မင်္ဂလာပါမိတ်ဆွေတတ်သလောက်လေးဖန်တီးမိသောကျတော့်အိမ်လေးသို့ လာလည်ပေးတာကျေးဇူးအထူးတင်ပါတယ်။နောင်လည်းလမ်းကြုံရင်ဝင်လာလည်ပါဦးနော်။

Friday 17 August 2012

ဟာသ

ယုံပါ........
    လူတစ်ယောက်ကသူ့သူငယ်ချင်းကို
ဆေးခန်းလိုက်ပို့ပြီး  ဆေးခန်းမှ ဆရာဝန်ကို...
"ဒီတစ်ခါစိတ်ဖောက်တာတော်တော်ကြမ်းတယ်  ဆရာ"
"ဟုတ်လား.....ဘာတွေလုပ်လဲ"
"သူ့ယောက္ခမကြီးကို ကျွန်တော့်မိကျောင်းကန်ထဲ
တွန်းချတယ်ဆရာ"
"'ဒါဆို ..ဘာဖြစ်သွားသေးလဲ"
"မိကျောင်းနှစ်ကောင်သေသွားတယ်ဆရာ"

  ချစ်စရာကောင်းသောချစ်သူ......
ချစ်သူနှစ်ယောက် အလွန်သာယာသော လယ်ကွင်းပြင်သို့
လက်တွဲလမ်းလျှောက်လာကြချိန်...လမ်းတွင်
နွားမကြီးကနွားလေးအားနမ်းနေသည်ကို
တွေ့သောအခါ ကောင်လေးကကောင်မလေးအားပြောလိုက်သည်...
"အချစ်ရယ်း..ကြည့်စမ်း ဟိုမှာ နွားမကြီးက
နွားလေးကိုနမ်းနေတာဘယ်လောက်အားကျစရာကောင်းလဲ
ကိုလဲအဲလိုနမ်းချင်လိုက်တာ"
ကောင်မလေးပြန်ပြောလိုက်သည်က
"မောင်နမ်းချင်ရင်သွားနမ်းလေ ချစ်ဒီကစောင့်နေမယ်" တဲ့ ဟီးးးးးးးးးးးးးးးးးယောက်ဖအခေါ်တွင်ကျယ်လိုက်ပုံမှာဖြင့်....
  သူငယ်ချင်းအချင်းချင်း ခင်မင်ကြလျှင်..
ယောက်ဖ..ယောက်ဖ ဆိုပြီး 
စနောက်ကာခေါ်ကြတာ ကလူငယ်တွေမှာတင်မဟုတ်
လူကြီးတချို့မှာပါ အကျင့်ပါနေကြလေရဲ့.ခုလဲကြည့်လေ
ဦးမြရဲ့အိမ်သို့ ဓားမြတွေဝင်တိုက်တယ်
ဓားမြဆိုတာကတော့ စ၀င်လာကတည်းက
ခပ်ကြမ်းကြမ်းဝင်တယ် ..ထုတယ် ၇ိုက်တယ်
ကန်တယ် ဆွဲလား ၇ုန်းလား လုပ်တဲ့အခါ ဦးမြ ပြောလိုက်ပုံက
" ယောက်ဖရယ်..ဖြေးဖြေးလုပ်ပါဟ  မင်းနှယ်အိမ်က
မိန်းမနဲ့ရန်ဖြစ်လာသလား အောက်မေ့ရတယ်ဟ  ယောက်ဖရ"....ဟူသတည်း....
ယောက်ဖမခေါ်ရဲတော့တဲ့ ကျွန်တော့် သူငယ်ချင်း...
  ယောက်ဖဆိုတဲ့ အသုံးအနှုန်းကိုအရမ်းကြိုက်တဲ့
 သူငယ်ချင်းတစ်ယောက်ကျတော်မှာရှိတယ်ဗျ...
တစ်နေ့ ကျွန်တော်လမ်းလျှောက်နေတုန်း...
