မင်္ဂလာပါမိတ်ဆွေတတ်သလောက်လေးဖန်တီးမိသောကျတော့်အိမ်လေးသို့ လာလည်ပေးတာကျေးဇူးအထူးတင်ပါတယ်။နောင်လည်းလမ်းကြုံရင်ဝင်လာလည်ပါဦးနော်။

Friday, 17 August 2012

+တဒင်္ဂ+

+တဒင်္ဂ+
အသိတွေက
ငရဲဘုံဆီထိုးဆိုက်ကျသွားတယ်
ဆင်ခြင်တုန်တရားကလည်း
ရေငွေ့ တွေလိုလွင့်လို့ ......
အမြင်အာရုံတွေ
ထိတွေ့ ခြင်းတွေ
       လွင့်စင်နေတဲ့အသံတွေ
     ဒါတွေရဲ့အဝေးမှာ........
ဘယ်မှာလည်းငါ့ခန္ဓာ
ဘယ်မှာများလည်းငါ့စိတ်
ဝင်လေထွက်လေကိုသတိမူဖို့ မပြောနဲ့ 
ကိုယ်တိုင်လူတစ်ယောက်ဆိုတာတောင်
အဲ့ဒီတဒင်္ဂမှာ
ပြန်မစမ်းမိခဲ့ဘူး။
+++++++++++++++++++++++++++++++++
+++++++++++++++++++++
+++++++++++
++++
+
အားလုံးကိုအစဉ်ခင်မင်လေးစားလျှက်
                         yarzawinlinlin

No comments:

Post a Comment