ရင်ခုန်နှုန်းမြှင့်မိတဲ့ ငါ့နှလုံးသားမှာ
သေရာပါဒဏ်ရာတွေနဲ့ 
သွေးအိုင်တွေစွန်းပေစေဦးတော့
သေချာတယ်........
မင်းကြောင့်မဟုတ်ဘူး။
ချစ်သူ.....
သံယောဇဉ်တိုးမိတဲ့ ငါ့ဘ၀မှာ
ရင်နာစရာကြေကွဲမှု့ တွေနဲ့ 
မျှော်လင့်ခြင်းတွေပျက်ယွင်းစေဦးတော့
သေချာတယ်..........
မင်းကြောင့်မဟုတ်ဘူး။
ချစ်သူ.........
အကြင်နာပိုမိတဲ့ ငါ့အချစ်ကို
နွမ်းညစ်စေစွန်းထင်းမှု့ တွေနဲ့ 
ကမ္ဘာတစ်ဖက်ခြမ်းမှာ မျက်ကွယ်ပြုထားရစ်စေဦးတော့
သေချာတယ်.....
ငါအပြစ်မမြင်ဘူး။
ချစ်သူ.........
ငါ့ဘ၀ကျောပြင်ထက်မှာ
နင်းလျှောက်လှမ်းဖို့ 
ငါ့နှလုံးသား၊ငါ့အတ္တကို
ပန်းခင်းလေးလိုလမ်းခင်းပေးရင်း
မင်းခြေဖ၀ါးနုနုကိုသွေးခြေမဥစေချင်သူပါ။
ဘ၀သောကအမောတွေပြေစေဖို့ 
ဖြစ်နိုင်ရင်......ငါ့အချစ်တွေကို
နတ်ဗိမ္မာန်နန်းထက်က
ရေကြည်စမ်းပမာဖန်ဆင်းရင်း
ကြာသွယ်ပန်းပမာ မင်းဘ၀ကို
ဘုံမြင့်နန်းထက်မှာ တင့်ဆန်းစေချင်သူပါ။
ချစ်သူရယ်.........
စေတနာတွေ ဒလဟောစီဆင်းနေတဲ့
ငါ့အချစ်စစ်မြစ်တစ်စင်းကို
ရေကာတာတွေအထပ်ထပ်ချရင်း
ငါ့နှလုံးသားကို အဆုံးစီရင်စေဦးတော့
တောင်ကွယ်နေဆွယ်မှာ
ခေါင်းငုံ့ ကာဒူးထောက်ထားရင်းနဲ့ တောင်
ငါဘယ်တော့မှအပြစ်မဆိုရက်ဘူး။
အားလုံးကိုခင်မင်လေးစားလျှက်
No comments:
Post a Comment