ပြတင်းပေါက်ကကြည့်ရတာ
မှုန်ဝါးဝါးနဲ့ မို့ 
အပြင်ကို ထွက်ကြည့် ကာမှ
လူတွေအကြောင်းကို
ပိုနားလည်ခဲ့ရပြီ....
သင်ခန်းစာတွေပြည့်လာတဲ့ ငါ့ဘဝ
အချစ်က
တစ်ဘ၀လုံးစာသိမ်းကြုံးယူ
အမှန်မမြင်နိုင်တဲ့လမ်းတွေမှာ
အမှားများစွာကို ရင်ဆိုင်ရင်း
ငါ့ရည်မှန်းချက်တွေတောင်
ပျောက်တဲ့အထိ
အချစ်နွံမှာစီးမျောမိခဲ့တယ်.....
အချိန်တွေကိုမေ့
အပြစ်တွေကိုလည်းဘေးဖယ်
နားလည်မှု့တစ်ချို့ နဲ့ အတူ
သံယောဇဉ်နှောင်ကြိုးတွေ
အထပ်ထပ်ရစ်ချည်ခဲ့ပေမဲ့
လောကဓံရိုက်ချက်တွေကြောင့်လား
ငါတို့ ရဲ့အမှားတွေကြောင့်လား
မရင့်ကျက်သေးခင်မှာပဲ
အပျံသင်စငှက်လေးတွေ
အတောင်ကျိုးပဲ့ခဲ့ရရှာတယ်....
ဟိုး...ကြာခဲ့ပြီအတိတ်ဆီကဝေဒနာ
နေသာတယ်ထင်ခဲ့ပေမဲ့
ရနံ့ မပျယ်သေးတဲ့ ချစ်ခြင်းတွေက
ဆူးနစ်နေငါ့နှလုံးသားမှာ
ယနေ့ တိုင်လွမ်းနေတတ်ခဲ့....
@@ 'ငါလည်းအချစ်ကိုပဲ
ကိုးကွယ်တယ်' @@@@@
သံယောဇဉ်တွေနောက်တစ်ဆင့်တက်
ငါ ချစ်ခဲ့မိတာ
မှားတယ်လို့ မယူခဲ့ဘူး...
မင်းဘက်ကအချစ်ကိုစတေး
ငွေကြေးနဲ့ သာသတ်မှတ်လည်း
ငါ့ဘက်ကဂရုမစိုက်ခဲ့ဘူး....
ကိုင်းဖျားမှာခဏလာနား
ငှက်ခါးလိုမင်းအဝေးပျံ
နင်းခြေခဲ့ သစ်ကိုင်းလိုငါ့ဘဝ
မင်းထားခဲ့ရင်ထားခဲ့နိုင်တယ်
မင်းတို့ အသိုင်းအ၀ိုင်း
ဓနနွံကြား
အတင်းဆွဲခေါ်ကာသွင်း
နဖားကြိုးတပ်ဖို့ တော့မစဉ်းစားလေနှင့်
မင်းကိုယ်ကရွှေထွက်နေပါစေ
အချစ်မရှိတဲ့ဘဝ
ငါပျော်ပိုက်မှာမဟုတ်
ငါ့ဘ၀ကအချစ်နဲ့ သာတစ်သားတည်း.........။
မှုန်ဝါးဝါးနဲ့ မို့ 
အပြင်ကို ထွက်ကြည့် ကာမှ
လူတွေအကြောင်းကို
ပိုနားလည်ခဲ့ရပြီ....
သင်ခန်းစာတွေပြည့်လာတဲ့ ငါ့ဘဝ
အချစ်က
တစ်ဘ၀လုံးစာသိမ်းကြုံးယူ
အမှန်မမြင်နိုင်တဲ့လမ်းတွေမှာ
အမှားများစွာကို ရင်ဆိုင်ရင်း
ငါ့ရည်မှန်းချက်တွေတောင်
ပျောက်တဲ့အထိ
အချစ်နွံမှာစီးမျောမိခဲ့တယ်.....
အချိန်တွေကိုမေ့
အပြစ်တွေကိုလည်းဘေးဖယ်
နားလည်မှု့တစ်ချို့ နဲ့ အတူ
သံယောဇဉ်နှောင်ကြိုးတွေ
အထပ်ထပ်ရစ်ချည်ခဲ့ပေမဲ့
လောကဓံရိုက်ချက်တွေကြောင့်လား
ငါတို့ ရဲ့အမှားတွေကြောင့်လား
မရင့်ကျက်သေးခင်မှာပဲ
အပျံသင်စငှက်လေးတွေ
အတောင်ကျိုးပဲ့ခဲ့ရရှာတယ်....
ဟိုး...ကြာခဲ့ပြီအတိတ်ဆီကဝေဒနာ
နေသာတယ်ထင်ခဲ့ပေမဲ့
ရနံ့ မပျယ်သေးတဲ့ ချစ်ခြင်းတွေက
ဆူးနစ်နေငါ့နှလုံးသားမှာ
ယနေ့ တိုင်လွမ်းနေတတ်ခဲ့....
@@ 'ငါလည်းအချစ်ကိုပဲ
ကိုးကွယ်တယ်' @@@@@
သံယောဇဉ်တွေနောက်တစ်ဆင့်တက်
ငါ ချစ်ခဲ့မိတာ
မှားတယ်လို့ မယူခဲ့ဘူး...
မင်းဘက်ကအချစ်ကိုစတေး
ငွေကြေးနဲ့ သာသတ်မှတ်လည်း
ငါ့ဘက်ကဂရုမစိုက်ခဲ့ဘူး....
ကိုင်းဖျားမှာခဏလာနား
ငှက်ခါးလိုမင်းအဝေးပျံ
နင်းခြေခဲ့ သစ်ကိုင်းလိုငါ့ဘဝ
မင်းထားခဲ့ရင်ထားခဲ့နိုင်တယ်
မင်းတို့ အသိုင်းအ၀ိုင်း
ဓနနွံကြား
အတင်းဆွဲခေါ်ကာသွင်း
နဖားကြိုးတပ်ဖို့ တော့မစဉ်းစားလေနှင့်
မင်းကိုယ်ကရွှေထွက်နေပါစေ
အချစ်မရှိတဲ့ဘဝ
ငါပျော်ပိုက်မှာမဟုတ်
ငါ့ဘ၀ကအချစ်နဲ့ သာတစ်သားတည်း.........။
No comments:
Post a Comment