မင်္ဂလာပါမိတ်ဆွေတတ်သလောက်လေးဖန်တီးမိသောကျတော့်အိမ်လေးသို့ လာလည်ပေးတာကျေးဇူးအထူးတင်ပါတယ်။နောင်လည်းလမ်းကြုံရင်ဝင်လာလည်ပါဦးနော်။

Thursday 12 July 2012

'"အမှတ်တရအသည်းကွဲvalentines day"

ဆတ်ကနဲ ဆတ်ကနဲ အသားကိုအပ်လေးနဲ့ ထိုးနေသလို
ခံစားရတဲ့အသိဝင်လာမှ အိပ်ရာကလန့် နိုးလာတယ်။ဘယ်သူကများလာလက်သရမ်းပါလိမ့်ဆိုပြီးဒေါသနဲ့ 
ကကက.()
ပြေးတောင်မပြေးနိုင်တော့ဘူး။မနက်မိုးမလင်းသေးဘူး ငါ့ကိုအိပ်ရာကနိုးစေတဲ့ကောင်သွားပေတော့။
ညှာတာစိတ်သိပ်မထားတတ်တဲ့ကျတော်လက်ကအနားမှာတွေ့ တဲ့ သစ်သားလေးနဲ့ ထောက်ခနဲ့ ဆို
ဖိပစ်လိုက်တယ်။သွေးလေးတွေဖြာစင်းပြီးဂျပိုးလေး၁ကောင်တော့စောစောစီးစီးသွားရှာပြီ။တာ့တာပါ
ကက....
ဒါဆိုလည်းအိပ်တော့ဘူးဆိုပြီးအိပ်ရာလေး သိမ်းဘေးနားမှာကြည့်မိပြန်တော့ ခုန သွေးပေနေတဲ့ဂျပိုးအသေ
လေးနားမှာ ခပ်ပိန်ပိန်ဂျပိုးလေး တစ်ကောင်က ၀မ်းနည်းတဲ့မျက်နှာလေးနဲ့ (ထင်တာပဲနော်) ရောက်နေတယ်။
ဒီကောင်ဒီချိန်လူမြင်လို့ တောင်မကောင်းဘာလာလုပ်နေပါလိမ့်ဆိုပြီး  ကျတော်လက်က ခုနသစ်သားလေးဆီ
ရောက်သွားတယ်။အလိုက်သိတဲ့သစ်သားလေးကလည်း ဂျပိုးလေးရဲ့ခန္ဓာပေါ်ရောက်သွားတယ်ပေါ့။
သူလည်းပဲတာ့တာပါပဲ။အရေးထဲအားနေရင်အညိမ်မနေနိုင်တဲ့ပါးစပ်ကလည်း ဂျပိုလေးတို့ ရေ ကောင်းရာဘုံဘ၀ရောက်
ပါစေလို့ တောင်ဆုတောင်ပေးမိလိုက်သေးတယ်။
      ဒီလိုနဲ့ ရေချိုး မောနင်းလေးဆွဲပြီး အိမ်ရှေ့ထွက်ဟိုကြည့်ဒီကြည့်လုပ်မိတော့ ကောင်မလေးတွေ  ကောင်လေးတချို့ 
အ၀တ်အစားလှလှလေးတွေနဲ့ သွားလာနေကြတာကိုတွေ့ မိတယ်။နည်းနည်းတော့ထူးနေသလိုပဲပေါ့။ထားတော့အဲတာတွေ
စိတ်မ၀င်စားဘူး။စိတ်ဝင်စားတဲ့နေရာကို ကြည့်လိုက်မိတော့သူငယ်ချင်း၃ယောက်ကခြင်းဝိုင်းထဲနေရာယူနေပြီ။
ဒါနဲ့ သူတို့ လှမ်းမခေါ်သေးခင် ခြင်းဝိုင်းထဲကျတော်လည်းနေရာဝင်လုယူလိုက်မိတယ်။၃ယောက်တမ်းခတ်မဲ့ခြင်းဝိုင်းက
တစ်ဖက်၎ယောက်စီဖြစ်သွားတော့တာပေါ့။
         ခြင်းခတ်နေတုန်းပဲရှိသေးတယ် ကောင်မလေးတစ်ယောက်အ၀တ်အစားလှလှလေးတွေဝတ်ပြီး မလှမ်းမကမ်းက
ကျတော်ကိုshow နေတာကိုတစ်ချက်ပြန်show ပြီးမြင်ဖူးပါတယ်လို့  စဉ်းစားနေခိုက် "သားကြီး အဲတာမင်းကောင်မလေး
သီရိ မဟုတ်လား?"ဘေးကသူငယ်ချင်းပြောမှ အသိဝင်လာတယ်
'...က"ကကက
ကောင်မလေးနားရောက်တော့မှ သူ့ မျက်နှာကခပ်တင်းတင်းဖြစ်နေတာ သတိထားမိတော့
"...
ဘာကိစ္စရှိလို့ လည်း”
အဲလိုမေးမိတော့မှပိုဆိုးဗျာ။မျက်ရည်တွေထွက်ကျပြီး ငိုတောင်ပြနေလိုက်သေးတယ်။
..က
ပြောစမ်းပါဦး  ဘာဖြစ်လာတာလဲ အကျိုးအကြောင်းလေးသိမှ
ရှင်းလို့ ရမှာပေါ့”
  -”ဘာ  အကျိုးအကြောင်းဟုတ်လား ဒါဆိုဒီနေ့ ဘာနေ့ လည်း”
+..က
အဲတာနဲ့ ငိုတာဘာဆိုင်လို့ လည်း”
