မင်္ဂလာပါမိတ်ဆွေတတ်သလောက်လေးဖန်တီးမိသောကျတော့်အိမ်လေးသို့ လာလည်ပေးတာကျေးဇူးအထူးတင်ပါတယ်။နောင်လည်းလမ်းကြုံရင်ဝင်လာလည်ပါဦးနော်။

Thursday 12 July 2012

”ဟာသဆန်ဆန်ကျွန်တော်နှင့်blockလိုက်သောမေ“သီလေးများ”

ွှအွန်လိုင်းဆိုတာဘာပါလိမ့်ဆိုပြီးလိုင်းပေါ်တက်ကာစတွေ့ မိတဲ့အကြောင်းလေးတွေပါ။
အွန်လိုင်းဆိုတာသုံးရင်အရင်ဆုံးစတတ်ရမှာကgtalkလို့ များသတ်မှတ်ထားသလားအောက်မေ့ရတယ်။
ကျွန်တော့်ရှေ့မှာတင်ကျူနေလိုက်ကြတာ အဲတုန်းကတော့အားကျစရာပေါ့။
ဒါနဲ့ ကျတော်လည်းအားကျမခံ မြန်မာစာရိုက်နည်းကိုထမင်းမေ့ဟင်းမေ့ဘီ
ီယာမေ့...့အဲမှားလို့ အလုပ်တွေမေ့ထားပြီးတော့ သင်လိုက်ပါတယ်။
တတ်ပါပြီဆိုတဲ့နေ့ ကစပြီး၆တလွဲတွေစတွေ့ တော့တာပါပဲ။ကျတော်လွဲတာလား
ဘာမသိညာမသိ ဒါမသိဟိုဟာနားမလည်ကောင်မလေးတွေပဲလွဲတာလား
ဖတ်ကြည့်ပေါ့ဗျာ......။စာလုံးပေါင်းမှန်၂လေးရိုက်တတ်တဲ့နေ့ ကပဲကောင်မလေးအကောင့်တစ်ခု
သူငယ်ချင်းဆီကတောင်းပြီးချက်လိုက်တယ်.....အဲဒီမှာစတော့တာပါပဲ.....
ladyqueenတဲ့အကောင့်လေးကတော့မဆိုးပါဘူး..
I...ဟိုင်း
L..ဟုတ်ဟိုင်းပါရှင့်
I....ဟုတ်ပါပြီမျောက်
L..ဘာမျောက်လဲလူကိုလာပြီးတော့
I...ဟုတ်တယ်လေလူဆိုတာမျောက်ကဆင်းတက်လာတာချည်းပဲ
ဒါကြောင့်uလည်းမျောက်iလည်းမျောက် ဒါပေမဲ့
uကမျောက်မလေ  iကမျောက်ထီး
L..တောက်....ဘယ်လိုငပေါလဲမသိဘူးသေလိုက်တော့အဲမှာ
   သွားပြီ တာ့တာ  တဲ့
  ကဲတစ်ယောက်တော့သွားရှာပြီ။နှုတ်တောင်ဆက်ချိန်မရလိုက်ဘူး။
ဒါနဲ့ မထူးပါဘူးလေ ရအောင်တော့ကျူရမှာပဲသူများတွေတောင်ရနေကြသေးတာဇွဲမလျှော့နဲ့ ကောင်လေးရေ
ဆိုပြီး မဟုတ်တဲ့အရာကိုကို့ ဟာကိုယ်အားတင်းရင်းနောက်တစ်ယောက်လောက်ပေးကြပါဦးဟေးဆိုတော့
လည်းရတာပါပဲ။လာပြန်ပြီနောက်တစ်ယောက်..ဘာတဲ့နာမည်လေးကအေးချမ်းမြေ့တဲ့...ဒါတော့
ရိုးရိုးလေးငါနဲ့ တည့်လောက်ရဲ့ဆိုပြီး....
@ဟိုင်း
အေး=ဟုတ်ဟိုင်းပါ နင်ကဘယ်သူလဲ
@ငါကလူပဲ
အေး=နင်ကလူဆိုတော့ငါ့ကိုလူမဟုတ်ဘူးလို့ ပြောချင်တာလား
@ဟုတ်ဘူးလေ...လူလို့ တော့ထင်ပါတယ်
အေး=ဒီမှာငကြောင်မှတ်ထာကျူချင်တယ်ဆိုလည်းသင်တန်းလေးဘာလေးတက်ထားဦး
ဒီလိုမှမဟုတ်ရင်နင့်လိုငကြောင်အတွက်gtalkအလေးမခံဘူး
သွားပေတော့
@အော်ဟေးးးးးးးးးးးးး
  ဟုတ်ဝူးလေ နော်ပြောတာကလူမဟုတ်တဲ့  စက်ရုပ်တို့ ဘာတို့ လည်းဒီခေတ်ကြီးမှာ  ကွန်ပြူတာသုံးတတ်နေပြီလို့ 
   အယ်ပြောတာလေးတောင်နားထောင်မသွားရှာဘူး နာမည်လေးနဲ့ တောင်မလိုက်တဲ့မပူပြင်းလေးရယ်
