မင်္ဂလာပါမိတ်ဆွေတတ်သလောက်လေးဖန်တီးမိသောကျတော့်အိမ်လေးသို့ လာလည်ပေးတာကျေးဇူးအထူးတင်ပါတယ်။နောင်လည်းလမ်းကြုံရင်ဝင်လာလည်ပါဦးနော်။
Friday 17 August 2012
" ကပေါက်တိကပေါက်ချာမှန်ရာလေးများ "
ဟေး....
    သူငယ်ချင်းပေါင်းရောင်းရာင်းရင်းတို့ ရေ
ကြားပြီးကြပြီလား
လူသားတွေရောင်းလို့ တဲ့
အစားကြီးတဲ့ဖွတ်က
ဘယ်နှယ်ကြောင့် တောက်တဲ့ဖြစ်နေပါလိမ့်။
        နေရောင်ပဲထိုးတာလား
       မျက်လုံးပဲဝါးတာလား
       ဘာလား၊ညာလားတော့မသိဘူး
      နာမည်ကြီးချင်တော့လည်း
      အလှူငွေရဖို့ အရေး
      ဘုရားတောင်ခုတုံးလုပ်
၁ခုလပ်နဲ့ ၁လင်ကွာ
မုဆိုးဖိုနဲ့ မယားပစ်တို့ လည်း
သူသာငါသာ
ယှဉ်ပြိုင်နေကြတာများ
လူသေတာမငို
ဟိုဟာပေါ်မှငိုနေသူတို့ အတွက်
ယိုသူမရှက်မြင်သူကတော့ရှက်မိပါရဲ့ဗျာ။
ဘာတဲ့.....
ဘကြီးဖြိုးပြောတဲ့စကားက
အင်တာနက်ခေတ်မို့ လားတော့မသိဘူး
ဟိုးရှေးကထိုးကွင်းမင်ကြောင်တွေက
တိုနှံ့ နှံ့ အ၀တ်လေးတွေနဲ့ 
မိန်းကလေးတွေရဲ့ခန္ဓာအနှံ့မှာ
နေရာယူထားလိုက်တာ
မမြင်ချင်မှအဆုံး
ငါတို့ ကျားတွေအတွက်
စိတ်ကြွဆေးတောင်သောက်ဖို့ မလိုဘူးဆိုပဲ။
ဘာဖြစ်တာတုန်းတော့မသိဘူး
အင်္ဂလိပ်ကော်ပီ
တရုတ်ကော်ပီနဲ့ 
ရုပ်ရှင်ဂီတသားတချို့ လည်း
ကို့ ဟာကိုယ်ပြန်ကော်ပီမိလို့ 
လေလံတင်ဈေးကွက်တောင်ရောက်နေပြီဆိုလားပဲဗျာ။
ရှိစေတော့ ...ရှိစေတော့
နီပေါလိုခြစ်ချုပ်ချွေတာတဲ့
တကောင့်သားတွေကတောင်
ရွှေလေးတွေကိုအရောင်တင်ပေးနေလေတော့
လူကြီးမင်းတို့ ရေ......
နားနဲ့ မနာ ဖ၀ါးနဲ့ သာနာပါ
ခင်ဗျားသမီးကညာလေး
အသက်ကြီးလို့  အခါလင့်နေရင်တောင်
တွေးမပူလေနှင့်.....
မလေးမြေမှကြိုဆိုနေပါတယ်
လယ်လေး၊နွားလေး
ရှိတာလေးတွေထုခွဲရောင်းချလို့ 
                                မြန်မြန်သာပို့ လိုက်ပါဗျို့ ။
ဖုန်းသရဲတွေများလား
နှောက်ယှက်နေတာမျာလားဆိုပြီး
gtalkကချိန်း
တကယ့်တကယ်ကြူမယ်ကြံ
အပြင်မှာတွေ့ မိပြန်တော့
အ၆ဆိုလား ဘာဆိုလား
ခုကြတော့...
လိုင်းပေါ်မှာပုံတွေမှ
                      ဟီး..လို့ ဆိုပဲဗျာ။
ဝါ၀ါမြင်တိုင်း
ရွှေအစစ်ထင်မိလေသူတွေကတော့
အေးဂျင့်တွေအပြောမှာမျောလို့ 
၁နှစ်၁နှစ်သူ့ ဖို့ ရတာနဲ့ တင်
မစားရက်မသောက်ရက်
အာဟာဓါတ်ချို့ တဲ့နေပုံများ
သူ့ အမေများမြမင်ရင်
ယုံချင်မှာတောင်မဟုတ်ဘူး
စာနာပေးကြပါဦးမလေးရှားဘ၀လေးတွေရယ်။
သူကြီးတစ်မျိုး
သေနတ်ထမ်းတဲ့လူတစ်မျိုးနဲ့ 
လက်မြှောက်အရှုံးပေးနေရတဲ့
ဒီလောကထဲက
သောက၊ဒုက္ခ၊ဗျာပါဒလေးတွေအား
  အိုး......အမေရယ်
အိပ်ရာဝင်ပုံပြင်ထဲမှာ
            ဘာလို့ များထည့်မပြောခဲ့တာလည်းဗျာ......။
                                                             အားလုံးကိုအစဉ်ခင်မင်လေးစားလျှက်
                                                                       yarzawinlilin
No comments:
Post a Comment