ဘ၀ဆိုတဲ့
ဇာတ်လမ်းတစ်ပုဒ်ဖြစ်ဖို့ 
ကျွန်တော့်ရဲ့အနားမညီဇာတ်ညွှန်းလေး
စခဲ့ရပါပြီ။
အမြင့်ပျံငှက်တစ်ကောင်ရဲ့စွမ်းအားနဲ့ 
တာဝေးအပြေးသမားကျွန်တော်
ခါးသက်သက်ရမ္မက်တွေ
အေးမြမြအထိအတွေ့ တွေ
ပေါ့ပျက်ပျက် ရယ်စရာလေးတွေပါရောလို့ 
လောကဇာတ်ခုံ
အဖွင့်ကလေးကတော့
ခွန်းတောက်မပါပဲဖွင့်ခဲ့ရပါလေတယ်။
လှမ်းလာသမျှ
ဇာတ်လမ်းလေးကတော့
အငြိမ့်သမလေးရဲ့ ယိမ်းလေးလို
ကြည့်မကောင်းပေမဲ့
သူ့ ဇာတ်ရုပ်နဲ့ သူကတော့
ကံကြမ္မာလမ်းကြောင်းပေါ်မှာ
ခါးတစ်လှည့် ချိုတစ်လှည့်
ဘ၀ဆိုတာကို ပုံဖော်ပေးနေလေရဲ့။
အမှတ်မထင်ကြုံရတဲ့အရာလေးတွေက
ကြည်နူးစရာလေးတွေလည်း
ပေးဖူးတယ်။
မပီပြင်ဝိုးတ၀ါး အတိတ်လေးတွေကြောင့်
အလွမ်းအဆွေးလေးတွေလည်း
တွေ့ ဖူးတယ်။
ရမ္မက်လှိုင်းကြမ်းတွေ ဖုံးလွှမ်းနေသူတွေကြောင့်
စိတ်သောကတွေလည်း
ရဖူးတယ်။
မျှော်လင့်ချက်မ့သလိုလိုနဲ့ 
အသက်ပြန်ဆက်ရတဲ့နေ့ တွေလည်း
ကြုံဖူးတယ်။
မရနိုင်သေးတဲ့ မျှော်လင့်ခြင်းတွေနဲ့ 
ရှေ့ဆက်နေရတာလည်း
ရင်မောခဲ့ရတယ်။
ရရှိနေတဲ့ ဘ၀လေးကို
ရောင့်ရဲခြင်းတွေတွေနဲ့ လည်း
ချွေးသိပ်နေဖူးပြန်တယ်။
ထားပါတော့လေ
အသက်တစ်ရာမနေရပေမဲ့
တစ်ရာမကတဲ့ သောကတွေ
တစ်ရာမကတဲ့ အပြောင်းအလဲတွေ
များစွာသော တွေ့ ၊ကြုံ၊ဆုံ၊ကွဲ
အဖြစ်အပျက်လေးတွေနဲ့ အတူ
ရခဲလှတဲ့ လူ့ ဘ၀ထဲမှ
လောကဇာတ်ခုံကိုတော့
ဖျက်သိမ်းလို့ မဖြစ်သေးဘူးကိုး။
အားလုံးကိုအစဉ်ခင်မင်လေးစားလျှက်
yarzawinlinlin(ဂူဂျွန်ကောင်လေး)
ဇာတ်လမ်းတစ်ပုဒ်ဖြစ်ဖို့ 
ကျွန်တော့်ရဲ့အနားမညီဇာတ်ညွှန်းလေး
စခဲ့ရပါပြီ။
အမြင့်ပျံငှက်တစ်ကောင်ရဲ့စွမ်းအားနဲ့ 
တာဝေးအပြေးသမားကျွန်တော်
ခါးသက်သက်ရမ္မက်တွေ
အေးမြမြအထိအတွေ့ တွေ
ပေါ့ပျက်ပျက် ရယ်စရာလေးတွေပါရောလို့ 
လောကဇာတ်ခုံ
အဖွင့်ကလေးကတော့
ခွန်းတောက်မပါပဲဖွင့်ခဲ့ရပါလေတယ်။
လှမ်းလာသမျှ
ဇာတ်လမ်းလေးကတော့
အငြိမ့်သမလေးရဲ့ ယိမ်းလေးလို
ကြည့်မကောင်းပေမဲ့
သူ့ ဇာတ်ရုပ်နဲ့ သူကတော့
ကံကြမ္မာလမ်းကြောင်းပေါ်မှာ
ခါးတစ်လှည့် ချိုတစ်လှည့်
ဘ၀ဆိုတာကို ပုံဖော်ပေးနေလေရဲ့။
အမှတ်မထင်ကြုံရတဲ့အရာလေးတွေက
ကြည်နူးစရာလေးတွေလည်း
ပေးဖူးတယ်။
မပီပြင်ဝိုးတ၀ါး အတိတ်လေးတွေကြောင့်
အလွမ်းအဆွေးလေးတွေလည်း
တွေ့ ဖူးတယ်။
ရမ္မက်လှိုင်းကြမ်းတွေ ဖုံးလွှမ်းနေသူတွေကြောင့်
စိတ်သောကတွေလည်း
ရဖူးတယ်။
မျှော်လင့်ချက်မ့သလိုလိုနဲ့ 
အသက်ပြန်ဆက်ရတဲ့နေ့ တွေလည်း
ကြုံဖူးတယ်။
မရနိုင်သေးတဲ့ မျှော်လင့်ခြင်းတွေနဲ့ 
ရှေ့ဆက်နေရတာလည်း
ရင်မောခဲ့ရတယ်။
ရရှိနေတဲ့ ဘ၀လေးကို
ရောင့်ရဲခြင်းတွေတွေနဲ့ လည်း
ချွေးသိပ်နေဖူးပြန်တယ်။
ထားပါတော့လေ
အသက်တစ်ရာမနေရပေမဲ့
တစ်ရာမကတဲ့ သောကတွေ
တစ်ရာမကတဲ့ အပြောင်းအလဲတွေ
များစွာသော တွေ့ ၊ကြုံ၊ဆုံ၊ကွဲ
အဖြစ်အပျက်လေးတွေနဲ့ အတူ
ရခဲလှတဲ့ လူ့ ဘ၀ထဲမှ
လောကဇာတ်ခုံကိုတော့
ဖျက်သိမ်းလို့ မဖြစ်သေးဘူးကိုး။
အားလုံးကိုအစဉ်ခင်မင်လေးစားလျှက်
yarzawinlinlin(ဂူဂျွန်ကောင်လေး)
No comments:
Post a Comment