ဖြစ်မှထွက်ရလေတယ်
ခရမ်းချည်သီးတို့ ရယ်
ငှက်ကမတိုး
ကွင်းကတိုး
ကြက်ဖက၀ပ်
ကြက်မကတွန်ရတယ်လို့ ....
မိန်းမသားဘ၀မို့ 
ထိန်းရခက်လှပါရဲ့ဆိုပြီး
အချစ်တွေကို
နင်ဖွင့်ဟခဲ့တာမှတ်မိသေးလား......။
အဲဒီနေ့ က...
ငါ့မျက်နှာလေးမှာ
ရှက်သွေးလေးတွေဖြာလို့ ...
ပေကလပ်ပေကလပ်
မျက်လုံးလေးတွေနဲ့ 
ရှက်ပြုံးလေးတွေကြည့်ရင်း
ရင်တနင့်နင့်ချစ်ရတာပါဆို....။
ချစ်သက်တမ်းတလျှောက်
ငါ့လက်ဖ၀ါးနုနုလေးကိုကိုင်ရင်း
ငါ့ပါးပြင်၊ငါ့နှုတ်ခမ်း
မင်းနမ်းခွင့်ရတာ
နှစ်ခြိုက်လှပါရဲ့ဆို...။
မောင့်အပြုံး
မောင့်မျက်လုံးက
twilightမင်းသားထက်
စွဲအားပြင်းပါရဲ့ဆို....။
မောင်သာစွန့် သွားခဲ့ရင်
အရက်သောက်ပစ်မယ်
အဲမှားလို့ ....
အဆိပ်သောက်ပစ်မယ်
ငှက်ပျောတုံးနဲ့ နေမယ်ဆို...။
အဲဒီလို......
ဆို..ဆို..ဆိုတွေကြားထဲက
ကာရာအိုကေ
ခဏခဏသွား
မာဆတ်
ခဏခဏ၀င်
နင့်အထင်ငါကကျောက်ရုပ်ထင်နေရော့သလားဟယ်...။
ဆင်ခြင်စမ်းပါအမိရယ်
ငါကတကယ်ဆိုယောင်္ကျားသားပါ
ဆူးပေါ်ဖက်ကျရင်ပဲဖြစ်ဖြစ်
ဖက်ပေါ်ဆူးကျရင်ပဲဖြစ်ဖြစ်
တနင့်တပိုးနဲ့ 
ကျိုး(ရင်)ရမဲ့အဖြစ်ကိုတွေးကြောက်မိတာမို့ 
ရိုးရိုးလေးပဲလမ်းခွဲခဲ့ပါ
နင့်အချစ်ကိုငါကြောက်လွန်းလို့ ပါဟာ.......။ အဲဒါမျိုးဆိုသားသားချိတ်ညစ်တယ်ဟီးဟီးးးးးး
yarzawinlinlin
ခရမ်းချည်သီးတို့ ရယ်
ငှက်ကမတိုး
ကွင်းကတိုး
ကြက်ဖက၀ပ်
ကြက်မကတွန်ရတယ်လို့ ....
မိန်းမသားဘ၀မို့ 
ထိန်းရခက်လှပါရဲ့ဆိုပြီး
အချစ်တွေကို
နင်ဖွင့်ဟခဲ့တာမှတ်မိသေးလား......။
အဲဒီနေ့ က...
ငါ့မျက်နှာလေးမှာ
ရှက်သွေးလေးတွေဖြာလို့ ...
ပေကလပ်ပေကလပ်
မျက်လုံးလေးတွေနဲ့ 
ရှက်ပြုံးလေးတွေကြည့်ရင်း
ရင်တနင့်နင့်ချစ်ရတာပါဆို....။
ချစ်သက်တမ်းတလျှောက်
ငါ့လက်ဖ၀ါးနုနုလေးကိုကိုင်ရင်း
ငါ့ပါးပြင်၊ငါ့နှုတ်ခမ်း
မင်းနမ်းခွင့်ရတာ
နှစ်ခြိုက်လှပါရဲ့ဆို...။
မောင့်အပြုံး
မောင့်မျက်လုံးက
twilightမင်းသားထက်
စွဲအားပြင်းပါရဲ့ဆို....။
မောင်သာစွန့် သွားခဲ့ရင်
အရက်သောက်ပစ်မယ်
အဲမှားလို့ ....
အဆိပ်သောက်ပစ်မယ်
ငှက်ပျောတုံးနဲ့ နေမယ်ဆို...။
အဲဒီလို......
ဆို..ဆို..ဆိုတွေကြားထဲက
ကာရာအိုကေ
ခဏခဏသွား
မာဆတ်
ခဏခဏ၀င်
နင့်အထင်ငါကကျောက်ရုပ်ထင်နေရော့သလားဟယ်...။
ဆင်ခြင်စမ်းပါအမိရယ်
ငါကတကယ်ဆိုယောင်္ကျားသားပါ
ဆူးပေါ်ဖက်ကျရင်ပဲဖြစ်ဖြစ်
ဖက်ပေါ်ဆူးကျရင်ပဲဖြစ်ဖြစ်
တနင့်တပိုးနဲ့ 
ကျိုး(ရင်)ရမဲ့အဖြစ်ကိုတွေးကြောက်မိတာမို့ 
ရိုးရိုးလေးပဲလမ်းခွဲခဲ့ပါ
နင့်အချစ်ကိုငါကြောက်လွန်းလို့ ပါဟာ.......။ အဲဒါမျိုးဆိုသားသားချိတ်ညစ်တယ်ဟီးဟီးးးးးး
yarzawinlinlin
No comments:
Post a Comment