဆက်သွယ်ပေးပို့ပါ)

6. သူပြန်ခေါ်တဲ့ အချိန်ကစပြီး သင့်အနေနဲ့ ကြိုက်သလောက် စကားပြောဆိုလို့ ရပြီဖြစ်ပါတယ်။

7. ပြီးသွားရင် ဖုန်းချလိုက်ရုံပဲပေါ့။

8. တဘက်လူကို အဲဒီ Talkster call-in number လေးကို သိမ်းထားဖို့ သတိပေးပါ။ သူက သင့် Google Talk ကို ဖုန်းနဲ့ခေါ်ဆိုလိုတိုင်း အဲဒီ နံပါတ်ကို အသုံးပြု ဆက်သွယ်နိုင်ပါပြီ။

no catches, no limits, and no conditions! လို့ သူတို့က ဆိုထားပါကြောင်း။စိတ်မကောင်းစွာဖြင့် ဒီlist ထဲမှာ စင်ကာပူနှင့် မြန်မာနိုင်ငံပါမလာပါဘူး ...

ဆက်သွယ်လို့ ရတဲ့ နိုင်ငံ ၃၀ ဖော်ပြပေးလိုက်ပါတယ်။

Country name Country code Dialing code
Argentina AR +54
Australia AU +61
Austria AT +43
Belgium BE +32
Canada CA +1
Chile CL +56
China CN +86
Czech Republic CZ +420
Denmark DK +45
El Salvador SV +503
Finland FI +358
France FR +33
Germany DE +49
Hong Kong HK +852
Hungary HU +36
Ireland IE +353
Israel IL +972
Italy IT +39
Latvia LV +371
Lithuania LT +370
Luxembourg LU +352
Mexico MX +52
Netherlands NL +31
Norway NO +47
Peru PE +51
Poland PL +48
Romania RO +40
Slovakia SK +421
Slovenia SI +386
Spain ES +34
Sweden SE +46
Switzerland CH +41
United Kingdom GB +44
United States US +1
Helpful Hints
ဒီ service လေးကို သုံးဖို့ တဘက်လူမှ Caller ID ကိုဖွင့်ထားပေးဖို့လိုပါမယ်။ ဒီနည်းလမ်းနဲ့ တဘက်ကလူကို အဲဒီ service မှ မှတ်မိသိရှိပြီး ဆက်သွယ်ပေးနေတာ ဖြစ်လို့ပါပဲ။ login တွေ password တွေမလိုတဲ့ လွယ်ကူစွာ ဆက်သွယ်နိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါရစေ။

Tuesday, 9 October 2012

*Samsung Galaxyဖုန်းများသို့ ဆောဝဲလ်မလိုပဲမြန်မာဖောင့်ထည့်နည်း

ဒီနည်းလေးကတော့ကျတော့်ကိုလည်းသူငယ်ချင်တစ်ယောက်ကထည့်ပြသွားလို့ 
လေ့လာထားမိခဲ့တာပါ။
ကျတော်စမ်းသပ်ကြည့်တာလည်းအဆင်ပြေတာမို့ 