"ဝေး....ယောက်ဖ..လာလေကွာ အအေးသောက်သွားဦး"
ဘယ်ရမလဲ ကျွန်တော်လည်းဆိုင်ထဲအားရ၀မ်း
းသာတဲ့ပုံနဲ့ပြေးဝင်သွားပြီး" အတော်ပဲသူငယ်ချင်းရာ
င့ါမှာလည်း ဘယ်သူမှမယူချင်တော့တဲ့ ငါ့အမအပျိုကြီးတစ်ယောက်ရှိတာ
မင်းလက်ထဲပဲ ထိုးထည့်ရတော့မှာပဲ "ဆိုပြီး ပေါက်ကရရှာထားတဲ့ ပုံတစ်ပုံထုတ်ပြပြီးအတည်ပေါက်နဲ့
အတင်းဝင်ပြောတော့သူငယ်ချင်းလည်း ခေါင်းကုတ်ပြီး ထွက်သွားလေတယ်...
အအေးဖိုးရှင်းဖိုတောင်မနည်းလှမ်းသတိပေးရသေးတယ်
ကျတော်အောင်မြင်တယ်ပဲပြော ရမလားပဲဗျ နောက်လမ်းမှာတွေ့ရင်
ယောက်ဖခေါ်ဖို့နေနေသာသာ ကျတော်ကိုမြင်တာနဲ့ အဝေးကြီးကရှောင်သွားတယ်
ခုဆိုနှုတ်တောင်မဆက်တော့ဘူး.. ဟင် !မှတ်ကလား ခေါ်ချင်ဦးဟဲ့  ယောက်ဖ..
  ည၀တ္ကအက်ၤီၤ
      ညားခါစလင်မယား မြေးအိမ်သို့ အဖွားဖြစ်သူအလည်သွားတယ်။
တံခါးရှေ့ရောက်တဲ့အခါ တံခါးကိုခေါက်တော့ အထဲကမြေးရဲ့မိန်းမက
ဘာအ၀တ်အစားမှ ၀တ်မထားပဲထွက်လာတာတွေ့တော့
အဖွား
         ဟဲ့ ဘာမှလည်းဝတ်မထားပဲ ဘာလုပ်နေတာတုန်း
မြေးမ
        ဒါက ဘာမှမပါတဲ့ည၀တ်အင်္ကျီလေအဖွားရဲ့
         ဒီလိုအင်္ကျီကို ကျမယောင်္ကျား ကတော့တော်တော်ကြိုက်တယ်လေ
အဖွားလည်းဘာမှမပြောတော့ပဲအိမ်ကိုပြန်လာတယ်
အိမ်ရောက်တော့ ရေချိုး အမွှေးနံ့သာတွေ ပက်ဖြန်းပြီး
အဖိုးကြီးရုံးပြန်အလာကိုစောင့်နေတယ်
တံခါးခေါက်သံလည်းကြားရော တံခါးကိုဖွင့်လိုက်တယ်
ဘာမှဝတ်မထားတဲ့ အဖွားကြီးကိုတွေ့တော့
 အဖိုးက
     နင့် ဘာမှလည်းဝတ်မထားပဲဘာလုပ်နေတာလည်း
  အဖွား
     ဒါကည၀တ်ဗလာအင်္ကျီလေ
 အဖိုး
    အော်....နင့်ည၀တ်အင်္ကျီကလည်း မီးပူထိုးသင့်နေပါပြီ
   တွန့်တဲ့နေရာတွေကလည်းတွန့်နေပြီ
    ဟိုမှာကြည့် ကြယ်သီးနှစ်လုံးကလည်း
    သူ့နေရာနဲ့သူ မရှိတော့ဘူး ပြင်သင့်နေပြီနော်...လို့ပြောလိုက်လေတယ်။

    

No comments:

Post a Comment