-”အဲတာမေးတာမဟုတ်ဘူး ဒီနေ့ ဖေဖေါ်ဝါရီ
 ၁၄ ချစ်သူများနေ့  အဲတာနင်မသိဘူးလား”
    ”အော် ”
အဲဒီတော့မှကျတော်အော်နိုင်တော့တယ်ဗျာ။
+” သီရိရယ် ကို့ မွေးနေ့ ကိုယ်တောင်ရှေ့နောက်ပြောင်းပြန်မှတ်မိနေလို့ 
မွေးနေ့ ကျော်မှ မွေးနေ့ မှန်းသိပါတယ်ဆို ဒီနေ့ လည်းစိတ်ထဲမှာ သိပ်မမှတ်မိလိုက်လို့ ပါ
 sorryကကက.....
-..?
+...က
 ၁၀ိုင်းပဲ နောက်၅မှတ်လောက်ရရင် ပွဲပြီးပြီ။သူငယ်ချင်းတွေလည်းရပ်စောင့်နေတယ်
က့    ..ကကက
အဲလိုပြောမိမှ ပိုဆိုးပြီးမျက်ရည်တွေတောင်ထပ်ကျလာပါလေရော။
+...
ပြီးမှ သူ့ မျက်နှာကျတော့်ဘက်လှည့်လာပြီး ကျနေတဲ့မျက်ရည်တွေကိုသုတ်လိုက်တယ်။
ကကကက.......
-..က
   ..ကက
   နင်နဲ့ ငါချစ်သူတွေမဟုတ်တော့ဘူးလို့ ပဲသဘောထားလိုက်ပါ
  ငါသွားတော့မယ် ”
သူပြောတဲ့စကားပြန်ပြောခွင့်တောင်မပေးတော့ပဲ နောက်လှည့်ပြန်သွားရှာတယ်။ခပ်လှမ်းလှမ်းရောက်မှ
ကျတော်အသိဝင်လာတယ်။
+..
ကျတော်နောက်ကပြေးလိုက်သွားပေမဲ့
-”နင်ငါ့နောက်ကိုလိုက်မလာတော့နဲ့ နော်
  လူတွေကြားထဲမှာငါအရှက်မကွဲချင်တော့ဘူး နင်ပြန်တော့”
+..
    ဒါပေမဲ့ငါတစ်ခုလောက်ပြောပြရစေ
   နောက်ဆုံးအနေနဲ့ ဖြစ်ဖြစ်ပေါ့”
-..
+”နင့်လက်ထဲကပါဆယ်ဘူးလေးက ငါ့အတွက်ယူလာတာမဟုတ်လား
    အမှတ်တရပေါ့ ငါ့ပေးခဲ့လိုက်လေနော်”ဆိုမှ သူလည်းသတိထားမိပြီး
  ပါဆယ်ဘူးလေးကိုကျတော့်ဆီ ပစ်ပေးသွားရှာတယ်။ကျတော်စိတ်မှာတော့
နောက်တစ်ခါတွေ့ ရင်ငါလည်းလက်ဆောင်လေးပေးမယ်ဆိုတာလေးရှိခဲ့တာအမှန်ပါ။ဘာပြောပြောအမှတ်တရပေါ့။
       အဲဒီနေ့ ကတော့သူငယ်ချင်းတွေနဲ့ အတူသူ့ စီကရတဲ့ချောကလက်လေးတွေကိုစားရင်း
နောက်နေ့ ကျရင်တော့အမုန်းချော့ရတော့မှာပဲလို့ စဉ်းစားရင်း
မနက်က ကျတော်ဘ၀ပြောင်းပေးလိုက်တဲ့ဂျပိုးလေးနှစ်ကောင်ကလည်းချစ်သူတွေပဲလား?
သူတို့ လည်းvalentines day ကိုများသိနေလို့ များလားလို့ ဘာမဆိုင်လာမဆိုင်စဉ်းစားမိလိုက်သေးတယ်။ဖြစ်နိုင်မယ်တော့ထင်သားပဲကိုးးး။
   .........
  အဲဒီနေ့ ကစပြီး နိုင်ငံခြားပဲရောက်သွားသလို လို တခြားမြို့ ကိုပဲပြောင်းသွားသလိုလိုနဲ့  သူ့ ကိုမတွေ့ ရတာ
ခုချိန်ထိပါပဲဗျာ။ ခုဆိုvalentines  day တောင်မမှတ်တတ်တဲ့ကျတော် ၁နှစ်လုံးလုံးတစ်ခါမှသတိမရမိတောင်
ခုလိုလူတွေအော်ဟစ်ပျော်မြူးနေတဲ့ valentines day ချစ်သူများနေ့ ရောက်ရင်တော့ အရမ်းအရမ်းကြီးကို
သတိရနေပါတယ်ဆိုတဲ့ အကြောင်း  ကျွန်တော့်ချစ်သူကောင်မလေးကို
    ကက..........
                                 အားလုံးကိုအစဉ်ခင်မင်လေးစားလျှက်
                                                yarzawinlinlin(ဂူဂျွန်ကောင်လေး)

No comments:

Post a Comment