ကွဲအက်အက်နှလုံးသားကို
တစ်စစီမဖြစ်အောင်ထိန်းချုပ်ထားရင်း
ငါမျှော်လင့်နေပါတယ်......ကောင်မလေးရယ်♥♥ ♥♥ ♥။
ပေပွနေတဲ့ အခန်းလေးထဲမှာ
ဒဏ်ရာတွေဗလပွနဲ့ 
ရူးသွပ်စွာစိတ်ပျံ့ ရင်း
ငါမျှော်လင့်နေပါတယ်........ကောင်မလေးရယ် ♥♥ ♥♥ ♥။
အာရုံတက်တာတွေ
ညဥ့်နက်တာတွေ
အချိန်နာရီတွေ
နှစ်လပြက္ခဒိန်တွေ
အရာရာကိုငါမေ့ထားပြီး
မျှော်လင့်နေပါတယ်....ကောင်မလေးရယ်♥♥ ♥♥ ♥။
သံသယမျက်စောင်းလေး
နှစ်လိုဖွယ်အပြုံးလေး
စွဲလမ်းစေတဲ့
မင်းအနမ်းလေးတွေ
အိမ်မက်မှာယောင်ယောင်တမ်းတရင်း
ငါမျှော်လင့်နေပါတယ်......ကောင်မလေးရေ ♥♥ ♥♥ ♥
♥♥ ♥♥ ♥♥♥ ♥♥ ♥♥♥ ♥♥ ♥ အားလုံးကိုခင်မင်လေးစားတဲ့
No comments:
Post a Comment