မင်္ဂလာပါမိတ်ဆွေတတ်သလောက်လေးဖန်တီးမိသောကျတော့်အိမ်လေးသို့ လာလည်ပေးတာကျေးဇူးအထူးတင်ပါတယ်။နောင်လည်းလမ်းကြုံရင်ဝင်လာလည်ပါဦးနော်။
Thursday 12 July 2012
တစ်ဘ၀စာဆိုတဲ့မျှော်လင့်ချက်ကြောင့်
ခဏသာပျော်စရာလေးတွေတော့
ရင်းနှီးလိုက်ရပါတယ်....
ဘ၀ဆိုတာအဓိပ္ပွါယ်ဖွင့်
လက်တွေ့ ကျကျဖြတ်သန်းတော့
စိတ်ကူးခဲ့တဲ့အိမ်မက်လေးတွေက
လေထဲမှာပဲလွင့်ပျယ်ကုန်ပြီ....
    ငါရှုရှိုက်နေတဲ့လေညှင်းရယ်
    တခ်ါတလေ....အတိတ်ရဲ့
    အရသာလေးများပါလားမလား
    တမ်းတမိတယ်.......
    ခု နင်းလျှောက်နေတဲ့
   လမ်းကိုမေ့ထားပြီး
   သူငယ်ချင်းတွေနဲ့ဆော့ခဲ့တဲ့
   ဖုန်ထူထူလမ်းလေးတောင်
   သတိရမိလာပြန်ရော..
 ဟော..ကြည့် လူု့ အကြိုက် နတ်မလိုက်တဲ့ဟေ့
ရေလှိုင်းလေးက ကမ်းစပ်ကို
ရောက်ချင်လားတော့မသိဘူး
ငှက်ကျေးလေးကတော့
အသိုက်နန်းကို
မှန်းဆလို့ ပျံသန်းနေမှာပဲလေ
ဝေးကွာနေတဲ့အတွက်ကြောင့်
တမ်းတရတဲ့စိတ်တွေကတော့
မောလှပါပြီ..
ဘ၀ဆိုတဲ့ပင်လယ်ကြီးထဲ
ရွက်လွင့်နေတဲ့*ငါ  *ဆိုတဲ့လှေငယ်လေး
မျှော်လင့်မိတဲ့အိမ်အပြန်လမ်း
ဒီကမ်းကိုဘယ်တော့များဆိုက်မှာပါလိမ့်
    တမ်းတမိနေလေရဲ့..........။
*ငါ့ဘ၀ ငါ့ခံယူချက် နဲ့ ငါ့ကဗျာ*
စိတ်ညစ်တယ်ဆိုတာ
သမားရိုးကျ အလုပ်တစ်ခုလိုဖြစ်နေတော့
ပြောရမှာတောင်ပျင်းနေပြီ......
ရိုးရှင်းစွာတည်ဆောက်နေတဲ့ ငါ့ဘ၀ကို
ဒုက္ခဆူးတွေလာလာထိုးထည့်နေတဲ့လောက
လိုချင်ရာတွေများလွန်းတဲ့*ငါ*ကလည်း
လိုက်လိုက်သွားမိတဲ့လောဘ..
လောဘရှိနေတဲ့ငါ့ကို
လောကကြီးက ဘောင်ခတ်ချင်တယ်
ငါ့ဘ၀ ငါ့လှေကို  ငါကလည်း
ဒုက္ခလှိုင်းတံပိုးတွေ ကိုကျော်ဖြတ်ရင်း
လိုချင်ရာပန်းတိုင်ဆီကိုတော့ အရောက်လှမ်းရမှာပဲ.......
မင်းဆီမှာရှိတဲ့ပရိယာယ်တွေနဲ့
*ငါ့*တက်ကိုတော့ လာရိုက်မချိုးနဲ့ လောကကြီးရေ
တက်မရှိတောင်ငါ လက်နဲ့လှော်မဲ့ကောင်......
ရောင့်ရဲတင်းတိမ်ခြင်းတော့ငါ့မှာ ရှိတယ်
ဒါပေမဲ့...
လောဘတော့မကင်းတာအမှန်ပဲ..
ငါ့ကြိုးစားမှု့လက်တစ်ဆုပ်စာနဲ့
ငါ့ဘ၀ကိုငါတည်ဆောက်မယ်
အနည်းငယ်ရှိသော်လည်း
တတ်သိထားတဲ့ ပညာလေးနဲ့ ပဲ
ငါ့ ဘ၀ ကိုငါ ကျေနပ်တယ်
မိုးပေါ်ကိုလည်း မျှော်ကြည့်ဖူးတယ်
အောက်ခြေတော့ငါဘယ် တော့မှမလွတ်စေရဘူး....
စိတ်ကူးသက်သက် နဲ့ 
တည်ဆောက်ထားတာမဟုတ်တဲ့ငါ့လက်ရှိဘ၀ကို
မသေခင်ခဏ
*ငါ့*လှေ *ငါ* ပဲ့ကိုင်ရင်း
  အားလုံးကိအစဉ်ခင်မင်လေးစားလျှက်
                          yarzawinlinlin(ဂူဂျွန်ကောင်လေး)
No comments:
Post a Comment