မင်္ဂလာပါမိတ်ဆွေတတ်သလောက်လေးဖန်တီးမိသောကျတော့်အိမ်လေးသို့ လာလည်ပေးတာကျေးဇူးအထူးတင်ပါတယ်။နောင်လည်းလမ်းကြုံရင်ဝင်လာလည်ပါဦးနော်။

Friday 17 August 2012

ဘ၀ဆိုတာအဲဒီလိုပဲ...ဟောဒီလိုနွှဲ

ဘ၀ကိုလက်တွေ့ ကျကျဖြတ်သန်း
ဆူးညှောင့်ခလုတ်  အရှုပ်တွေကျော်လွှား
သံယောဇဉ်ကို ဖမ်းဆုပ်
သာယာမှု့ တချို့ ကို အရယူ
သင့်.ဘ၀ကိုဥာဏ်နဲ့ကူ....။
သတိတွေအသိတွေထား
ကြိုးစားမူ့ ကို  ၀ီရိယနဲ့ဖေးမ
တွေးထားသမျှအစီစဉ်တကျ
ဘ၀ကိုထိန်းကျောင်းဖို့  မိမိကိုယ်တိုင်စဉ်းစား
ကိုယ်ထူးကိုယ်ချွန်သမားဖြစ်ဖို့ က အဓိက..။
ထင်ထားတာတွေဖြစ်မလာတဲ့အခါ
လက်မှိုင်ချငိုနေမဲ့အစား
အားသစ်တွေတင်းထား
ထိုက်သင့်သလောက်သာခံစား
ဘ၀ဆိုတာ.....
      ရှုံးတစ်လှည့်နိုင်တစ်လှည့် အဲဒါသတိထား.။
ကံဆိုးတည်းဟူသောသံပုရာကိုရရင်
ကံကောင်းတည်းဟူသော သံပုရာဖျော်ရည်ရအောင်ကြိုးစား
ငါတို့ဘ၀ဟာ ငါတို့ လက်ထဲမှာ
နိမ့်ချည်တစ်ခါ သာချည်တစ်လှည့်
လောကဓံကိုစိတ်မညစ်နဲ့ 
            ရှေ့ကိုသာချီတက်....။
ကဲ..သူငယ်ချင်းရေ
   ဘ၀ဆိုတာအဲလိုပဲ
  အရာရာကိုစိတ်ဓာတ်နဲ့တိုက်
  အငိုက်မှာဝင်မတိုက်စေနဲ့ 
  ပျော်ပျော်ကြီးရင်ဆိုင်ကဲ
  လက်မထောင်ထားကာအမြဲ
  ဟောဒီလို.....ဟောဒီလိုသာနွှဲ....။
 
                                                                                      

No comments:

Post a Comment