   သူ့ ခမျာအလေးမခံနိုင်ဘူးဆိုတော့  မသိကွန်ပြူတာပဲခေါင်းပေါ်တင်ချက်နေသလိုလို ဟင့်ညစ်လယ်ဂယ်ပဲ
  ဒီလိုတော့လည်း လာထားအာဘွားနောက်တစ်ယောက်ပေါ့...။
သူလေးကတော့ဖြူစင်မဲ့ပုံလေးပါပဲနာမည်လေးကဖွေးဖြူစင်တဲ့..ဟိဟိစတော့မယ်
အရင်၂ယောက်လောက်တွေ့ ထားတော့ ဒီတစ်ခါတော့သင်ခန်းစာလေးနည်း၂ပါလာပီဆိုပါတော့..ဒါနဲ့ 
@ဟိုင်း..နေကောင်းလားး
ဖွေး=နေကောင်းလို့ ထိုင်နေတာပေါ့
@အော်.ဟုတ်စားပြီးပြီလား
ဖွေး= ဘာလို့ လည်း။ကျွေးမလို့ လား?
@ ဟုတ်ရပါတယ် လာလေဘာစားမလဲ
(ဟဲဟဲ မိဆိုးဘူးနည်းနည်းတော့တက်လာပြီ...)
ဖွေး=ကွန်ပြူတာထဲမှာဘယ်လိုစားမလဲ?
@အယ် ....ရတယ်လေရှေ့မှာတွေ့ တာကိုက်စားပေါ့
                 အယ်ဟုတ်ပါဘူး....လမ်ကြုံရင်ကျွေးမယ်လို့ 
ဖွေး=အင်း..ကျေးဇူးပါ  ပြောတာနဲ့ တင်ဝနေပါပြီ
        ခက်တာကဒီမှာကွန်ကခနခနကျနေတယ်အကြာကြီးပြောလို့ မရဘူး
@အော် ဒါများလွယ်လွယ်လေး
ဖွေး=ဟုတ်လားနည်းလေးသိရင်ပြောပြပါလားဆရာရယ်
(ဒီတစ်ခါတော့မဆိုးဘူးပဲ ဆရာရယ်တဲ့ နည်းနည်းတောင်မြောက်သွားသလိုပဲဟိဟိ)
@တကယ်သိချင်တာလား?
ဖွေး=အော်သိချင်ပါတယ်ဆိုမှ သူကဈေးလာကိုင်နေပြန်ပါပြီ
@အင်း သိချင်ရင်ပြောပြမယ် သေချာလိုက်မှတ်ထားနော်
    ပထမဆုံးကွန်ပြူတာကိုကြိုးတစ်ချောင်းနဲ့ သွယ်လိုက်
   ပြီးတော့အပေါ်မှာ အုန်း.ငှက်ပျော ပြီးတော့
   ကြက်ကြော်.နဲ့ ဘီယာအရက်လေးထည့်ပြီး
   ကိုကြီးကျော်ကယ်ပါ...အမေဂျမ်းကယ်ပါဆိုပြီး
    နေ့ တိုင်းဖင်ဖူးထောင်ပီးရှိခိုးနေလိုက်ပါ။
   ဒါဆိုရင်ဝkသွားပါလိမ့်မယ်..
ဖွေး=အော်မတာ..တေနာ.(ပွစိပွစိနဲ့ စုံလို့ ဆဲသွားတာတော့ကို့ ဟာကိုဆက်ဆဲလိုက်ပေါ့ရေးလို့ မကောင်းတော့ဘူး)
      အကောင်းမှတ်လို့ ဖတ်နေတာ  မျက်စိညောင်းတာပဲရှိတယ်  တေနာငကြောင်သွားပေတော့
       နင့်ဟာနင်အမေဂျမ်းဆီကို...တာ့တာဟေ့.....တဲ့
စဉ်းစားကြည့်ပါဗျာ ဘာမဟုတ်တာလေးတွေနဲ့ ဒီလောက်blockတာကြိုက်နေကြတယ်လေ။
ဟင့်...ဒီလောက်မှအဆင်မပြေတဲ့gtalkကျွန်တော်   တော်၂လေးကိုစိတ်ကုန်လို့ တက်တောင်မတက်ချင်တော့ဘူး။
ကဲရီရင်ရီမရီရင်နေ ကျတော်လည်းblockလိုက်တော့မယ်  ..အယ်
 အောက်လိုက်တော့မယ်လို့ .......တာ့တာ
                                              အားလုံးကိုပျော်စေချင်တဲ့
                                                               yarzawinlinlin(ဂူဂျွန်ကောင်လေး)

No comments:

Post a Comment