ချစ်သူရေ.....
မြေဇာပင်အဖြစ်နွံနစ်ခဲ့တဲ့
ငါတို့ ရဲ့အချစ်တွေ
သြဇာတွေ ထောပနာပြုနေရှာတဲ့
ဓနဂုဏ်တွေကြားမှာပဲ
အချစ်ကြီးချစ်တဲ့နှလုံးသားလေးတွေတော့
ဓါးစာခံဖြစ်ခဲ့ရရှာပြီ။
သံယောဇဉ်ဆိုတဲ့
ပြသိုက်ကြီးကို မျက်ကွယ်ပြု
မေတ္တာဆိုတဲ့
ပေါင်းကူးတံတားလေးကိုရိုက်ချိုး
ကြင်နာသနားမှု့ မပါတဲ့
မာနပြိုင်တံတိုင်းကြီးကပဲ
လွှမ်းမိုးခဲ့လေပြီ။
လွန်ဆွဲပွဲ နန်းဆောင်တွေထဲက
ပညတ်ထားတဲ့ ဓာတ်စာတွေ
တိုက်ကျွေးခံလိုက်ရတဲ့ ငါတို့ နှစ်ဦး
အေ၀းတစ္ကမ ၻာဆီမွာ
လွမ်းဆွေးခြင်းနေ့ ရက်တွေရှည်ကြာလို့ 
ဝေဒနာမှတ်တိုင်တွေပဲ ထူစိုက်ခဲ့ရပြီပေါ့။
ချစ်သူရေ......
လွမ်းနေတာတွေ
ရင်ဖွင့်ပြရရင်တော့
လေတိုက်စရာနေရာတောင် ရှိမှာမဟုတ်တော့ပါဘူး။(အငှားစကားလုံးပါ)
ဒီဝေဒနာဟာ
အနေကြာလို့ လျှော့မယ်ထင်ခဲ့တာ
ခုတော့လေ...
နွေတစ်ရာမက
ခံလာရတဲ့ဝေဒနာတွေကတော့
တစ်စတစ်စလောင်မြိုက်ပါများလို့ 
ရိုးတွင်းချဉ်ဆီတွေတောင်ကျွမ်းလုရှာပေါ့။
ချစ်သူရေ.......
အတိတ်လွင်ပြင်
အရိပ်အရောင်တွေက
စိတ်ဘ၀င်ကို အမြဲစိုးမိုးထားတယ်....
ဒဏ်ရာရ ရင်ခွင်
ဗလာဟင်းလင်းမှာလည်း
ဖြည့်တင်းဖို့ ရာ
ဆန္ဒတစ်စုံတစ်ရာ မရှိတော့တာမို့ 
ကမ္ဘာဝေတာကြုံခဲ့ရတောင်
မျှော်လင့်ခြင်းကျောက်စာအဖြစ်
ငါ့အချစ်တွေကိုကဗ္ဗည်း ထိုးခဲ့လိုက်တော့မယ်။
အားလုံးကိုအစဉ်ခင်မင်လေးစားလျှာက်
yarzawinlinlin(ဂူဂျွန်ကောင်လေး)
မြေဇာပင်အဖြစ်နွံနစ်ခဲ့တဲ့
ငါတို့ ရဲ့အချစ်တွေ
သြဇာတွေ ထောပနာပြုနေရှာတဲ့
ဓနဂုဏ်တွေကြားမှာပဲ
အချစ်ကြီးချစ်တဲ့နှလုံးသားလေးတွေတော့
ဓါးစာခံဖြစ်ခဲ့ရရှာပြီ။
သံယောဇဉ်ဆိုတဲ့
ပြသိုက်ကြီးကို မျက်ကွယ်ပြု
မေတ္တာဆိုတဲ့
ပေါင်းကူးတံတားလေးကိုရိုက်ချိုး
ကြင်နာသနားမှု့ မပါတဲ့
မာနပြိုင်တံတိုင်းကြီးကပဲ
လွှမ်းမိုးခဲ့လေပြီ။
လွန်ဆွဲပွဲ နန်းဆောင်တွေထဲက
ပညတ်ထားတဲ့ ဓာတ်စာတွေ
တိုက်ကျွေးခံလိုက်ရတဲ့ ငါတို့ နှစ်ဦး
အေ၀းတစ္ကမ ၻာဆီမွာ
လွမ်းဆွေးခြင်းနေ့ ရက်တွေရှည်ကြာလို့ 
ဝေဒနာမှတ်တိုင်တွေပဲ ထူစိုက်ခဲ့ရပြီပေါ့။
ချစ်သူရေ......
လွမ်းနေတာတွေ
ရင်ဖွင့်ပြရရင်တော့
လေတိုက်စရာနေရာတောင် ရှိမှာမဟုတ်တော့ပါဘူး။(အငှားစကားလုံးပါ)
ဒီဝေဒနာဟာ
အနေကြာလို့ လျှော့မယ်ထင်ခဲ့တာ
ခုတော့လေ...
နွေတစ်ရာမက
ခံလာရတဲ့ဝေဒနာတွေကတော့
တစ်စတစ်စလောင်မြိုက်ပါများလို့ 
ရိုးတွင်းချဉ်ဆီတွေတောင်ကျွမ်းလုရှာပေါ့။
ချစ်သူရေ.......
အတိတ်လွင်ပြင်
အရိပ်အရောင်တွေက
စိတ်ဘ၀င်ကို အမြဲစိုးမိုးထားတယ်....
ဒဏ်ရာရ ရင်ခွင်
ဗလာဟင်းလင်းမှာလည်း
ဖြည့်တင်းဖို့ ရာ
ဆန္ဒတစ်စုံတစ်ရာ မရှိတော့တာမို့ 
ကမ္ဘာဝေတာကြုံခဲ့ရတောင်
မျှော်လင့်ခြင်းကျောက်စာအဖြစ်
ငါ့အချစ်တွေကိုကဗ္ဗည်း ထိုးခဲ့လိုက်တော့မယ်။
အားလုံးကိုအစဉ်ခင်မင်လေးစားလျှာက်
yarzawinlinlin(ဂူဂျွန်ကောင်လေး)
No comments:
Post a Comment