မင်္ဂလာပါမိတ်ဆွေတတ်သလောက်လေးဖန်တီးမိသောကျတော့်အိမ်လေးသို့ လာလည်ပေးတာကျေးဇူးအထူးတင်ပါတယ်။နောင်လည်းလမ်းကြုံရင်ဝင်လာလည်ပါဦးနော်။

Thursday 12 July 2012

"၄နှစ်သာခရီးသည်၏ညည်းချင်း"

ဖြစ်ချင်တာတွေ ဖြစ်မလာတဲ့အခါ
ဖြစ်သင့်တာတွေ လိုက်လုပ်၇င်း
ပျော်စ၇ာအသိုက်ကိုခွဲ   ဘ၀ကိုတစ်ကိုယ်ထဲနွှဲခဲ့တာ
ခုဆို......နေ့ ည.လပြောင်း
နှစ်ဟောင်းခဲ့တာ(၄)ခါတောင်ရှိခဲ့ပြီ။
ကောင်းကင်တမွတ်
ငါယောင်္ကျားတံခွန်
်ခူးဆွတ်မယ် ကြံ၇ွယ်
ဓူဝံကြယ်ရှာမတွေ့ လေတော့ 
*ငါ* ကြယ်ကြွေတွေပဲကောက်နေ၇တာပါလား.....
ဘ၀ပင်လယ်မှာ   လှိုင်းတံပိုး၇ိုက်ခတ်ပါများလို့ 
၇ုန်းကန်ထဖို့  ကြိုးစားကြည့်သော်လည်း
ဘာမှမထူး  ဒုံ၇င်းကဒုံ၇င်းပါပဲလားနော်..
ဥာဏ်နဲ့ ဝီ၇ိယကို
ကြိုးစားမှု့နဲ့ဖေးကူ၇င်း ရှေ့ဆက်ခဲ့လည်း
*ငါ့*ဘ၀ ရှေးကုသိုလ်ကံကတော့
ဘယ်*ဂျောင်-*မှာပုန်းနေပါလိမ့်..
နိုးထပါတော့အသင်ကံရယ်
ငါ ဆင်ကြံကြံ၇င်း ရှေ့ဆက်နေတာမဟုတ်
အလုပ်နဲ့ သက်သေပြ၇င်း
ငါ့မိဘကို ဖေးမနေတာ
ငါ့ဘ၀အတွက်တောင်ဘာမှမပြင်ဆင်၇သေးဘူး....... .။

No comments:

Post a Comment