                                                                                      Samsungအသုံးပြုနေတဲ့

သူငယ်ချင်းတွေ(မသိသေးတဲ့သူတွေ)အတွက်အဆင်ပြေ
နိုင်စေဖို့ သူပို့ ထားတဲ့မေးကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။
ဘာဆော့ဝဲလ်မှမလိုတဲ့အတွက်စိတ်ရှည်ရှည်ထားပြီးကလိလိုက်ကြပါဦးနော်။
-Samsung ဖုန်းရဲ့ setting ကိုဝင်ပြီး Display ကနေ Screen display ရှိမရှိ၊ ပါမပါ အရင်စစ်ပါ.. (Screen display မပါရင် မြန်မာဖေါင့် သွင်းလို့ မရနိုင်ပါ..)
-ပါရင် market ကိုဝင်ပြီး.. Fontomizer SP(Font for Galaxy) ကို ဒေါင်းလော့သွင်းပါ..။ (gmail အကောင့် အရင်ဖွင့်ပါ)
-Fontomizer SP(Font for Galaxy) ရဲ့ အိုင်ကွန်ကို ဖွင့်ပါ..။ F သင်္ကေတ ပါတဲ့ အမဲဝိုင်းပုံကို နှိပ်ပါ..။
-Z အထိသွားပါ.. Zawgyi-one စာသားကို နှိပ်၍ ဒေါင်းလော့ လုပ်ပါ..။
-ဒေါင်းလော့လုပ်ရင် Internet ပုံပေါ်လာရင် ဆက်နှိပ်ပါ.. ဒေါင်းလော့ ဝင်လာပါပြီ..
-ရောက်လာတဲ့ ဒေါင်းလော့ဖိုင်ကို ဖုန်းအတွင်းရှိ ဒေါင်းလော့ အိုင်ကွန် တွင်ဖွင့်၍ ရှာပါ..။
-တွေ့လျှင် Install လုပ်ရန်အတွက် Setting ကိုသွားပြီး Applications ကိုဖွင့်ပါ..။ ပြီးလျှင် Unknown  Sources ကို အမှန်ခြစ်ပေးပါ..။
-ဖုန်းမှာပါတဲ့ ဒေါင်းလော့နေရာကို သွားပြီး Zawgyi-one ကိုရွေးပြီး.. OK >> Install အဆင့်ဆင့် နှိပ်သွားလိုက်ပါ..။
-Install လုပ်ပြီးပါက Setting >> Display >> Screen Display >> Font Style >> Zawgyi-One ကိုရွေးပါ..
-ဖုန်းကို Restart (ပိတ်ပြီးပြန်ဖွင့်) ပေးလိုက်ပါ..။ ဒါဆိုရင် မြန်မာစာမြင်ရပါပြီ.. ရေးလို့မရသေးပါ.. မြန်မာစာရေးရရန် မြန်မာ ကီးဘုတ်ကို Market တွင်သွား၍ ဒေါင်းလော့လုပ်ပါ..
-Market တွင်မြန်မာကီးဘုတ်ရှာရန် အတွက် iTextmm2 Keyboad ကိုနှိပ်ပြီး ဒေါင်းလော့လုပ်ယူပါ..။
-Setting ကိုပြန်သွားပါ.. A ပုံပါတဲ့ Locale & text ကိုဖွင့်၍ အောက်ဆုံးသို့ သွားပါ.. iTextmm2 Keyboad ကို အမှန်ခြစ်ပေးပါ..။
-၎င်းအပေါ်မှ Select Input Method ဖွင့်၍ iTextmm2 Keyboad ကို အမှန်ထပ်ခြစ်ပေးပါ..။
-ဒီအဆင့်အားလုံးပြီးရင်တော့ မြန်မာစာကို ရိုက်လို့ရသွားပါပြီ..
  လက်ရှိအသုံးပြုနေတဲ့ ကီးဘုတ်ကို မနှစ်သက်၍ တခြားကီးဘုတ် ပြောင်းသုံးချင်ရင် စာရိုက်မည့် မည်သည့်နေရာတွင်မဆို ၃၊၄ စက္ကန့်မျှ ဖိထားသောအခါ
   Edit text နဲ့ Input method စာနှစ်ခုပေါ်လာရင် Input method ကိုနှိပ်ပါ..။ ထိုအခါ ပေါ်လာသော စာကြောင်းတွေထဲမှ မိမိတို့ ကြိုက်နှစ်သက်ရာ
   ကီးဘုတ်ကို လွယ်ကူစွာ ရွေးချယ်အသုံးပြုနိုင်ပါသည်..
                             လိုအပ်သူတွေအားလုံးအဆင်ပြေနိုင်ကြပါစေဗျာ။
                                  အားလုံးကိုအစဉ်ခင်မင်လေးစားလျှက်
                                                                           ☂♥♀ဂူဂျွန်ကောင်လေး☂♥♀