အချစ်ဆိုတာ မြှားတစ်စင်းဖြစ်ခဲ့ရင်
ထုတ်ချင်းခတ်ခံနေရသူက . . ငါပေါ့။
နံနက်ခင်းတိုင်း
မင်းရဲ့မျက်နှာလေးကိုမြင်ယောင်ပြီးမှ
အိပ်ရာထတတ်သူအတွက်
လွမ်းနေတယ်လို့ ပြောမိတာ
မလွန်လောက်ဘူးထင်ပါရဲ့.။
အချစ်နဲ့ ပတ်သက်ရင်
အထိန်းချုပ်အကန့် အသတ်မရှိခဲ့သူပါ...
အချစ်နှင့်တစ်ဘ၀စာ
ရင်းနှီးမြှုပ်နှံသူဖြစ်ပါရစေ။
ဒီလိုပါပဲ ချစ်သူရယ်
နှစ်တွေဘယ်လောက်ပြောင်းပြောင်း
အချိန်တွေဘယ်လိုနှောင်းနှောင်း
မင်းရဲ့နာမည်လေးကြားမိရုံနဲ့ 
ကတုန်ကယင်ဖြစ်နေတုန်းပါပဲ။
ဒီလိုပါပဲ ချစ်သူရယ်
မမေ့နိုင်တဲ့ အချစ်မြှား
ဝင်ဆူးထားတဲ့ ဒီရင်ခွင်က
မင်းအကြောင်းကြားလိုက်မိလိုက်တိုင်း
နှလုံးသားမှာ တဒိန်းဒိန်းနဲ့ ခုန်နေခဲ့တာ
အသက်ရှုတောင်ရပ်မတတ်ပါပဲ။
ဒီလိုပါပဲ ချစ်သူရယ်
နွေရာသီရွက်ကြွေတွေကြားးမှာ
မနေ့ ကလိုထင်နေဆဲ အတိတ်ကြောင်းတွေစဉ်းစားရင်း
မင်းကြိုက်တဲ့တေးသွားလေးတွေ ညည်းမိနေတာ
ပတ်ဝန်းကျင်ကျေးငှက်လေးတွေတောင်
စာသားတွေအလွတ်ရနေသယောင်ယောင်ဖြစ်နေပြီ။
ဒီလိုပါပဲ ချစ်သူရယ်
အလွမ်းတေးသံတစ်ချို့ ကြောင့်
ကာရံမညီထွက်ကျလာတဲ့စာသားလေးတွေကို
အမြတ်တနိုးငါသီကုံးထားရင်း
သတိရခြင်းတွေစာစီထားတာလည်း
keyမညီတဲ့သံစဉ်တွေလို ပေါက်ကွဲပြနေတတ်တုန်းပေါ့။
ဒီလိုပါပဲ ချစ်သူရယ်
ငါ့နှလုံးသားကိုတံဆိပ်ကပ်
”ထု”ခတ်ခံလိုက်ရတာတော့
မင်းဘက်ကအချစ်သတ်မှတ်ချက်
ခံယူချက်တွေကြောင့်များလားလို့  စွပ်စွဲခဲ့ရင်
ငါ့ဘက်ကမှားနေမလားပဲ။
သြော်...ထားပါတော့ ချစ်သူရယ်
ဘ၀နဲ့ ရင်းပြီးချစ်ခဲ့တဲ့ငါ့အတွက်တော့
အချစ်ဆိုတာ....
မချိုမြိန်တဲ့ဒုက္ခတစ်ခုပါပဲ..။
ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းအလည်မှာ
ပြစရာမျက်နှာမရှိအောင်မင်းလုပ်ရက်ခဲ့ပေမဲ့
အချစ်ကြောင့်ချက်ကြိုးမှားဖြတ်မိခဲ့တဲ့ ငါကတော့
အရှက်မရှိမင်းကိုတမ်းတနေတုန်းပဲပေါ့။
ဒီလိုပါပဲ ချစ်သူရယ်
ကစဥ့်ကလျားအလွမ်းတွေကြား
မျှော်လင့်မိနေတဲ့ ငါ့သောကတွေက
ဘယ်တုန်းကမှဒေါသမစွက်ခဲ့ပါဘူး
ချစ်တတ်အောင်သင်ပေးခဲ့သူ မင်းဆီက
အပြုံးလေးတစ်ပွင့်တောင်တမ်းတဆဲပဲဆိုတာ.......
လေညှင်းလေးကပဲဖြစ်ဖြစ်
ငှက်ကျေးလေးကပဲဖြစ်ဖြစ်
လမင်းကြီးကပဲဖြစ်ဖြစ်
မြှားနတ်မောင်အချစ်နတ်သားကြီးကပဲဖြစ်ဖြစ်
လမ်းကြုံရင် ချစ်သူလေးသိအောင်
ကျွန်တော့် ကိုယ်စား
ရင်ဖွင့်ပေးကြပါလားဗျာ။
(ဆရာအကြည်တော်ဝတ္တုမှစာသားလေးတစ်ချို့ အား
ဖြတ်၊ညှပ်၊ကပ် မိပါသေးသည်။အကုန်ဟုတ်ဘူးနော်။)
အားလုံးကိုခင်မင်လေးစားလျှက်
yarzawinlinlin(ဂူဂျွန်ကောင်လေး)
No comments:
Post a Comment