ဝလုံးလား သုညလား
ကို့ စိတ်နဲ့ ကိုယ်ငြင်းခုန်ရင်း
မိုးလင်းခဲ့တဲ့ ညတွေလည်း
ရှိဖူးတယ်။
ကြက်ဥက ကြက်ဖြစ်တာလား
ကြက်ကကြက်ဥဖြစ်လာတာလား
တစ်ကိုယ်တည်းနှစ်ခြမ်းခွဲ
အတွေးခေါင်တဲ့ နေ့ တွေလည်း
ကြုံဖူးတယ်။
သံသရာကပဲ
ကမ္ဘာနောက်လိုက်လည်သလိုလို
ကမ္ဘာကပဲ
သံသရာနောက်လိုက်လည်သလိုလိုနဲ့ 
ဥာဏ်မမှီသေးတဲ့ ကို့ ဟာကိုယ်လည်း
မုန်းမိသေးတယ်။
အချစ်ဆိုတာကရော
အာဒံနဲ့ ဧ၀ကပဲစတာလား
ကမ္ဘာဦးဗြဟ္မာတွေကစခဲ့တာလား
ဇဝေဇ၀ါနဲ့ ခုထိကို
တိကျတဲ့အဖြေမရသေးဘူး။
ငယ်ငယ်ကဟာသလေးလိုပေါ့
ကမ္ဘာကြီးသည်ကျောင်းမှာလုံးပြီး
အိမ်မှာပြားပါသည်လို့ လည်း
ဆိုခဲ့ဖူးပါတယ်။
ကြောင်ကလေးရွှေဝါကြိုက်တဲ့ငါးကြော်ကို
သူလည်းကြိုက်တယ်ဆိုပြီး
မာန်မဲခဲ့တဲ့ ဦးလေးကလည်း
ကျွန်တော့်လိုပဲ ဖြစ်နေမလားပဲ။
က..ကလေးငယ်
အရမ်းငိုတယ်
ရ..ရထားကြီးပျော်ပျော်စောင့်
မ..မမလေး ငါ့ကိုပေးလို့ 
သင်ပေးခဲ့တဲ့ဦးလေးကပဲမှာခဲ့တာလား?
ကျွန်ုပ်မှာတော့
ဘာမဟုတ်တဲ့ဘရုတ်သုက္ခအတွေးတွေနဲ့ 
အိပ်ရေးပျက်ခဲ့ညတွေများသမို့ 
အားလုံးကိုအစဉ်ခင်မင်လေးစားလျှက်
yarzawinlinlin(ဂူဂျွန်ကောင်လေး)
No comments:
Post a Comment